အဋ္ဌမတန်းအောင်မြင်ထားသူများ တက်ရောက်နိုင်မည့် အစိုးရနည်းပညာ အထက်တန်းကျောင်း သင်တန်းဝင်ခွင့်ခေါ်ယူ

အခြေခံပညာအဋ္ဌမတန်းအောင်မြင်ထားသူများ အစိုးရနည်းပညာသင်တန်းကျောင်းသို့ တက်ရောက်နိုင်မည်။ (ဓာတ်ပုံ − နစ်ကီ)

အစိုးရ နည်းပညာအထက်တန်း ကျောင်း ၃၅ ကျောင်းတွင် ဖွင့်လှစ်မည့် နည်းပညာသင်တန်းများအ တွက် အဋ္ဌမတန်းအောင်မြင်ထား သူများ ဝင်ခွင့်လျှောက်ထားတက် ရောက်နိုင်ကြောင်း ပညာရေးဝန် ကြီးဌာနက မေလ ၄ ရက်တွင် ကြေညာသည်။

အဆောက်အအုံနည်းပ ညာ၊အီလက်ထရွန်နစ်နည်းပညာ၊ လျှပ်စစ်နည်းပညာ၊ မော်တော်ယာဉ်နည်းပညာ၊ စက်ပစ္စည်းအစိတ်အ ပိုင်းများ ထုတ်လုပ်မှုနည်းပညာ၊ ရေခဲသေတ္တာနှင့် လေအေးပေးစက်နည်းပညာ၊ သတ္တုပစ္စည်း ထုတ်လုပ်မှုနည်းပညာ၊ သုတနည်းပညာသင်တန်းများကို အစိုးရနည်းပညာ အထက်တန်းကျောင်းများ တွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလ ၂ နှစ် တက် ရောက်ရမည်ဖြစ်သည်။

‘‘ရှစ်တန်းအောင်မြင်ထားရင် THS (အစိုးရနည်းပညာအထက် တန်းကျောင်း) တက်ခွင့်ပြုထားပါ တယ်။ သင်တန်း ၂ နှစ်တက်ပြီးထူးချွန်ရင် A.G.T.I ဆက်တက်နိုင် တယ်။ A.G.T.I မှာ ထူးချွန်ရင် နည်းပညာတက္ကသိုလ်အထိ ဆက်သွားနိုင်တဲ့ အခွင့်အလမ်းတွေ ပေးထားပါတယ်’’ ဟု နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးတစ်ဦးက ရှင်းပြသည်။

အစိုးရ နည်းပညာအထက် တန်းကျောင်းများတွင် သင်ကြား သည့် နည်းပညာဘာသာရပ်ရှစ်ခု အနက် တစ်ခုကို ကျောင်းသား၊ ကျောင်းသူက ရွေးချယ်သင်ယူနိုင် ပြီး သင်တန်း ဒုတိယနှစ်မအောင် မြင်ပါက တက္ကသိုလ်ဝင်စာမေးပွဲ ကို ပြင်ပဖြေဆိုနိုင်သည်ဟု ပညာ ရေးဝန်ကြီးဌာနက ကြေညာထား သည်။

သင်တန်းဝင်ခွင့် လျှောက် လွှာများကို အစိုးရနည်းပညာအ ထက်တန်းကျောင်းများတွင် မေ လ ၇ ရက်မှ ၂၂ ရက်အထိ လျှောက်ထားရမည်ဖြစ်သည်။

သင်တန်းတက်ရောက်မည့် သူသည် နည်းပညာနှင့် သက်မွေး လုပ်ငန်းသဘောနှင့် လိုက်လျော ညီထွေဖြစ်ရမည့်အပြင် ကျန်းမာ ရေးကောင်းမွန်ပြီး လက်တွေ့လုပ် ငန်းနှင့်စက်ရုံ၊ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်ရမည် ဟု သတ်မှတ်ထားသည်။

အစိုးရ နည်းပညာအထက် တန်းကျောင်း တက်ရောက်ခွင့်ရ သူများကို အစိုးရက တစ်လလျှင် ကျပ်သုံးသောင်း သင်တန်းကြေး ထောက်ပံ့မည်ဟု ပညာရေးဝန် ကြီးဌာနက ကြေညာထားသည်။

အစိုးရနည်းပညာအထက် တန်းကျောင်းများကို ပူတာအို၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော်၊ ဘားအံ၊ မင်းတပ်၊ တီးတိန်၊ မော် လမြိုင်၊ စစ်တွေ၊ လားရှိုး၊ တောင် ကြီး၊ ပင်လုံ၊ ကျိုင်းတုံ၊ ပင်းပက်၊ ရွာမ၊ လက်ခုပ်ကုန်း၊ ကျောက် ဆည်၊ မိတ္ထီလာ၊ မြင်းခြံ၊ မန္တလေး၊ နေပြည်တော်၊ ခန္တီး၊ ကလေး၊ မုံရွာ၊ ချောင်းဦး၊ ပခုက္ကူ၊ မကွေး၊ ပြည်၊ တောင်ငူ၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့တို့တွင် ဖွင့်လှစ်ထား သည်။