ကုလလုံခြုံရေးကောင်စီ ချန်ထားရစ်သော ပဟေဠိ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်များအား လာရောက်တွေ့ဆုံနေသည့် ကုလလုံခြုံရေးကောင်စီ သံအမတ်ကြီးများအဖွဲ့ (ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး)

တစ်ကျော့ပြန် ရခိုင်ပြည် နယ်မြောက်ပိုင်း အကြမ်းဖက် တိုက်ခိုက်ခံရခြင်း၏ ရိုက်ခတ်မှုက  ယနေ့တိုင် ကြီးမားစွာ သက် ရောက်နေဆဲ ဖြစ်သည်ကို ကုလ သမဂ္ဂလုံခြုံရေးအဖွဲ့ဝင် နိုင်ငံများ မှ သံအမတ်ကြီးများ၏ ခရီးစဉ်က သက်သေပြနေသည်။

ကုလသမဂ္ဂနှင့် အနောက် နိုင်ငံများက မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများ မြင့်တက်နေချိန် တွင် အစိုးရက ကုလသမဂ္ဂနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင် ရွက်မည်ဟု သတင်းစကားပါး လိုက်သည်။

အထူးသဖြင့် ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီများနှင့် ရခိုင်ပြည်နယ်တွင် ထိတွေ့ဆောင် ရွက်ခြင်းဖြင့် ဒုက္ခသည်များ လုံခြုံ စွာ စိုးရိမ်ပူပန်မှုမရှိဘဲ ပြန်လည် ဝင်ရောက်နိုင်ရေးအတွက် အစိုးရ ၏ ဆောင်ရွက်ချက်များကို အ ထောက်အကူဖြစ်စေမည်ဟု နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က အဆိုပါ သံအမတ်ကြီးများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ရခိုင်အရေးနှင့် ဆက်စပ်၍  မြန်မာအစိုးရနှင့် တပ်မတော်ကို ပြစ်တင်ဝေဖန်ထားသည့် ကုလသ မဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများမှ သံအမတ်ကြီးများအား ပြည်ဝင်ခွင့် ပြုခြင်းအပေါ် အ တိုက်အခံပါတီနှင့် အမျိုးသားရေး အင်အားစုများက ဝေဖန်ကြသော် လည်း မြန်မာပြည်သို့ လာရောက် ခွင့်ပြု၍ လက်ခံတွေ့ဆုံခြင်းက အ ခွင့်အရေးတစ်ရပ်အဖြစ် ရှုမြင်သူ များလည်း ရှိသည်။

‘‘ကုလသမဂ္ဂအနေနဲ့ သူ့ဘာ သာ သီးခြားပြောဆိုနေတာထက် စာရင် ဒီလိုလာပြီးတွေ့တယ်၊ လာပြီးကြည့်တယ်ဆိုတာ ကျွန် တော်တို့တိုင်းပြည်အတွက် အခွင့် အရေးပါ။ တစ်ဖက်ပြောစကားနဲ့၊ တစ်ဖက်နားနဲ့ အကြားတွေနဲ့ ပြော ဆိုဆွေးနွေးနေကြတာဟာ အခြေ အနေအမှန်အပေါ် အခြေခံမှာ မဟုတ်ဘူး’’ ဟု မျက်မှောက်ရေး ရာ ဆောင်းပါးများရေးသားနေသူ ဦးသီဟသွေးက မှတ်ချက်ပြု သည်။

ကုလသမဂ္ဂလုံခြုံရေး ကောင်စီသည် မြန်မာနိုင်ငံသို့ လာရောက်ရန် ချက်ချင်းတောင်းဆို၍ ရခဲ့ သော အခွင့်အရေးမဟုတ်ပေ။ ယခုနှစ် ဖေဖော်ဝါရီလဆန်းတွင် ကူဝိတ်သံအမတ်ကြီးဦးဆောင်၍ မြန်မာနိုင်ငံသို့ လာရောက်ရန် တောင်းဆိုခဲ့သော်လည်း မြန်မာ အစိုးရက လုံခြုံရေးအခြေအနေအ ရ လာရောက်ရန် မသင့်သေးဆို ကာ ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။

ယင်းသို့ ရွှေ့ဆိုင်းပြီး နှစ်လ ခန့်အကြာတွင် မြန်မာအစိုးရက လာရောက်ခွင့်ပြုခဲ့ကာ ကုလလုံ ခြုံရေးအဖွဲ့ဝင် နိုင်ငံများမှ သံအ မတ်ကြီးများသည် မြန်မာနိုင်ငံခရီး စဉ်မတိုင်မီ ဘင်္ဂလားဒေ့ရှ်သို့ သွား ရောက်ခဲ့သည်။

သံအမတ်ကြီးများသည် ဘင်္ဂ လားဒေ့ရှ်တွင် ဘင်္ဂါလီဒုက္ခသည် စခန်းများတည်ရှိရာ ကော့ဘဇား သို့ သွားရောက်ပြီး ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့် တွေ့ဆုံခဲ့ သည်။ ဒုက္ခသည်များကို အမြန် ဆုံးပြန်လည်လက်ခံရန် မြန်မာအ စိုးရအား ဖိအားပေးရန် ရှိတ်ဟာ ဆီနာက သံအမတ်ကြီးများထံ တောင်းဆိုခဲ့သည်ဟု ဒါကာအခြေ စိုက် သတင်းဌာနများက ဖော်ပြ သည်။

ဘင်္ဂလားဒေ့ရှ်မှတစ်ဆင့် သံ အမတ်ကြီးများသည် ဧပြီ ၃၀ ရက် တွင် နေပြည်တော်သို့ ရောက်ရှိပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုး ရအဖွဲ့ဝင်များအား သွားရောက် တွေ့ဆုံခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံရာတွင် အဆင် ပြေချောမွေ့သော်လည်း ညပိုင်း၌ အစိုးရအဖွဲ့ဝင်များနှင့် ထပ်မံတွေ့ ဆုံရာ သံအမတ်ကြီးများက ဆွေး နွေးမှု မပြီးဆုံးမီ ထပြန်မည်ပြုခဲ့ ကြောင်း ယင်းဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

လူမှုဝန်ထမ်း၊  ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင် ပြည်နယ်အရေးနှင့် ပတ်သက်၍ မြန်မာအစိုးရက ဆောင်ရွက်အ ကောင်အထည်ဖော်နေမှုများကို ရှင်းလင်းပြောကြားနေစဉ် ထပြန် ရန် ဟန်ပြင်ခဲ့သော အပြုအမူများ ကြောင့် ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီး များအပေါ် ဝေဖန်မှုများရှိခဲ့သည်။

‘‘တစ်ယောက်ချင်းပြောတဲ့ အချိန်မှာ ဟိုဘက် (ဘင်္ဂလားဒေ့ရှ်) ကို ပိုအလေးပေးတဲ့သဘော၊ ပိုစာ နာတဲ့သဘော တွေ့ရတယ်’’ ဟု သံအမတ်ကြီးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက မှတ် ချက်ပြုသည်။

ထို့အတွက် ကုလလုံခြုံရေး ကောင်စီ အဖွဲ့ဝင် သံအမတ်ကြီး များ၏ ခရီးစဉ်သည် မြန်မာနိုင်ငံ အပေါ် အထောက်အကူပြုမည် လား၊ သို့တည်းမဟုတ် ပိုမိုရှုပ် ထွေးစေမည်လား ဆိုသည်မှာ ပဟေဠိတစ်ခု ဖြစ်လာသည်။

ကုလသမဂ္ဂလုံခြုံရေးကောင် စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံနှင့် အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံ စုစု ပေါင်း အဖွဲ့ဝင် ၁၅ နိုင်ငံကြားတွင် ပင် အမြင်မတူညီမှုများ ရှိနေသ ဖြင့် ၎င်းတို့၏ ခရီးစဉ်သည် အ ထောက်အကူပြုမည်လား၊ ပိုမိုရှုပ် ထွေးမည်လားဆိုသည်ကို မှတ် ချက်ပြုရန် အချိန်စောနေသေး ကြောင်း နိုင်ငံတော်အတိုင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မှတ်ချက်ပြုသည်။

‘‘ပိုကောင်းလာမလား၊ ပိုဆိုး လာမလားဆိုတာကိုတော့ စောင့် ကြည့်ဖို့ လိုပါဦးမယ်’’ ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းအ ရေးကို ပြဿနာဖြစ်စေရန် စတင် ဖန်တီးခဲ့သော ARSA အကြမ်းဖက် အဖွဲ့၏ အခန်းကဏ္ဍသည် နိုင်ငံ  တကာ စာမျက်နှာတွင် ပျောက်ဆုံး နေပြီး ယခုခရီးစဉ်၌ ARSA ၏ အစပြုမှုကြောင့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာမည်ကို သံ အမတ်ကြီးအချို့ သိရှိနားလည် သွားခြင်းက အလားအလာ ကောင်းဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

သံအမတ်ကြီးများ၏ မြန်မာ နိုင်ငံခရီးစဉ်အတွင်း အစိုးရတာ ဝန်ရှိသူများ နားလည်စေရေး ပြော ဆိုနိုင်ရန် လိုအပ်ပြီး အထိုက်အ လျောက် ပြန်လည်ဖြေရှင်းနိုင်ပါက တစ်ဖက်သတ်ပြောဆိုမှုကြောင့် အရမ်းကာရော လုပ်ဆောင်နေ ခြင်းများ ရပ်တန့်သွားနိုင်ကြောင်း ဦးသီဟသွေးက သုံးသပ်သည်။


တပ်မတော်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံနေသော ကုလလုံခြုံရေးကောင်စီ သံအမတ်ကြီးများအဖွဲ့ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ကုလသမဂ္ဂလုံခြုံရေးကောင် စီ၏ ခရီးစဉ်နှင့် ဆက်စပ်၍ မြန်မာ နိုင်ငံကို ICC (နိုင်ငံတကာရာဇဝတ် မှု တရားရုံး) တင်ရန် အခြေအနေ ရှိ၊ မရှိအပေါ် ပြည်တွင်း၌ စိုးရိမ်မှု ရှိနေသော်လည်း နိုင်ငံရေးအကဲ ခတ်အချို့က ICC တင်ရန် မဖြစ် နိုင်သေးကြောင်း ရှုမြင်သည်။

ခရီးစဉ်အတွင်း ဗြိတိန်သံအ မတ်ကြီး ကာရန်ပီးယာ့စ်က ICC နှင့်ပတ်သက်၍ မတင်မကျ မှတ် ချက်တစ်ခုပြုထားသည်။

‘‘အခြေခံကျကျလုပ်ဆောင် နိုင်မယ့် နည်းလမ်းနှစ်ရပ်ရှိပါ တယ်။ ပထမတစ်နည်းက နိုင်ငံ တကာရာဇ၀တ်မှုတရားရုံး (ICC) ကို လွှဲအပ်ဖို့ပါ။ ဒုတိယကတော့ မြန်မာအစိုးရကိုယ်တိုင် အဲဒါကို လုပ်ဆောင်ဖို့ပါ’’

သို့သော် မြန်မာအစိုးရသည် ပထမနည်းလမ်းဖြစ်သည့် ICC ကို တိုက်ရိုက်လွှဲအပ်သည့်နည်းလမ်း ကို လက်ခံမည်မဟုတ်ဘဲ ဒုတိယ နည်းလမ်းဖြစ်သည့် မိမိကိုယ်တိုင် စုံစမ်းစစ်ဆေးရေးဆောင်ရွက်မည့် နည်းလမ်းကို ရွေးချယ်လိမ့်မည် ဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူဦးတင် မောင်သန်းက သုံးသပ်သည်။

‘‘အစိုးရကပြောနေတာရော၊ တပ်မတော်ကပြောနေတာရောက အထောက်အထားရှိရင်ပြော အ ရေးယူမယ်။ လက်ရှိလည်း အရေး ယူနေတယ်။ ဒီလိုလုပ်နေတဲ့အ တွက် ICC ကိုသွားစရာအ ကြောင်းမရှိဘူး’’ဟု ဆောင်းပါးရှင် ဦးသီဟသွေးက မှတ်ချက်ပြု သည်။

ထို့အပြင် နိုင်ငံတော်သမ္မတ ရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက လည်း မြန်မာနိုင်ငံသည် ICC အ ဖွဲ့ဝင်မဟုတ်သဖြင့် မြန်မာနိုင်ငံအ ပေါ် ICC ကအရေးယူ၍မရ ကြောင်း ပြောကြားသည်။ ထို့အ ပြင် ၁၉၆၉ UN Vienna Convention on International Treaties တွင်လက်မှတ်ထိုး၊ အတည် ပြုခြင်းမရှိသည့်နိုင်ငံကို မည်သည့် သဘောတူစာချုပ်ကမျှ အကျိုး သက်ရောက်မှုမရှိနိုင်ဟု အတိအ လင်းဖော်ပြထားကြောင်း ဦးဇော် ဌေးက ရှင်းပြသည်။

‘‘ICC ဆိုတာက မြန်မာနိုင်ငံ က Accountability မရှိလို့ လုပ်ရ မယ်ဆိုတဲ့ သဘောလို့နားလည် တယ်။ ဒီတော့ မြန်မာနိုင်ငံက တာဝန်ခံ၊ တာဝန်ယူမှုအပြည့်နဲ့ ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ပေးစေချင်တယ်။ လုပ်ပေးဖို့ လည်း ပြောထားပြီးသားဖြစ်တယ်။ ဒီလိုလုပ်နိုင်အောင် အထောက်အ ထားတွေ၊ အချက်အလက်တွေ ခိုင်ခိုင်မာမာနဲ့ဘယ်တုန်းက ဘယ် နေရာမှာ ဘယ်လိုဖြစ်တယ်၊ သက်သေဘယ်သူတွေရှိတယ်။ ဒါ မျိုးတိတိကျကျနဲ့ရှင်းရှင်းလင်း လင်းဖြစ်အောင် စစ်ဆေးနိုင်မယ်။ အခုထပ်ပြီးတော့ တိတိကျကျ ပြောချင်တာက အဓမ္မပြုကျင့်ခံရ တယ်ဆိုရင် အမှုဖွင့်နိုင်အောင် လုပ်ပေးမယ်။ တိတိကျကျ ခိုင်ခိုင် မာမာတိုင်ချက်ဖွင့်ပါ။ သူ့လုံခြုံ ရေးအားလုံးတာဝန်ယူအာမခံ တယ်ဆိုတာကို ထပ်ပြီးပြောချင် ပါတယ်’’ ဟု နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

လက်ရှိအချိန်အထိ ကုလ သမဂ္ဂလုံခြုံရေးကောင်စီသည် မြန် မာနိုင်ငံနှင့်ပတ်သက်၍ ဆုံးဖြတ် ချက်တစ်စုံတစ်ရာချမှတ်ခြင်းမရှိ သော်လည်း အဆိုပါသံအမတ်ကြီး များ၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ် သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက ထုတ်ပြန်ချက်တစ် စောင်နှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးကထုတ်ပြန်ချက် ရှည်ကြီးတစ်စောင်ကို ထုတ် ပြန်ထားသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရ သည် ကုသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှုင့် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UN HCR) နှင့် နားလည်မှုစာချွန်လွှာ တစ်ရပ်လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးနေကြောင်းနှင့်အဖွဲ့အ စည်းများသည် သက်ဆိုင်ရာဝန် ကြီးများနှင့် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုကူညီထောက် ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပြည်နယ်ရှိ လူထုအားလုံးအတွက် ပူးပေါင်း ဆောင်ရွက်ရန် သင့်လျော်သည့် အချိန်ရောက်ပြီဟု ယုံကြည် ကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင် စီသံအမတ်ကြီးများ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ယေဘုယျအားဖြင့် သဘောတူညီပြီးဆောင်ရွက်သည့် အခြေအနေများရှိသည်ဟု နိုင်ငံ ရေးအကဲခတ်အချို့က ယူဆ သည်။

သို့သော် ကုလလုံခြုံရေး ကောင်စီသည် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို စောင့် ကြည့်မည်ဖြစ်ပြီး ၎င်းတို့ဘ၀င်ကျ မှုမရှိပါက ဆက်လက်ဖိအားပေး လာနိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူဦးတင် မောင်သန်းက မှတ်ချက်ပြုသည်။

‘‘အဲဒီတော့ မြန်မာနိုင်ငံက ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ယေဘုယျအားဖြင့် ဖိအားလာပြီဆိုရင်တော့ တရုတ် နဲ့ရုရှားဘယ်လိုပဲ ဗီတိုအာဏာပေး ပေး။ စစ်အစိုးရလက်ထက်နဲ့အ တွေ့အကြုံနဲ့ပြောမယ်ဆိုရင် စစ် အစိုးရလက်ထက်လောက် မကြုံ ရဘူးဆိုရင်တောင် တစ်ဝက်မက တော့ ဖိအားပြင်းလိမ့်မယ်လို့ မှန်း ဆကြည့်ရတာပေါ့’’ ဟု ၎င်းကသုံး သပ်သည်။

နေပြည်တော်၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က သံအ မတ်ကြီးများကို လက်ခံတွေ့ဆုံရာ တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ခံရမှုဖြစ်စဉ်အသေး စိတ်ကို ရှင်းလင်းခဲ့ပြီးပြစ်မှုကျူး လွန်ခဲ့သည့် အရာရှိများနှင့် တပ် မတော်သားများအပေါ် အရေးယူ ထားသည့်အခြေအနေကို ထည့် သွင်းပြောကြားသည်။

၂၀၁၇ ဩဂုတ်ကဖြစ်ပွားခဲ့ သည့် မောင်တောဒေသအကြမ်း ဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်များ တွင် အကြမ်းဖက်တိုက်ခိုက်သူများ က အနည်းဆုံးအင်အား ခြောက် ထောင်မှ တစ်သောင်းကြားပါဝင် ပြီး မြန်မာ့တပ်မတော်က အင် အားတစ်ထောင်ကျော်နှစ်ထောင် ထက်ပိုမိုသုံးစွဲခြင်း မရှိကြောင်း ဗြိတိန်သံအမတ်ကြီးကာရန်ပီး ယာ့စ်၏ မေးမြန်းမှုကို ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ဖြေ ကြားသည်။

တပ်မတော်မှ အရေးယူ ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက် ၍ ပြီးခဲ့သည့် ငါးနှစ်အတွင်းပြစ်မှု ကျူးလွန်သည့် တပ်မမှူးတစ်ဦး အပါအ၀င် တပ်မတော်သားများ ကို ထောင်ဒဏ်ငါးနှစ်ချမှတ်သည့် ဖြစ်စဉ်၊ ထောင်ဒဏ် ၂ နှစ်ချမှတ် သည့်ဖြစ်စဉ်၊ ထောင်ဒဏ် ၁၀ နှစ် ချမှတ်သည့်ဖြစ်စဉ်၊ ထောင်ဒဏ် တစ်နှစ်ချမှတ်သည့်ဖြစ်စဉ်၊ နောက် ဆုံးရခိုင်ပြည်နယ်အင်းဒင်၌ ဖြစ် ပွားခဲ့သည့် လူသတ်မှုကြောင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်သည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း ၎င်းကဆို သည်။

ယင်းဖြစ်စဉ်များကို ကြည့်ပါ က တပ်မတော်သည် ပြစ်မှုကျူး လွန်သူများအား ခွင့်လွှတ်ပေးခြင်း မရှိသည်ကို ဖော်ပြနေကြောင်း တပ်ချုပ်က ပြောကြားသည်။ ယင်းသို့ တပ်မတော်၏ဆောင် ရွက်ချက်များကို သတင်းထုတ်ပြန် ပေးသော်လည်း ယင်းသတင်းများ နိုင်ငံတကာသို့ရောက်ရှိချိန်၌ သ တင်းအမှားများဖြစ်နေသည်ကို တွေ့ရကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ပြောသည်။

တပ်မတော်အနေဖြင့် လို အပ်သည့် စုံစမ်းစစ်ဆေးမှုများကို ပြည်တွင်း၌ပင် ပြုလုပ်ထားပြီးဖြစ် ၍ လုံလောက်ပြီဟုယူဆကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သံအမတ်ကြီးများအား ပြောကြားခဲ့သည်ဟု ကာကွယ်ရေး ဦး စီးချုပ်ရုံးထုတ်ပြန်ချက်တွင် ဖော် ပြသည်။

သို့ရာတွင် ကုလသမဂ္ဂအပါ အ၀င် နိုင်ငံတကာက လူ့အခွင့်အ ရေးရှုထောင့်မှချဉ်းကပ်ပြီး မြန်မာ နိုင်ငံက အချုပ်အခြာအာဏာနှင့် အမျိုးသားရေးရှုထောင့်မှ ချဉ်း ကပ်သဖြင့် ချဉ်းကပ်ပုံကွဲလွဲနေ ကြောင်း ဦးတင်မောင်သန်းက သုံး သပ်သည်။

ကမ္ဘာကလူမျိုးရေးခွဲခြားမှု ကို လုံးဝလက်မခံသည့်အခြေအ နေကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နားလည်ကြောင်းနှင့် နောက်ဆက် တွဲဖြစ်လာနိုင်သည့်ပမာဏကို လည်း သိရှိမည်ဟု ယူဆကြောင်း ၎င်းကမှတ်ချက်ပြုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင် စီ၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ရခိုင် ပြည်နယ်အရေးကိစ္စကို လျှော့ပေါ့ မတွက်ရန် ဦးတင်မောင်သန်းက အောက်ပါအတိုင်း အကြံပြုလေ သည်။

‘‘သိပ်တော့ ပေါ့မတွက်နဲ့ ပေါ့။ ဘာလို့လဲဆိုတော့ တရုတ်နဲ့ ရုရှားက ဘယ်လိုပဲကာကာအရင်  အစိုးရလက်ထက်တုန်းကလည်း ကာပေးတာပဲလေ။ ဒါပေမဲ့တိုင်း ပြည်က စုတ်ပြတ်သွားတာပြင်း တယ်’’

More in News Section