ပြာသာဒ်ကို မီးမလောင်ရလေအောင်

ဧပြီ ၂၁ ရက်မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ထိန်ပင် သုသာန်အနီးမှာရှိတဲ့ ထိန်ပင်အ မှိုက်ပုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါ တယ်။ အမှိုက်ပုံကထွက်နေတဲ့ အလွန်မီးလောင်လွယ်တဲ့ မီသိန်း ဓာတ်ငွေ့တွေနဲ့ အလွန်ပူပြင်းတဲ့ ရာသီဥတုတို့ရဲ့ ပယောဂကြောင့် ပဲ မီးစတင်လောင်ကျွမ်းရလေသ လား၊ လူ၊ တိရစ္ဆာန်တို့ရဲ့ လုံ့လပ ယောဂကြောင့်ပဲ မီးစတင်လောင် ကျွမ်းရလေသလားတော့ မသိနိုင် ပေမယ့် ဒီမီးလောင်မှုဟာ အတော် ကို ကြီးမားပြင်းထန်ခဲ့ပါတယ်။ ပြည်သူလူထုရဲ့ အိုးအိမ်၊ ဥစ္စာ ပစ္စည်းတွေ၊ အသက်တွေပျက်စီး ဆုံးရှုံးမှုမရှိခဲ့ပေမယ့် နီးစပ်ရာရပ် ကွက်၊ မြို့နယ်များက ပြည်သူလူထုအတော်များများကို တုန်လှုပ် ချောက်ချားစေခဲ့တာတော့ အမှန် ပါပဲ။


ထိန်ပင်အမှိုက်ပုံဟာ ဧက ၃၀၀ လောက်ကျယ်ဝန်းတဲ့ မြေ ဧရိယာပေါ်မှာတည်ရှိပြီး အမှိုက် စွန့်ပစ်စုပုံဧရိယာက ဧက ၁၈၀ လောက်ရှိတယ်လို့ သိရပါတယ်။ အမှိုက်ပုံမီးဟာ အဲဒီထဲက ဧက ၁၃၀ ကျော်ကို ကူးစက်လောင် ကျွမ်းခဲ့ပါတယ်။ ပလတ်စတစ်စွန့် ပစ်ပစ္စည်းတွေအများစုပါဝင်နေ တဲ့ အမှိုက်ပုံကို မီးကြီးလောင်တဲ့ အခါ ထွက်ပေါ်လာမြဲဖြစ်တဲ့ အနံ့ အသက်ဆိုးတွေနဲ့ မီးခိုးတွေဟာ နီးစပ်ရာရပ်ကွက်နေပြည်သူတွေ ကို အပြင်းအထန်ဒုက္ခပေးပါတော့ တယ်။ လေလမ်းကြောင်းသင့်ရာ မြို့နယ်တွေမှာ မီးခိုးညှော်နံ့တွေ ကို ခံစားခဲ့ရပါတယ်။

ဒါကြောင့်လည်း ပြည်သူ တွေမှာ ကျီးလန့်စာစားနဲ့ အသက် ရှူလမ်းကြောင်းဝေဒနာတွေပဲ ချက်ချင်းကျရောက်ခံစားရတော့ မလိုလို၊ နေအိမ်တွေကပဲ ထွက် ပြေးရတော့မလိုလို စိုးရိမ်ခဲ့ကြရ၊ ထိတ်လန့်ကြောက်ရွံ့ခဲ့ကြရပါ တယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရကတော့ ‘လက်ရှိ လေထု အခြေအနေသုံးသပ်မှု သတင်းအ ချက်အလက်များအရ ပြည်သူများပြောင်းရွှေ့ရန် လိုအပ်ပါက ကျန်း မာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာပေးမှာဖြစ်ပြီး ပြည်သူ များကို ရွှေ့ပြောင်းနေထိုင်နိုင်ရန် ပြင်ဆင်ရမည် ဖြစ်ကြောင်း’ ကြေ ညာချက်ထုတ်ပြန်ပေးခဲ့ပါတယ်။

အမှိုက်ပုံရဲ့ အောက်မှာ အောင်းပြီး  တငွေ့ငွေ့တခြောင်း ခြောင်း လောင်ကောင်းတိုင်း လောင်နေတဲ့မီးကို ငြှိမ်းသတ်ဖို့ ဆိုတာ မီးသတ်သမားများအဖို့တော့ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ မီးဆီကိုရေ ရောက်ဖို့ကိုပဲ အလွန်ခက်ခဲလှပါ တယ်။ အမှိုက်တွေကို ဆွဲလှန်ရ ပါတယ်။ အောက်မှာ ကလိုင်ဖွဲ့ လောင်နေတာမို့ ကျွံကျမှာကို  လည်း စိုးရိမ်ရတာမို့ သတိကြီးကြီး ထားပြီး မီးသတ်ကြရပါတယ်။ မီ သိန်းဓာတ်ငွေ့တွေရဲ့ အန္တရာယ် ကလည်း ကြီးလှပါတယ်။ အဲဒီလို အခြေအနေမှာ အပေါ်က နေပူပူ၊ ရှေ့က မီးပူပူကြားမှာ မီးသတ် သမားများဟာ ကြိုးစားပမ်းစားနဲ့ အဆိုင်းလိုက်အလှည့်ကျမီးငြှိမ်း သတ်နေခဲ့ကြပါတယ်။

ဒီမီးလောင်မှုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၁၂ စီး၊ ရေသယ်ယာဉ် ၁၂ စီး၊ မီး သတ်တပ်ဖွဲ့ဝင် (အရန်မီးသတ် များအပါအ၀င်) စုစုပေါင်း ၁၅၀ ဦးနဲ့ ငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရှိ ရပါတယ်။ ဒါပေမဲ့ မီးက အမှိုက်ပုံ ရဲ့ အောက်ပိုင်းမှာ လှိုက်လောင် နေတာမို့ မီးကို ထိန်းနိုင်ရုံသာ လုပ်ဆောင်နိုင်ပြီး လုံးဝငြိမ်းသေသည် အထိ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် မီးငြိမ်းရေးအပြင် မီးခိုး များပါငြှိမ်းသတ်နိုင်ဖို့၊ Bio Foam နည်းပညာသုံးသွားမယ်လို့ လည်း သိခဲ့ရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံကလည်း ညကြီးမင်းကြီး ရန်ကုန်တိုင်းအစိုးရကို ဆက်သွယ်လို့ မီးငြှိမ်းသတ်ရေးအစီအမံတွေ ဘယ်လိုဆောင်ရွက်နေသလဲလို့ မေးမြန်းခဲ့ကြောင်းလည်း သိရပါတယ်။

မီးသတ်ယာဉ် ၁၆ စီး၊ ရေ သယ်ယာဉ် ၁၄ စီး၊ အထောက်အ ကူပြုယာဉ် ခြောက်စီး၊ အုပ်ချုပ်မှု ယာဉ် ခြောက်စီး၊ မီးသတ်စက် ယာဉ် တစ်စီး၊ မိတ်ဖက်ယာဉ် လေးစီးတို့နဲ့ မီးငြှိမ်းသတ်ရေးလုပ် ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ တာမှာ မေလ ၆ ရက်နေ့မှာတော့ မီးကို လုံးဝထိန်းချုပ်နိုင်ခဲ့ပြီး အပြီး သတ်ငြှိမ်းသတ်ဖို့သာ ကျန်တော့ ကြောင်း ကြားသိရပါတယ်။ (အခုစာရေးပြီးချိန်မှာတော့ Bio Foam များလည်း ရောက်ရှိလာပြီး အသုံး ပြုငြှိမ်းသတ်ခဲ့ကြတဲ့အတွက် မီး ကို လုံးဝငြှိမ်းသတ်နိုင်ခဲ့ပြီလို့ သိရ ပါတယ်)။

ဒီမီးလောင်မှုဖြစ်စဉ်မှာ မြင် တွေ့ခဲ့ရတာကတော့ အမှိုက်က လောင်တဲ့ မီးကို ဘယ်သူပုံခဲ့တဲ့ အမှိုက်တွေ၊ ဘယ်တုန်းကတည်း က ပစ်ခဲ့ပုံခဲ့တဲ့အမှိုက်တွေလို့ အ ကြောင်းရှာနေတာတွေမလုပ်ဘဲ မီးကို ကြိုးစားပမ်းစားငြှိမ်းသတ် ခဲ့သူတွေ၊ အမြန်ဆုံးမီးသတ်နိုင်ဖို့ မိမိတို့ တတ်နိုင်တဲ့ဘက်က ၀ိုင်း ၀န်းအားဖြည့်ပါဝင်ခဲ့ကြသူတွေရှိ သလို အပြစ်အနာရှာ၊ လိုရာဆွဲ ဝေဖန်ပြစ်တင်၊ အမှိုက်တွေစုပုံပြီး အမုန်းမီးမွှေးကြသူတွေလည်းရှိ တယ်ဆိုတာပါပဲ။

ဒီမီးလောင်မှုဖြစ်ပွားနေတဲ့ အစောပိုင်း ရက်သတ္တပတ်ဟာ ဖေ့စ်ဘွတ်ခ်သုံးစွဲသူအချို့က မီး လောင်ပြင်ကို ရန်ကုန်တိုင်းဒေသ ကြီး ၀န်ကြီးချုပ် ချက်ချင်းသွားမ ကြည့်ရကောင်းလားလို့ အပြစ် တင်ကြ၊ ဆဲကြ၊ နုတ်ထွက်ခိုင်း ကြနဲ့ အတော်ကို ပွဲကောင်းတဲ့ရက်တွေပါပဲ။ ဒါပေမဲ့ မြန်မာပြည်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကြီးဟာ အဲဒီလိုထိုင်ရာမထ၊ ငါသာသိ၊ ငါ သာတတ်၊ ငါတစ်လုံးစိတ်ဓာတ် တွေနဲ့ သူတစ်ပါးကို ဆဲဆိုဖို့၊ အပြစ်တင်ဖို့၊ ပြဿနာကို ပုံကြီး ချဲ့ဖို့ သုံးတဲ့လူတွေရှိသလို သူ တစ်ပါးကိုကူညီဖို့၊ ပရဟိတလုပ် ငန်းတွေမှာ ပါဝင်ဆောင်ရွက်ဖို့ သုံးစွဲနေကြတဲ့သူတွေလည်း အ များကြီးပါပဲ။

မီးလောင်မှုဖြစ်ပွားပြီး နှစ် ရက်လောက်အကြာမှာပဲ ဖေ့စ် ဘွတ်ခ်ပေါ်က ပို့စ်တွေမှာ မီးသတ် နေတဲ့သူတွေကို၊ တာဝန်ရှိတဲ့သူ တွေကို အပြစ်ပြောမနေဘဲ သွား ၀ိုင်းလောင်းကြရင်တောင် အဲဒီမီး ငြိမ်းလောက်ပြီဆိုတဲ့ ပို့စ်တွေကို မြင်လာရပါတယ်။ ပရဟိတအဖွဲ့ သားတွေဟာ ဖေ့စ်ဘွတ်ခ်ပေါ်က နေ အချင်းချင်းသတင်းပေးကြ၊ တိုင်ပင်ချိန်းချက်ကြပြီး အမှိုက်ပုံ ကို မီးငြှိမ်းသတ်နေတဲ့ မီးသတ် သမားများဆီကို စားသောက်ဖွယ် ရာတွေ၊ သောက်ရေသန့်တွေ၊ လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေ၊ လက်အိတ်တွေ၊ ဖိနပ်တွေသွား ရောက်ပေးပို့လှူဒါန်းခဲ့ကြတာ တွေကို မြင်လာရပါတယ်။ ဒီလို ကူညီထောက်ပံ့ဖြည့်ဆည်းမှုတွေ ဟာ မီးငြှိမ်းသတ်ရာမှာ တစ်တပ် တစ်အားပါဝင်ခဲ့ကြတဲ့ နောက်ခံ အင်အားတွေပါပဲ။

ထိန်ပင်အမှိုက်ပုံမီးလောင်မှု အဆုံးသတ်သွားခဲ့တာဟာ စွမ်း စွမ်းတမံငြှိမ်းသတ်ခဲ့ကြတဲ့ မီး သတ်သမားများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကြက် ခြေနီတပ်ဖွဲ့ဝင်များ၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီမှ ၀န်ထမ်းများ၊ အမှိုက်ပုံနဲ့ အနီးဆုံးကိုရေရောက်အောင် ကြိုးစား ပမ်းစားမြောင်းဖောက်ပေးခဲ့ကြ တဲ့ ဆည်မြောင်းဝန်ထမ်းများကို တင် ကျေးဇူးတင်ရုံနဲ့ လုံလောက် မှာ မဟုတ်ပါဘူး။ အဲဒီမီးသတ်နေ သူတွေကို သောက်ရေကအစ လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ အဆုံး ထောက်ပံ့ဖြည့်ဆည်းလှူဒါန်းပေး ခဲ့ကြတဲ့ တာဝန်သိ၊ တာဝန်ကျေ ပြည်သူများကိုပါ ကျေးဇူးတင် ကြောင်းပြောမှ ပြည့်စုံပါလိမ့်မယ်။ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ မြန် မာနိုင်ငံအနောက်ဘက် ရခိုင်ဒေသ မြောက်ပိုင်းမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီမီးကလည်း ‘အမှိုက်ကစတဲ့မီး’ပါပဲ။ ဒီမီးက တော့ နိုင်ငံသားအားလုံးစိုးရိမ် ကြောင့်ကြပူပန်ရမယ့် မီးပါ။

၂၀၁၇ ခုနှစ်အတွင်းက မြန် မာနိုင်ငံ ရခိုင်ပြည်နယ်မြောက် ပိုင်းဒေသမှာ လုံခြုံရေးစခန်း ၃၀ကို တစ်ပြိုင်နက်ဝင်ရောက်အကြမ်းဖက် စီးနင်းတိုက်ခိုက်သည့် ကိစ္စတစ်ရပ်ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီကနေ ပြဿနာတွေကြီးထွားလာခဲ့ပြီး အဲဒီဒေသတွေမှာ နေထိုင်သူဘင်္ဂါလီလူမျိုးတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးကြတဲ့အပေါ်မှာ လူမျိုးတုံးသတ်ဖြတ်မှုလို့ စွပ်စွဲပြောဆိုမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ မြန်မာအစိုးရက ထွက်ပြေးတိမ်းရှောင်သွားကြရသူဆိုသူများကို ပြန်လည်စိစစ်လက်ခံဖို့ အစီအမံများကို ကမ္ဘာသိကြေညာခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး ပြည်ထောင်စုစီမံကိန်းကော်မတီ (UEHRD) ကို ဖွဲ့စည်းကာ ဒေသတွင်း ပြန်လည်တည်ငြိမ်းရေးကို အလေးပေးဆောင်ရွက်ခဲ့ပါတယ်။

 ဒါပေမဲ့ မြန်မာအစိုးရအဖွဲ့ ရဲ့ သတင်းပြန်ကြားရေးအားနည်း ချက်၊ ဘင်္ဂါလီအရေးလှုပ်ရှားသူ တွေ (သူတို့နာမည်တွေမှာရှိလို့ တပ်ထားကြ)ဆိုတဲ့ ပြည်ပနိုင်ငံ သားခံယူထားကြတဲ့ မြန်မာအချို့၊ အခြေအနေမှန်ကိုမသိကြတဲ့ ကုလ၀န်ထမ်းအချို့နဲ့ တစ်ဖက်သတ် ဆန်တဲ့ သတင်းဌာနအချို့က မမှန်သတင်းတွေ၊ ပုံဖျက်ထားတဲ့သ တင်းတွေ၊ အဓိပ္ပာယ်အမျိုးမျိုး ထွက်အောင် အမြီးဖြုတ်၊ ခေါင်း ဖြုတ်လုပ်ထားတဲ့ သတင်းတွေကို မီဒီယာ လေစီးကြောင်းထဲမှာ ကျယ်ကျယ်ပြန့်ပြန့်လွှင့်ထုတ် လိုက်ကြတာတွေကြောင့် မြန်မာ အစိုးရရဲ့ လူသားချင်းစာနာမှုနဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ကြိုးပမ်းမှုတွေဟာ အရာထင်သင့် သလောက် ခရီးမပေါက်၊ အရာမ ရောက်ခဲ့ဘဲ ပြင်းထန်တဲ့ နိုင်ငံရေး ဖိအားတွေကို ရင်ဆိုင်လာခဲ့ရပါ တယ်။ ၂၀၁၈ ဖေဖော်ဝါရီလအ တွင်းက ဂျာမနီ ဘာလင်မြို့မှာ ကျင်းပပြုလုပ်မယ့် ညီလာခံတစ် ခုမှာ ဆွေးနွေးမယ့်အကြောင်းအ ရာတစ်ခုကို 'The Berlin Con-ference of Myanmar Genocide'လို့ ခေါင်းစဉ်တပ်ထားခဲ့ပြီး UEHRD မြန်မာကိုယ်စားလှယ်အဖွဲ့ ညီလာ ခံတက်ရောက်ဖို့ကို ပိတ်ပင်ခံခဲ့ရ တဲ့ ဖြစ်ရပ်ကိုကြည့်ရင် နိုင်ငံအ တွက် ဘယ်လောက်ဖိအားတွေ ကြီးနေပြီဆိုတာ အထင်အရှားပါပဲ။

ဒီလိုအချိန်မျိုးမှာ လူမျိုးရေး ပြဿနာ၊ ဘာသာရေးပြဿနာ တွေကို အစဆွဲပြီး အစိုးရကို ဆန္ဒ ပြမှုတွေ လုပ်ကြတာတွေမြင်ရ၊ NVC ကတ်နဲ့ ခရီးသွားလာခွင့်ကိစ္စ ကို သက်ဆိုင်ရာက အကြောင်း ရင်းမှန်ကို ဖြေရှင်းချက်ထုတ်ပြီး တာတောင်မှ အစိုးရကို ပြစ်တင် ဝေဖန်နေကြသူတွေကို တွေ့လာ ရတော့ ရန်သူကို ကျည်ဆန်ရောင်း တဲ့ လုပ်ရပ်တွေပါကလားလို့ တွေးမိပါတယ်။ R2P ဆိုတဲ့ အသံတွေ၊ ICC ဆိုတဲ့ အသံတွေ ကျယ်ကျယ် လောင်လောင်ထွက်လာနေပြီး ကုလသမဂ္ဂရဲ့ ဖိအားတွေနဲ့ ရင် ဆိုင်လာရချိန်မျိုးမှာတောင် သခွတ်ပင်က မီးတကျည်ကျည် လုပ်ချင်နေကြတုန်းပါလားလို့ တွေးတွေးပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ‘အကောင်းဆိုးထင်၊ ဆိုး ကောင်းထင်နဲ့ အထင်လွဲပါ၊ တို့ မြန်မာကို ဘယ်ခါဆယ်၍ ရမည် လဲ။ သူ့ကို ငါငြိုး၊ ငါ့သူငြိုးနဲ့ အငြိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လဲ’ဆိုတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာလေးကို ကြေကြေကွဲကွဲရွတ်မိပါတယ်။

ဒီဒေသမှာ ဘင်္ဂါလီပြဿနာ ဟာ အခုမှ ကောက်ကာငင်ကာထ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမှာ အမှိုက်တွေလာရောက်စုပုံသလို ပါပဲ။ အနှစ်နှစ်အလလအောင်း နေခဲ့တဲ့ အိုင်းအမာ၊ ရိုးတွင်းခြင်ဆီခိုက်နေတဲ့ အနာမြုံကြီးပါ။ ဆူးနဲ့ ထွင်ရမယ့် အချိန်မှာ မထွင်ခဲ့တော့ပေါက်ဆိန်နဲ့ ပေါက်ရတဲ့ အခြေ အနေဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ ဒီအချိန်မှာ ဒီစကားတွေပြောနေ လို့ ဒီမီးက ငြိမ်းသွားမှာမဟုတ်ပါ ဘူး။ နိုင်ငံကိုချစ်တဲ့ နိုင်ငံသား တိုင်း တာဝန်သိသိနဲ့ အစိုးရနဲ့ အတူ ပူးပေါင်းဆောင်ရွက်ကြပြီး ဒီမီးကို ငြှိမ်းသတ်ကြရမှာပါ။ ပြည်ပနိုင်ငံများရဲ့ ဖိအားတွေကိုလည်း အစိုးရနဲ့ ပြည်သူတစ်ရပ်လုံးညီ ညီညွတ်ညွတ်နဲ့ ပခုံးကောင်း ကောင်း၊ နှလုံးကောင်းကောင်းနဲ့ ခုခံချေဖျက်ကြရမှာပါ။

ဒီအနောက်ဘက်ဒေသ မီး ဟာ လှိုင်သာယာအမှိုက်ပုံလောင် တဲ့မီးထက်ပိုပြီး အန္တရာယ်ကြီးပါ တယ်။ မီးလောင်မှုဧရိယာက ပို ပြီးကျယ်၊ ပိုပြီးဇောက်နက်ရှိုင်း လွန်းလို့ ပိုပြီးငြှိမ်းသတ်ဖို့ ခက်ခဲပါ တယ်။ အတွင်းမှာလည်း လောင် စာကအပြည့်၊ အပြင်ကလည်း ဓာတ်ဆီလောင်းလေကြောင်းက လည်း သန်နေတာကြောင့် ပိုပြီး လောင်အားကောင်းလွန်းလှပါ တယ်။ လှိုင်သာယာအမှိုက်ပုံမှာ အတွင်းမီးက လှိုက်လောင်နေချိန်၊မီးလောင်ရာလေပင့်နေချိန် Bio Foam မရှိလို့ မီးကိုအပြီးမသတ် နိုင်ဘဲ လူအားနဲ့ ရေပိုက်ကိုင်ပြီး မီးသတ်နေရတဲ့အဖြစ်မျိုးလိုပါပဲ။ ဒီမီးက နိုင်ငံအတွက် ပိုပြီးစိုးရိမ် စရာကောင်းပါတယ်။

ဒီအချိန်မျိုးမှာ ဒီမီးဘာ ကြောင့်လောင်သလဲ၊ ဘယ်ကစ လောင်သလဲ၊ ဘယ်သူတွေက ဘယ်တုန်းက ဘယ်လိုလုပ်ခဲ့လို့ ဒီပြဿနာတွေပေါ်ပေါက်လာရ တာလို့ အတိတ်ကိုတူးဆွပြီး ပြဿနာရှာနေရမယ့် အချိန်မဟုတ်ပါ ဘူး။ ဘယ်သူ့အမှား၊ ဘယ်ဝါ့ အလွန်လို့ အပြစ်တင်ပုံချနေရမယ့် အချိန်လည်းမဟုတ်တော့ပါဘူး။

ဒီအချိန်ဟာ အဟုန်တက်နေ တဲ့ မီးကို အညွန့်အစွယ်ကျိုး အောင်၊ အဲဒီကတစ်ဆင့် အကြွင်း မကျန်ငြိမ်းအောင် ၀ိုင်းဝန်းငြှိမ်း သတ်ကြဖို့ အရေးကြီးနေချိန်ပါ။ နိုင်ငံတော်ကို ချစ်ရိုးမှန်ပါရင်၊ နိုင်ငံသားတို့ အကျိုးစီးပွားကို လိုလားရိုးမှန်ပါရင် သခွတ်ပင်ကမီးတကျည်ကျည် လုပ်မနေသင့်တော့ဘဲ မီးငြှိမ်းရာမှာ တစ်ဖက်တစ်လက်တစ်တပ်တစ်အား  ၀ိုင်းဝန်းပါဝင်ကူညီကြရပါလိမ့်မယ်။

အိမ်အပြင်ကရန်ကို ရင်ဆိုင် သူက ရင်ဆိုင်နေရချိန်မှာ အိမ် တွင်းမှာ ဗြောင်းဆန်အောင် ကျွမ်းသူပုန်ထသူကတွေကထ၊ ပြဿနာပေါင်းစုံကို ခေါင်းခံရှင်းပေးနေတဲ့ သူလုပ်ရခက် ကိုင်ရခက်ဖြစ် အောင် စာအုပ်စိမ်းကြီးတကိုင် ကိုင်နဲ့ အိမ်ဦးခန်းက တန်ခိုးပြမ နေသင့်တော့ပါဘူး။ အနှစ်နှစ်အ လလ ပစ်စလက်ခတ်ထားခဲ့တဲ့ အမှိုက်ပုံကလောင်တဲ့ မီး- နိုင်ငံတော် ပြာသာဒ်ကိုမစွဲမလောင်ရလေအောင် အားလုံးတက်ညီလက်ညီဝိုင်းဝန်းပါဝင် မီးသတ်ကြပါစို့လို့ သတိပေးတိုက်တွန်းလိုက်ချင်ပါတယ်။။

(ဆောင်းပါးရှင် ထင်လင်းဦး(Wisdom Villa)သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် နိုင်ငံရေးဝေဖန်သုံးသပ်ချက်များ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်းပါးများ၊ စာတမ်းများ၊ ၀တ္ထုများ ရေးသားနေသူဖြစ်သည်)

Top News