လွမ်းမောရသည့် ထန်းတောများ

(တစ်)

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ကြီးအလွန်နောက်တစ်ရက်မေလ  ၃ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အတွင်းသို့ လူတချို့အပြေးအ လွှားရောက်လာပါသည်။ သူတို့ မြတ်နိုးရသည့်အရာတစ်ခု မုန် တိုင်းထဲမှာ ပြိုလဲသွားခဲ့လေပြီလား ဟူသည့် ပူပန်သောကနှင့်ဖြစ်ပါ သည်။ ထိုအရာက မယိမ်းမယိုင် ကြံ့ကြံ့ခံကာ မပြိုမလဲမားမား မတ်မတ်ရှိနေဆဲဟု မျက်စိဖြင့် တပ်အပ်သေချာမြင်တွေ့လိုက်ရ လေသောအခါတွင်မှ ထိုသူတို့ပြုံး ပြုံးရွှင်ရွှင်ဖြင့်ကျေနပ်ခြင်းတရား တို့က မျက်နှာပေါ်မှာ ယှက်သန်း ၍သွားပါသည်။

သူတို့အပြေးအလွှားလာ ကြည့်သည့်အရာက အခြား မဟုတ်။ သစ်ပင်။ ရန်ကုန်တက္က သိုလ်၏အထင်ကရအမှတ်အ သား သစ်ပုပ်ပင်ကြီး။ ပန်းချီကား ပေါ်က သစ်ပုပ်ပင်။ ကဗျာထဲက သစ်ပုပ်ပင်။ ၀တ္ထုထဲက သစ်ပုပ် ပင်။ သီချင်းထဲက သစ်ပုပ်ပင်။ ရုပ်ရှင်ထဲက သစ်ပုပ်ပင်။

Sentimental Value ခေါ်လူ တို့ အမြတ်တနိုးတန်ဖိုးထားလေ့ရှိ ရာ အရာဝတ္ထုများထဲ၌ သစ်ပင်တို့ လည်းပါဝင်ပါသည်။

နောင်ပွင့်လတ္တံ့သော အရိ မေတ္တယျဘုရားရှင်သည် ကံ့ကော် ပင်အောက်တွင် ဘုရားအဖြစ်သို့ ရောက်အံ့ဟု ဆို၏။ ထို့ကြောင့် ယုံကြည်သက်ဝင်သူတို့က ကံ့ ကော်ပင်ကို အမြတ်တနိုးစိုက်ပျိုး ကြသည်။ ပွင့်ခဲ့ပြီးသော ဂေါတမ မြတ်စွာဘုရားသည် သောတ္ထိယဟူ သည့် မြက်ထမ်းသမားပေးလှူ သည့် မြက်ပလ္လင်ပေါ်၌ ထိုင် တော်မူကာ ဗောဓိညောင်ပင် အောက်တွင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည့်အတွက် ယုံ ကြည်သက်ဝင်သူတို့ ဗောဓိ ညောင်ပင်ကို အမြတ်တနိုးပြုစု စောင့်ရှောက်ကြသည်။

ဗုဒ္ဓယဉ်ကျေးမှုနှင့် ရင်းနှီးသူ တို့က သစ်ပင်ကြီးခုနစ်ပင်ကို သိပါသည်။ လေးကျွန်းတစ်မြင်း မိုရ် အယူအဆအရ အရှေ့ကျွန်း၌ ကုက္ကိုပင်၊ အနောက်ကျွန်း၌ ထိန် ပင်၊ တောင်ကျွန်း၌ သပြေပင်၊ မြောက်ကျွန်း၌ ပဒေသာပင်၊ အ သူရာပြည်၌ သခွတ်ပင်။ တာဝတိံ သာ၌ ကသစ်ပင်၊ ဂဠုန်ပြည်၌ လက်ပံပင်တို့ပေါက်ကြောင်းဆို လေရာ ယင်းတို့က မိရိုးဖလာယုံ ကြည်သက်ဝင်မှုများနှင့် ဆက် နွှယ်ပါသည်။

လူတစ်ယောက်ချင်း၊ ဒေသ တစ်ခုချင်းကလည်း သစ်ပင်တို့ကို အကြောင်းအမျိုးမျိုးဖြင့် မြတ်နိုး တွယ်တာလေ့ ရှိစမြဲပင်ဖြစ်ပါ သည်။ ချစ်သောသူတစ်ယောက် နှင့် ပတ်သက်ဆက်နွှယ်ခဲ့သဖြင့် ပုန်းညက်ပင်ကြီးကို ချစ်သည်။ ငယ်သူငယ်ချင်းတို့ စုဝေးတွေ့ဆုံ လေ့ရှိရာနေရာ၌ရှိသဖြင့် မဟော် ဂနီပင်ကြီးကိုချစ်သည်။ အညာ၏ သင်္ကေတဖြစ်သဖြင့် ထနောင်းပင် ကိုချစ်သည်။ တမာပင်ကိုချစ် သည်။ ချင်းတောင်၏ သင်္ကေတ ဖြစ်သဖြင့် တောင်ဇလပ်ပင်ကို ချစ်သည်။

ဩော်...သစ်ပင်ဆိုသည်မှာ နှလုံးသားထဲ၌ပါ လာရောက်ရှင် သန်ကာ မြတ်နိုးဖွယ်ရာဝေဒနာကို ပေးသည့်အရာဝတ္ထုမဟုတ်ပါ လား။

(နှစ်)

ထန်းပင်ကြီးတွေ ရှည်ရှည်

ပေပင်ကြီးတွေ မတ်မတ်

မလေးနေတဲ့အရပ်...တဲ့။

ကဗျာဆရာကြီးတင်မိုးက ဖြင့် သူ့လက်လှမ်းတစ်မီက အညာ ဒေသ၀န်းကျင်ကို သည်လိုပဲကဗျာ ထဲ၌ ထည့်သွင်းစပ်ဆိုခဲ့ဖူးပါ သည်။

မှန်ပါသည်။ အညာက ထ နောင်းနှင့် တမာမျှသာမဟုတ်။ ထန်းတို့၊ ပေတို့ကပါ လွမ်းဖို့စေ လာသည့်အရပ် ဖြစ်ပါသည်။ ကျောက်ပန်းတောင်း၊ ပုဂံ၊ပခုက္ကူ၊ ရေစကြို၊ မလှိုင်၊ တောင်သာ၊ မြင်းခြံစသဖြင့် အညာမြင်ကွင်းက လေယာဉ်ပေါ်ကပဲ ငုံ့ကြည့်ကြည့်၊ ကားပြတင်း၊ ရထားပြတင်းကပဲ ဖြတ်ကြည့်ကြည့် မလှုပ်မယှက် တန်းစီကာရပ်နေသည့် ထန်းပင်၊ ပေပင်တို့က မမြင်ချင်အဆုံးပဲဖြစ် ပါသည်။

တချို့မြူအိုးကလေးတွေ ချိတ်လျက်။ တချို့ရင်းထောင်ရင်း ဆွဲတိုးလိုးတွဲလဲနှင့်။ မိုးကလေး တစ်ပေါက်နှစ်ပေါက် မဆိုစ လောက်ပဲ သောက်ရသည့်တိုင် အညာနွေ ပူ ပုံကြမ်းကြမ်းကြီးထဲမှာ သူတို့အရွက်ကားကားကြီးတွေက စိမ်းလန်းလျက်။

ယခုထိုထန်းပင်တို့ကို ခုတ် လှဲကာ တစ်ပင်ငါးထောင်၊ တစ် သောင်းဖြင့်ရောင်းပစ်ဖို့ ကိစ္စများ အညာဘက်ဆီက သတင်းထွက် လာသောအခါ အံ့ဩသွားပါ သည်။ ရမည့်ငွေကြေးက ဘ၀ကို သိသိသာသာအချိုးအကွေ့ဖြစ် သွားလောက်အောင်များပြားပေါ လျှံနေ၍ဆိုလျှင်လည်း ထားလိုက် ပါတော့။ ငါးထောင်တဲ့။ တစ် သောင်းတဲ့။ ထမင်းတစ်ဝိုင်းစာဖိုး ပင်လျှင် ကောင်းကောင်းမရှိ။ နှစ် ပေါင်းသုံး၊ လေးဆယ်အရိပ်တ ကြည့်ကြည့်မွေးခဲ့ရသည့် ထန်း တစ်ပင်၏ ပေါက်ဈေး။

(သုံး)

ယောတို့၊ ဆောတို့ဘက်သို့ သွားကြသည့်အခါ ထိုအရပ်က ပေပင်ပေါသည့် ဒေသဖြစ်လေရာ ပေပင်ကြီးများနှင့်အတူ ပေသီး တွေကိုပါ ခုတ်လှဲရောင်းချနေ သည့် မြင်ကွင်းများကိုတွေ့ဖူးပါ သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များ ၀န်းကျင်က ထနောင်းပင်များ၊ တမာပင်များ၊ ညောင်ပင်များကို အောက်ခြေအမြစ်နှင့်တကွ တူး ယူကာတစ်ပင်ကို ဆယ့်လေးငါး သိန်း၊ သိန်းနှစ်ဆယ်အထိပေး ကာ ကိုင်းဖျားကိုင်းနားများကို ဖြတ်ပြီးကားပေါ်သို့ တင်ကာ လာ ရောက်ဝယ်ယူသွားသူများကို လည်း ခပ်စိပ်စိပ်တွေ့ခဲ့ဖူးပါ သည်။

လောလောလတ်လတ်လက် ထဲသို့ သုံးစရာ၊ စွဲစရာငွေကလေး၊ ကြေးကလေးနည်းနည်းပါးပါးဝင် လာသည်ကိုသဘောကျကာ ထို သစ်ပင်မျိုးတွေပြန်ရလာဖို့ရာ နောက်နှစ်ပေါင်း အစိတ်၊ သုံး ဆယ်ပြန်စောင့်ကြရမည်ဆိုသည် ကို အတွေးမရောက်နိုင်ကြသူတို့ ကို ကြည့်ကာအသည်းတယား ယားဖြစ်နေခဲ့ရဖူးပါသည်။

သို့ဖြင့် တစ်ဖက်အိမ်နီးချင်း နိုင်ငံများသို့ ၀င်သွားသည့်အခါ တွင်ကား လမ်းအစအဆုံးသစ်ပင် တို့ စီတန်းပေါက်ရောက်ကာ လမ်း ကိုပင်လျှင် နှစ်ဖက်ယှက်မိုးပေး ထားသကဲ့သို့ စနစ်တကျစိုက်ပျိုး ထားသဖြင့် အံ့ဩခဲ့ရဖူးပါသည်။

ဩစတြေးလျသို့ ၀င်သည့် အခါ ဖြေကြားဖြည့်စွက်ရသည့်ပုံ စံထဲ၌ Grains, seeds, bulbs, straw, nuts, plants, parts of plants, herbs, wooden articles စသည်တို့ပါ၊ မပါ စသည့်မေးခွန်း ပါပါသည်။

အစေ့တဲ့။ အဖုတဲ့။ ကောက် ရိုးတဲ့။ အခွံမာသီးတဲ့။ အပင်တဲ့။ အပင်အစိတ်အပိုင်းတဲ့။ ဟင်းခတ် အမွှေးအကြိုင်တဲ့။ သစ်သားတဲ့။

သစ်ပင်သာမက သစ်သား အစိတ်အပိုင်းကိုပင်လျှင် သူတို့ နိုင်ငံအတွင်းသို့ ၀င်လာမည်ကို မလိုလားကြောင်း ပေါ်လွင်နေပါ သည်။

 စားစရာ၊ သောက်စရာအ သီးအနှံမှသာမဟုတ်။ လူ့အသုံး အဆောင်လုပ်သည့် သစ်ပင်၊သစ် သားကဲ့သို့အရာကိုပင်လျှင် ပိုးတို့၊ မွှားတို့ကူးစက်ကာ သစ်ညံ့၊၀ါးညံ့၊ သစ်ပျက်၊ ၀ါးပျက်ဖြစ်သွားမည်ကို စိုးရိမ်နေကြပုံများမှာ ကိုယ့်အပင်၊ ကိုယ့်အသီး၊ ကိုယ့်အခက်၊ ကိုယ့် အလက်ကို မည်မျှမြတ်နိုးကြောင်း ပြနေခြင်းပင်ဖြစ်ပါသည်။

(လေး)

ယခုထန်းပင်ကြီးများ။ အ တုံးအရုံး။ အပိုင်းပိုင်း၊ အတစ် တစ်။ မချစ်ကြဘူးလားဟူသည့် မေးခွန်းကလေးတစ်ခုသာမေးချင် နေမိပါသည်။ မမြတ်နိုးကြဘူးလား ဟုလည်း မေးချင်ပါသေးသည်။ ဘီယာသုံးလေးပုလင်းစာဖိုး ငွေ ကလေးနှင့်။ ကြက်သားတစ် ပိဿာဖိုးပိုက်ဆံကလေးနှင့်။ နှစ် ပေါင်းသုံး၊ လေးဆယ်စောင့်ခဲ့ရ သည့်အပင်များ။။

(စာရေးဆရာမောင်သာချိုသည် ကဗျာ၊ ၀တ္ထုတို၊ ခရီးသွား စာပေ၊ လူမှုရေး၊ ပညာရေး၊ စာပေရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ် သည်)