မြန်မာကမ်းခြေများအတွက် အချက်ပေးခေါင်းလောင်း

အရှေ့တောင်အာရှ၏ နာမည်ကျော်ကမ်းခြေများတွင်ပါဝင်သော ငပလီကမ်းခြေတစ်နေရာ (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))

ခရီးသွားလုပ်ငန်းမှ နှစ်စဉ် ၀င်ငွေကန်ဒေါ်လာသန်းချီရနေသည့် ဒေသတွင်းနိုင်ငံအချို့သည် ၎င်းတို့၏ ကမ်းခြေခရီးသွား ဒေသ အချို့ကို ပိတ်ရန်စီစဉ်နေရာ မြန် မာအပါအ၀င် အရှေ့တောင်အာ ရှဒေသတွင်း နိုင်ငံများအတွက် ခ ရီးသွားဝင်ရောက်မှုနှုန်းတိုးတက် လာ နိုင်ကြောင်း ကျွမ်းကျင်သူများ  ကခန့်မှန်းသည်။

တစ်နှစ်လျှင်ခရီးသည် နှစ် သန်း လာရောက်သည့် ဖိလစ်ပိုင် နိုင်ငံမှ နာမည်ကျော်ဘိုရာကေ ကမ်းခြေကို ဧပြီ ၂၆ရက်မှစ၍ ခြောက်လကြာပိတ်သိမ်းပြီဖြစ်ပြီး  ထိုင်းနိုင်ငံ ဖီဖီကျွန်းရှိ မာယာကမ်း ခြေကိုလည်း  ဇွန်လ ၁ ရက်ကစ၍ သုံးလကြာပိတ်ရန် ထိုင်းအစိုးရက စီစဉ်နေသည်။

သဘာဝပတ်ကျင် ယိုယွင်း ပျက်စီးမှုကြောင့် ဘိုရာကေကမ်းခြေကို ပိတ်၍ ပြုပြင်ထိန်းသိမ်းရေး များလုပ်ဆောင်ရန် ဖိလစ်ပိုင် သမ္မတ ဒူတာတီကညွှန်ကြား ထားသည်။ အလားတူ ထိုင်းနိုင်ငံ မှ မာယာကမ်းခြေသည်လည်းခရီး သွားဝင်ရောက်မှုများခြင်းကြောင့် ဂေဟစနစ်များပျက်စီးလာ၍ သုံး လကြာပိတ်ကာ ပြုပြင်ထိန်းသိမ်း ရေးများလုပ်ဆောင်ရန် ထိုင်းအ စိုးရက စီစဉ်နေသည်။

ထိုသို့ ဒေသတွင်းနိုင်ငံများ ၏ ကမ်းခြေများ ပိတ်ထားခြင်း ကြောင့် မြန်မာနိုင်ငံရှိ ကမ်းခြေ များနှင့် မြိတ်ကျွန်းစုကဲ့သို့သော ပင်လယ်အပန်းဖြေ ခရီးစဉ်များ တွင် ခရီးသွားဧည့်သည်များ တိုး မြင့်ဝင်ရောက်လာနိုင်ရန် မျှော် လင့်စရာဖြစ်လာသည်။

သို့သော် အဆိုပါ ကမ်းခြေ နှစ်ခုကို ရာသီဥတု မကောင်းသော  ကြောင့် ခရီးသွားနည်းချိန်တွင် သာပိတ်ထားမည်ဖြစ်၍ မြန်မာ နိုင်ငံရှိကမ်းခြေများသို့ ခရီးသွား ၀င်ရောက်မှု သိသာစွာမတိုးတက် နိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်သည်။

‘‘ရာသီဥတု မသာယာတဲ့အ ချိန် ခရီးသွားနည်းတဲ့အချိန်တွေ မှာ ကမ်းခြေပိတ်ပြီးတော့ ပြုပြင် တာဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို  ခရီးသွားတွေ ၀င်လာဖို့တော့မဖြစ် နိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့  အရှေ့တောင်အာရှအတွင်းမှာ လှ ပတဲ့နာမည်ကျော်ကမ်းခြေအများ ကြီးရှိနေသေးပါတယ် ထိုင်းမှာ လည်း သူ့နိုင်ငံတစ်ခုတည်းမှာ တင် အများကြီးရှိနေသေးတဲ့အ တွက် ဒီဘက်ကိုချက်ချင်း ရောက်မလာနိုင်တာပါ’’ ဟု NatureDream ခရီးသွားလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က သုံးသပ်ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားသား ခရီးသွားများ သွား ရောက်လည်ပတ်မှု အများဆုံး ကမ်းခြေသုံးခုရှိပြီး ငပလီနှင့် ငွေ ဆောင်ကမ်းခြေတို့မှာ ခရီးသွား ၀င်ရောက်မှု မြင့်တက်ခဲ့သော် လည်း ချောင်းသာကမ်းခြေတွင်မှု  ကမ်းခြေ အရည်အသွေးကျဆင်း မှုနှင့် ညစ်ညမ်းမှုများကြောင့် ခရီး သွားဝင်ရောက်မှု ကျဆင်းလာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှူးဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

၂၀၁၆တွင် ချောင်းသာသို့ တစ်လ လျှင်နိုင်ငံခြားခရီးသွား ၃၂၀၀ ခန့် ၀င်ခဲ့သော်လည်း၂၀၁၇ တွင်မှု တစ်လလျှင်နိုင်ငံခြား ခရီးသွား ၂၅၀၀ ခန့်သာ ၀င်ရောက်ခဲ့သည်။ ထို့အပြင် ၂၀၁၈ ခုနှစ် ဇန်န၀ါရီတွင် ချောင်းသာသို့ နိုင်ငံ ခြားခရီးသွား ၂၀၀ခန့်သာဝင် ရောက်တော့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားရေးမှူး  ဦးစီးဌာနစာရင်းများတွင် ဖော်ပြ သည်။

‘‘ပြည်တွင်းခရီးသွားကတော့ တက်လိုက်ကျလိုက် ရှိပေမယ့် ပြည်ပခရီးသွားကတော့ သိသိ သာသာကို ကျလာခဲ့ပါတယ်’’ ဟု  ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှူးဦးစီးဌာန (ချောင်း သာ) ရုံးခွဲမှ ဦးစီးအရာရှိ ဦးအောင် နိုင်ကပြောသည်။

လက်ရှိတွင် ချောင်းသာ သည်ကမ်းခြေ၏ အသွင်ကဏ္ဍာန် ယိုယွင်းပျက်စီးလာပြီး ရေကြည် လင်မှုအားနည်းသည့်အပြင် အ မှိုက်များပြားသည့်အတွက် ပြည်ပ ခရီးသွားများသည် ချောင်းသာ ထက်ငွေဆောင်နှင့် ငပလီကမ်းခြေတို့ကို ပိုမိုနှစ်သက်ကြောင်း မိုင်ခရီးသွားလုပ်ငန်း တည်ထောင်သူ ဒေါ်ခင်မြတ်က ပြောသည်။

မြန်မာနိုင်ငံ၌ ကမ်းခြေများ စွာရှိသည့်အနက်ဈေးကွက်မျှော် လင့်စရာ အကောင်းဆုံးကမ်းခြေ  မှာ ငပလီဖြစ်သည်။ အရှေ့တောင်  အာရှဒေသတွင်း၌ အလှပဆုံး ကမ်းခြေတစ်ခုဟုပင် တင်စားခေါ် ဝေါ်သည့် ငပလီသည် ကမ္ဘာသိ ကမ်းခြေတစ်ခုဖြစ်ပြီး နိုင်ငံတကာ  ခရီးသွားများကို ဆွဲဆောင်နိုင်မည့် ပုံရိပ်တစ်ခုလည်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်ကို မျက်နှာမူ၍ အလျား ရှစ်မိုင်ခန့် ရှိသည့် ငပလီကမ်းခြေသည် စစ် တွေမြို့  အရှေ့တောင်ဘက် ၁၄၅ မိုင်ခန့် အကွာတွင် တည်ရှိသည်။ သဲဖြူဖြူများရှိသည့်အပြင် ပင် လယ်ရေကလည်း ကြည်လင် သဖြင့် ငပလီကမ်းခြေသည် နိုင်ငံခြားခရီးသွားများ အကြိုက် တွေ့သည့် ကမ်းခြေဖြစ်သည်။  ထို့ပြင်ဒေသခံတို့၏ လူနေမှုဘ၀များကို လေ့လာနိုင်ပြီး အနီးရှိ အခြားကျွန်းများသို့လည်း သွားရောက် လည်ပတ်နိုင်သဖြင့် နိုင်ငံခြား ခရီးသွားများသည် မြန်မာနိုင်ငံရှိ ကမ်းခြေများအနက် ငပလီသို့ အများဆုံးလာရောက် ခြင်းဖြစ်သည်။

ငပလီကမ်းခြေသို့ နိုင်ငံခြား သားခရီးသွားဧည့်သည် ၀င် ရောက်မှုနှုန်းသည် ၂၀၁၆ တွင် ၄၃,၀၀၀ရှိပြီး ၂၀၁၇တွင် ၅၀,၀၀၀ကျော်အထိ ရှိကြောင်း သံတွဲမြို့နယ် ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှူးဦးစီးဌာန ဦးစီး အရာရှိ ဦးမိုးအောင်က ပြောကြား သည်။

ငပလီ ကမ်းခြေကို အမေ ရိကန် အခြေစိုက် ခရီးသွားဝက်ဘ် ဆိုက် Trip Advisor က၂၀၁၆ အ တွင်း ကမ္ဘာပေါ်တွင် သွားရောက်  လည်ပတ်ရန် အကောင်းဆုံးကမ်း ခြေများထဲတွင် အဆင့်(၈)နေရာ၌ ဖော်ပြခဲ့ပြီးအာရှတိုက်၏ နံပါတ် ၁ အကောင်းဆုံး  ကမ်းခြေတစ်ခု အနေဖြင့်ဖော်ပြခဲ့သည်။


(ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))

သို့သော် ၂နှစ်အတွင်းမှာပင်  ငပလီကမ်းခြေ၏ အရည်အသွေး  ကျဆင်းလာပြီး ၂၀၁၈ တွင် Trip Advisor က ထုတ်ပြန်သည့် အာရှ တိုက်၏ နံပါတ်(၁)အကောင်းဆုံး ကမ်းခြေအဖြစ်မှ အဆင့်(၃)နေ ရာသို့ ကျဆင်းသွားကာ ကမ္ဘာ့အ ကောင်းဆုံးကမ်းခြေဆယ်ခု အ တွင်းမှ နေရာဖယ်ပေးခဲ့ရသည်။

‘‘ငပလီကမ်းခြေဟာ ရေညစ် ညမ်းလာတယ်။ သဲတွေကလည်း အရင်လိုမဟုတ်ဘဲ ညစ်ပတ်လာ တယ်။ ချောင်းသာ၊ငွေဆောင်လို ပဲ ဈေးသည်တွေကလည်း ကမ်း ပေါ်တက်ပြီး ရောင်းနေကြတယ်။  အညစ်အကြေး စွန့်တဲ့ဟာတွေ လည်း ဧည့်သည်တွေဆီကပြန် ကြားတယ်။ ဒါတွေကို ပြည် ထောင်စုဝန်ကြီး ကိုယ်တိုင်ဆောင် လုပ်ရေး အင်ဂျင်နီယာအသင်းနဲ့ ပူးပေါင်းပြီး ထိန်းသိမ်းမှုတွေလုပ် ဖို့ စစ်တမ်းကောက်ယူမှုတွေ လုပ် သွားဖို့လည်းစီစဉ်နေပါတယ်’’ ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ ချုပ် အတွင်းရေးမှူး ဦးကြည်သိန်း ကို ကပြောသည်။

သို့ဖြစ်ရာ နိုင်ငံတကာ ခရီး သွားများအား ပိုမိုဆွဲဆောင်နိုင်ရန်  ကမ်းခြေ ထိန်းသိမ်းရေးလုပ်ငန်း များ စနစ်တကျဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်ကြောင်းခရီး သွားလုပ်ငန်းရှင်များက ထောက် ပြသည်။

ဒေသတွင်းနိုင်ငံများရှိ ကမ်း ခြေများသို့ နှစ်စဉ်ခရီးသွား သန်း ချီဝင်ရောက်နေချိန်တွင် မြန်မာနိုင် ငံရှိနာမည်ကျော်ငပလီကမ်းခြေ သို့ ခရီးသွားဝင်ရောက်မှုငါး သောင်းခန့်သာရှိရာ အဆ (၂၀)  ခန့် ကွာခြားနေသည်။  အခြားကမ်း ခြေများဖြစ်သည့် ငွေဆောင်၊ ချောင်းသာတို့သို့ ကမ္ဘာလှည့်ခရီး သွားဝင်ရောက်မှုမှာ လည်း သောင်းဂဏန်းသာ ရှိနေသေး သည်။

နိုင်ငံတကာနှင့် ယှဉ်ပါက နိုင်ငံခြားသား ခရီးသွားဝင်ရောက် မှုနည်းပါးသေးသည့် မြန်မာ့ကမ်း ခြေ များ တွင်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုးရွားစွာ မရှိသေးသော် လည်း ကမ်းခြေအလှအပအ တွက် အဓိကခြိမ်းခြောက်နေသည် မှာ အမှိုက်ပြဿနာဖြစ်ကြောင်း  ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင် များကဆိုသည်။  

မြန်မာနိုင်ငံရှိ ကမ်းခြေများ  တွင် ခရီးသွားများကိုယ်တိုင် အမှိုက်ပစ်ရန် အမှိုက်ပုံးများ ထားပေးခြင်းနှင့် စနစ်တကျအ မှိုက်သိမ်းစနစ်များ မရှိသေးဘဲ ကမ်းခြေ၏ အလှအပများနှင့် သ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု များတွင် အားနည်းနေသေး ကြောင်း ၎င်းတို့ကဆိုသည်။

‘‘ကမ်းခြေရဲ့ အနီးဆုံးရန်သူ  က အမှိုက်ပဲ။သူများနိုင်ငံတွေမှာ လည်း ခရီးသွားတွေအများကြီး လာကြပေမယ့် သဲသောင်တွေ မှာ အလွယ်တကူ မပစ်အောင်လို့ ကမ်းခြေနဲ့အနီးဆုံးနေရာတွေမှာ  အမှိုက်ပုံးကြီးကြီးတွေထားပေး တယ်။ လူတွေက အမှိုက်ပုံးရှိရင် တော့ အဲဒီမှာပစ်ကြမှာပဲ’’ ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်း တွဲဖက်အထွေထွေ  အတွင်းရေးမှူး ဦးနောင်းနောင်း ဟန်ကပြောသည်။

ငပလီကဲ့သို့ နိုင်ငံခြားသား အများစု လာရောက်သည့် နေရာ မှာပင် အမှိုက်ပုံးမရှိကြောင်း ငပလီဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးသန်း ဦးက ပြောသည်။

လမ်းတစ်လျှောက်လုံး ပစ်ဖို့ကြိုးစားပေမယ့် အမှိုက်ပုံး တစ်ခုမှ မတွေ့ခဲ့ဘူး။ အမှိုက် ဘယ်မှာပစ်ရမလဲဆိုတဲ့ နေရာမရှိ ရင်တော့ တော်ရုံလူက ပစ်လိုက် မှာပဲလေ’’ ဟု ၎င်းကပြောသည်။

ထို့အပြင် ကမ်းခြေများတွင် စည်းကမ်းမဲ့ ငါးဖမ်းခြင်း၊ သဲများ ခိုးယူတူးဖော်ခြင်း၊ သဲသောင်ပြင် တွင် စက်ဘီးများ၊ ဆိုင်ကယ်များ နှင့် ကားများ မောင်းနှင်ခြင်းအစရှိသည့် ကိစ္စများအတွက်  စည်းကမ်းများ သတ်မှတ်ထား သော်လည်း လိုက်နာမှု အားနည်း နေသေးပြီး စနစ်တကျအရေးယူ  မှုများပိုမိုဆောင်ရွက် လိုအပ် နေသေးကြောင်းဟိုတယ်နှင့် ခရီး သွားလုပ်ငန်းရှင်များကဆိုသည်။

‘‘ကမ်းခြေလာမယ်။ ထင်း တွေနဲ့ မီးပုံပွဲတွေလုပ်ကြမယ်။ ပြီး ရင် အဲဒီက ကျန်တဲ့ အမှိုက်တွေ၊ ထင်းတိုထင်းစတွေကို ဘယ်သူမှ သန့်ရှင်းရေးလုပ်မသွားဘူး။ ဒါ တွေက အပျော်လုပ်တာဖြစ်ပေ မယ့်ကမ်းခြေအလှအပကို ပျက် စီးစေတာပဲလေ’’ ဟု ဦးနောင်း နောင်းဟန်က ပြောသည်။

ကမ်းခြေများ၏ အရည်အ သွေးမြှင့်တင်ရာတွင် လာရောက်  လည်ပတ်သည့် ခရီးသွားဧည့်  သည်များ အဆင်ပြေစေရန် ကမ်းခြေလုံခြုံရေးများ ထားရှိ ပေးကာ စည်းကမ်းဖောက်ဖျက်မှု များအား စောင့်ကြည့်အရေးယူ ခြင်း၊ ရေနစ်ခြင်းနှင့်အရးပေါ် ကိစ္စများပေါ်ပေါက်လာပါက ကူ ညီဆောင်ရွက်ပေးခြင်း၊ ဧည့်သည် များဘေးကင်းစေရန် ကမ်းခြေ၏ ရာသီဥတုအား ရေထဲတွင်အလံ များကို အရောင်ခွဲခြားကာသင်္ကေ တများဖြင့် ဖော်ပြခြင်းစသည်တို့ ကိုလည်း ဆောင်ရွက်ပေးရန် ခရီး သွားလုပ်ငန်းရှင်များက အကြံပြု သည်။

‘‘မြန်မာနိုင်ငံရဲ့ ကမ်းခြေတွေ  ဟာကမ်းခြေစောင့် လုံခြုံရေးတွေ  ထားတာမရှိဘူး။ ရေနစ်ရင်ကယ်ဖို့ တစ်ခုခုဖြစ်ရင်လုပ်ပေးဖို့ မရှိဘူး။ ကမ်းခြေမှာ အမှတ်အသားတွေ  မရှိသေးဘူး။ ရာသီဥတုက သာ ယာရင်အပြာလေးလွှင့်ပေးတယ်။ ရာသီဥတုမကောင်းရင်အလံအ၀ါ လေး လွှင့်ပေးတယ်။ အဲဒါမျိုးမရှိ သေးဘူး။ ကမ်းခြေကစနစ်တကျ  နဲ့နိုင်ငံတကာ အဆင့်မီထားတာ တွေမရှိဘူး။ထိန်းသိမ်းမှုအားနည်း  နေသေးတယ်’’ ဟု Nature Dream  ခရီးသွားလုပ်ငန်းမှ ဒေါ် စံပယ်အောင်က ပြောသည်။

ကမ်းခြေထိန်းသိမ်းရေးများ ကို အစိုးရနှင့် လုပ်ငန်းရှင်များ ပူးပေါင်းကာ အမျိုးသားရေးအမြင် အသိစိတ်နှင့် ၀ိုင်းဝန်းဆောင်ရွက်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား ဈေးကွက်မြှင့်တင်ရေး အသင်း ဒုဥက္ကဋ္ဌဒေါ်စုစုတင်ကပြောသည်။ ‘‘အများကြီးကို လုပ်ဖို့လိုနေ သေးတာကို တွေ့ရတဲ့အတွက် အခုကတော်တော်လေးကို စိတ် ပူစရာအခြေအနေလေးတွေ ဖြစ် နေပါတယ်’’ ဟု မြန်မာနိုင်ငံ ခရီးသွား ဈေးကွက်မြှင့်တင်ရေးအသင်း ဒုဥက္ကဋ္ဌဒေါ်စုစုတင်က ကမ်းခြေထိန်းသိမ်းရေး လုပ်ငန်းများနှင့်ပတ်သက်၍ သုံးသပ်ပြောသည်။  ။