အမှိုက်

အမှိုက်ဆိုတာ တန်ဖိုးမ ရှိဘူး။ ရွံရှာစက်ဆုပ်စရာ ကောင်းတယ်။ ဘယ်သူကမှလည်း ကိုယ့်ပတ်ဝန်းကျင်မှာ ရှိမနေစေချင်ဘူး။  အမှိုက်ကို မြင်တာနဲ့ ချက်ချင်းပဲ ခေါင်းထဲရောက်တဲ့ အတွေးက လွှင့်ပစ်လိုက်ဖို့ပဲ။ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ဖို့ပဲ။ ကိုယ့်အတွက်  အသုံးမ၀င်တော့တဲ့အမှိုက်တွေကို  ကိုယ့်အနားမှာထားနေစရာမလို ဘူးလေ။

အမှိုက်လိုပဲ။ လူ့အဖွဲ့အ စည်းမှာ အမှိုက်လိုလူမျိုးတွေရှိ ကြတယ်။ အဲဒီလို လူမျိုးတွေကို လွှင့်ပစ်လိုက်ဖို့၊ စွန့်ပစ်လိုက်ဖို့က သတ္တိကြောင်လို့တော့မဖြစ်ဘူး။ သက်မဲ့အမှိုက်ကို လွှင့်ပစ်ရတာ၊ စွန့်ပစ်ရတာလွယ်ပေမယ့်၊ သက် ရှိအမှိုက်ဖြစ်တဲ့ လူသားကိုစွန့်ပစ် လိုက်ဖို့ကတော့ခပ်ခက်ခက်ပဲ။ လူ တစ်ယောက်ကိုစွန့်ပစ်ဖို့ဆိုတာ အ မှိုက်တစ်ခုကို လွှင့်ပစ်ရသ လောက်လွယ်မှမလွယ်ပဲနော်။

လူဆိုတာက အသွေးနဲ့၊ အသားနဲ့၊နှ လုံးသားနဲ့ခံစားထိခိုက် လွယ်တတ်တဲ့ သဘာဝရှိတတ် လေတော့သနားတတ်တယ်၊ ကြင် နာတတ်တယ်၊အားနာတတ်တယ်၊ ဖေးမတတ်တယ်၊ ကိုယ်ချင်းစာ တတ်တယ်၊ ကရုဏာထားတတ်၊ မေတ္တာရှိတတ်ကြတယ်။ ဒီလိုအ ရည်အသွေး ဂုဏ်ရည်တွေနဲ့ဖွဲ့ စည်းဖြစ်တည်နေတဲ့လူဆိုတာက တစ်ဖက်သားက မကောင်းပေ မယ့်လည်း လွယ်လွယ်ကူကူခွင့် လွှတ်တတ်၊ ဥပေက္ခာပြုတတ်၊ သည်းခံတတ်ကြတာပဲ။

ဒါပေမဲ့ ကိုယ်နဲ့ကိုယ့် ပတ် ၀န်းကျင်ကို ကောင်းကျိုးမပြုဘဲဆိုးကျိုးပေးမယ့်၊အန္တရာယ်ပေး မယ့် အမှိုက်လိုလူမျိုးတွေကိုတော့ သနားနေလို့၊ ကရုဏာထားဖို့၊ ခွင့် လွှတ်သည်းခံပေးဖို့လည်း မဖြစ် ပြန်သေးဘူး။

လူမှုအဖွဲ့အစည်း၊ လူ့ပတ် ၀န်းကျင်ကို ဆိုးကျိုးပေးမယ့် အ မှိုက်လိုလူမျိုးတွေက ဘယ်ခေတ်၊ ဘယ်အခါမှာပဲဖြစ်ဖြစ်ရှိခဲ့ကြတာ ပါပဲ။ သီပေါမင်းပါတော်မူတော့ ကိုယ့်နိုင်ငံကိုလုယူပြီး ကိုယ့်လူမျိုး ကို ကျွန်ပြုတော့မယ့် နယ်ချဲ့ အင်္ဂလိပ်တွေကို မျက်နှာလိုမျက် နှာရကပ်ပေါင်း၊ ကပ်ဖားကြတဲ့ အသားထဲက လောက်ထွက်တဲ့ သစ္စာဖောက်တွေ ရှိခဲ့ကြတာပဲ။ ကွက်ကွက်ကွင်းကွင်းဖော်ပြရရင် တော့ မှတ်မှတ်ထင်ထင်ဖြစ်ခဲ့တဲ့ သူ့ကျွန်မခံပြီ ဇာတ်ကားထဲက  ဇာတ်ဝင်ခန်းလေးကို ပြန်ပြီး ဖောက်သည်ချချင်ပါတယ်။ အင်္ဂ လိပ် တို့က သီပေါမင်းနဲ့မိဖုရားကို မခေါ်ဆောင်သွားခင်မှာ အင်္ဂလိပ် တို့လက်ထဲကနေမင်းနှစ်ပါးကိုပြန် လုယူဖို့မင်းမှုထမ်းတို့က တိုင်ပင် ကြမယ်၊ လူစုကြမယ်ပေါ့။ ဒါကို သိတဲ့ မောင်သာဖြိုး (မင်းသား ကြီးမြင့်နှိုင်) က အင်္ဂလိပ်ဗိုလ်ကို သတင်းပေးလိုက်တယ်။ သူ့အ တွက်နေရာကောင်းလေးပေးဖို့ လည်း အင်္ဂလိပ်ဗိုလ်ကို တောင်း ခံတယ်။ အင်္ဂလိပ်ဗိုလ်ကို သူပြော လိုက်တဲ့စကားက ဒူးနော့ဖော်ဂတ် မောင်သာဖြိုး (Do not forget Mg Thar Phyo) တဲ့။

မင်းမှုထမ်းတွေချိန်းတွေ့ကြ တဲ့ နေရာကို အင်္ဂလိပ်စစ်သားတွေ ခေါ်ပြီး မောင်သာဖြိုးက လိုက်ပြ တယ်။ မြန်မာစစ်သည် တစ် ယောက်က အသားထဲကလောက် ထွက်တဲ့ သစ္စာဖောက်ဆိုပြီး စိတ် မထိန်းနိုင်ဘဲ မောင်သာဖြိုးကို သတ်လိုက်တယ်။ မြန်မာစစ်သည် လည်းပဲ အင်္ဂလိပ်စစ်သားက ပစ် သတ်လို့သေသွားရတယ်။ သီပေါ မင်းနှစ်ပါးကို ပြန်လုဖို့အစီအစဉ် လည်းပျက်သွားရတာပေါ့။ ကိုယ် ကောင်းစားဖို့သာကြည့်တဲ့ မောင် သာဖြိုးလို အမှိုက်လိုလူကိုခွင့် လွှတ်နိုင်စရာ ဘယ်ရှိမလဲနော်။  အမှိုက်လိုလူတစ်ယောက် ရှင်း သွားတာ ကိုယ့်နိုင်ငံအတွက် ကောင်းတာပေါ့။

ဗိုလ်ချုပ်တို့ခေတ်မှာလည်း ဂဠုန်ဦးစောက အမှိုက်လိုလူပေါ့။  ဂဠုန်ဦးစောရဲ့ အငြိုးအတေးထား မှုကို ဗိုလ်ချုပ်ကတော့မသိခဲ့ဘူး လေ။ သူ့ရဲ့အကြံကို စောစောစီး စီးကသာရိပ်မိခဲ့ရင်၊ အမှိုက်လိုလူ ကို မျက်ခြည်မပြတ်စောင့်ကြည့် နေခဲ့ရင် ဗိုလ်ချုပ်တို့အခုလိုအ သေစောခဲ့ကြမှာမဟုတ်ဘူး။

ဒါကြောင့် လူတိုင်းအပေါ် မှာ မေတ္တာထား၊ ကရုဏာထားရ မှာမှန်ပေမယ့် အန္တရာယ်ပေးမယ့် အမှိုက်လိုလူတွေကိုတော့ ကရု ဏာထား သနားနေလို့မရဘဲစော စောစီးစီးရှင်းပစ်လိုက်တာက မှန် ကန်တဲ့လုပ်ရပ်ပဲလေ။

အခုဒီခေတ်မှာလည်းအမှိုက် လို လူတွေကရှိနေကြတာပဲ။ အ မှိုက်ကြီးတာနဲ့သေးတာပဲကွာချင် ကွာမယ်။ ကြီးကြီး၊ သေးသေးအ မှိုက်ကတော့အမှိုက်ပဲပေါ့။ အ မှိုက်လိုလူတွေက ကျွန်မတို့ဘေး မှာ၊ ကျွန်မတို့ဝန်းကျင်မှာ၊ သိသိ သာသာတစ်မျိုး၊ မသိမသာတစ် မျိုးရှိခဲ့ကြမှာပဲ။ ရှိနေကြမှာပဲ။ ပို ပြီးသိသာထင်ရှားစေတာကတော့ လူမှုကွန်ရက် (FB) ပေါ်မှာပေါ့။ စကားလုံးတွေ၊ အယူအဆ၊ထင် မြင်ချက်တွေနဲ့ လူ့အဖွဲ့အစည်း ကို မှိုင်းတိုက်နေကြတာ။ ၀ိဝါဒကွဲပြားနေအောင်သွေးထိုးနေကြတာ။ထင်ယောင်ထင်မှားတွေနဲ့ စိတ်အတွေးတွေကို သတ်နေကြတာ။

 ပုံမှားရိုက်ပြီးသွေးတိုးစမ်းနေ ကြတာ။ တစ်နည်းအားဖြင့်လူထု ကိုမြှူဆွယ်ခြင်းတစ်မျိုးပါပဲ။

အခုခေတ်လူထုကလည်းခေ သူတွေမဟုတ်ကြတော့ပါဘူး။ ဂျင်း(ချင်း) ထည့်မှန်းလည်းသိ၊ ကြက်သွန်ထည့်မှန်းလည်း သိတဲ့ လူထုတွေဖြစ်နေကြပါပြီ။ ဘာ သာရေးတွေ၊ အမျိုးသားရေးတွေနဲ့ သွေးခွဲလို့မရတော့ပါဘူး။

သူများကပြောခြင်းထက် ကိုယ်ပိုင်အမြင်၊ ကိုယ်တိုင်အသိ တွေနဲ့ ကိုယ့်ခရီးကိုယ်ထွင်နေတဲ့ ပြည်သူတွေဖြစ်နေကြပါပြီ။

အခုဆိုရင် FB ပေါ်မှာအစိုး ရသစ်ကို စောင့်ကြည့်ပြီး အပျက် သဘောဆောင်တဲ့ပြစ်တင်ပုတ် ခတ်ဝေဖန်နေတာမျိုးတွေ အမြဲ လိုလိုတွေ့နေရတယ်။ အစိုးရသစ် ကိုဝေဖန်တာကို ကြိုဆိုပေမယ့် အပြုသဘောမဆောင်ဘဲ ဘာ လုပ်လုပ်အကောင်းမမြင် ပုတ် ခတ်စောင်းမြောင်းနေကြတာက တော့ အကြည့်ရဆိုးတဲ့ကိစ္စပါ။ ဒီ လိုလူမျိုးတွေက လိုင်းပေါ်မှာ ပုတ် ခတ်ပြောဆိုဖို့၊ အပျက်သဘော ပြောဖို့ အလုပ်တစ်ခုလိုမျိုးရထား ကြသလိုပါပဲ။ ဘယ်လိုပဲ ပုတ် ခတ်ကြပေမယ့် အပြုသဘော လား၊ အပျက်သဘောလားဆို တာစာဖတ်တဲ့ သူတိုင်းသိကြပါ တယ်။

လှိုင်သာယာထိန်ပင်အမှိုက် ပုံမီးလောင်မှုကနေဘာကိုသင်ခန်း စာယူသင့်သလဲ၊ ဘာကိုသင်ခန်း စာရထိုက်သလဲဆိုတော့ အမှိုက် တွေများလာတဲ့အခါအချိန်ကာ လတွေ ကြာမြင့်လာတာနဲ့အမျှအကြောင်း အမျိုးမျိုးကြောင့် မီး လောင်ခဲ့ရင်ငြှိမ်းသတ်ရခက်တယ် ဆိုတာပါပဲ။လွယ်လွယ်နဲ့ငြှိမ်းမရ တဲ့အခါ၊ အချိန်ကုန်၊ လူကုန်၊ငွေကုန်ကြရတဲ့ အဖြစ်မျိုးတွေကြုံရတာပေါ့။

အမှိုက်နဲ့တူတဲ့လူတွေများ လာရင်လည်းအချိန်တွေကြာလာ တာနဲ့အမျှ အမှိုက်အားတွေအင် အားတောင့်တင်းလာပြီး လူမှုဝန်း ကျင်ကို ဒုက္ခပေးလာနိုင်ပါတယ်။  ကိုယ့်ရဲ့ဘေးမှာ၊ ကိုယ့်ရဲ့ဝန်းကျင် မှာ၊ FB ပေါ်မှာ အမှိုက်လိုလူတွေ နဲ့ တွေ့ရင်သတိကြီးကြီးထားပြီး အားမပေးခြင်း၊လက်မခံခြင်း၊ မ ကြိုဆိုခြင်းများပြုပြီး ငြင်းပယ်ပစ်ရမှာပါ။ လူ့အဖွဲ့အစည်းကို အကျိုးမပြုမယ့် အမှိုက်ရဲ့အင်အား တွေယုတ်လျော့သွားအောင်၊ မှေး မှိန်ပပျောက်သွားအောင်ကြိုကြို တင်တင်ကာကွယ်ကြပါလို့ ထိန် ပင်အမှိုက်ပုံကို သင်ခန်းစာယူရင်း နှိုးဆော်လိုက်ပါရစေ။    ။

(ဆောင်းပါးရှင် ခွန်းဆင့်သူသူသည် အတွေးအမြင်နှင့် မျက်မှောက်ရေးရာ ဆောင်းပါးများရေးသားနေသူဖြစ်သည်)