NCA ချိုးဖောက်ကြောင်း စိစစ်တွေ့ရှိပါက သက်ဆိုင်ရာတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းအရ အရေးယူဟုဆို

နှစ်ဖက်လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူလူထုက ပေးပို့သည့် တိုင်ကြားစာ ၂ နှစ်အတွင်း ၄၀၀ ကျော်ရှိ

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ကော်မတီအဆင့်ဆင့်သို့ ရောက်ရှိလာသည့် တိုင်ကြားချက် များအရ NCA ချိုးဖောက်ကြောင်း စိစစ်တွေ့ရှိပါက ယင်းတပ်ဖွဲ့ဝင်ကို သက်ဆိုင်ရာတပ်ဖွဲ့ လုပ် ထုံးလုပ်နည်း၊ ဥပဒေအရ အရေး ယူကြောင်း ပြည်ထောင်စုအဆင့် JMC အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကပြောသည်။

မေလ ၉ ရက်က ပြုလုပ် သည့် JMC ကော်မတီအဆင့်ဆင့် မျက်နှာစုံညီ အစည်းအဝေးအပြီး ယင်းသို့ဖြေကြားသည်။


‘‘တိုင်ကြားစာတွေမှာ ပစ် ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ တိုင်ကြားမှုတွေပါသလို ပြည်သူ လူထုကို အကာအကွယ်ပေးရ မယ့် အချက်တွေလည်း JMC မှာ ဆောင်ရွက်ရတာရှိပါတယ်။ ဒါ ကြောင့်မို့ ဒီပြည်သူလူထုက ပေး ပို့တဲ့ တိုင်တန်းစာတွေလည်း ရှိပါ တယ်။ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အချင်းချင်း တိုင်ကြားတဲ့ စာ တွေလည်း ရှိပါတယ်။ ပေးပို့တဲ့ အခါမှာ တိုင်ကြားစာပါ အ ကြောင်းအရာကို သူတို့တပ်ဖွဲ့ဝင်တွေက စိစစ်ပါတယ်။ စိစစ်တဲ့ အခါမှာ တိုင်ကြားစာအတိုင်း မှန် ပါတယ်။ နောက် သူ့ရဲ့တပ်ဖွဲ့ဝင် က NCA ချိုးဖောက်တယ်ဆိုရင် ချိုးဖောက်တယ်ဆိုတဲ့သူကို တပ် ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေနဲ့ အညီ အရေးယူမှု လုပ်ရပါတယ်’’ ဟု JMC-U အစိုးရကိုယ်စား လှယ် ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောကြားသည်။

၂၀၁၅ အောက်တိုဘာကစ ၍ ၂၀၁၈ မေလဆန်းအထိ ကော် မတီအဆင့်ဆင့်သို့ ပေးပို့သည့် ပစ်ခတ်တိုက်ခိုက်မှုနှင့် သက်ဆိုင်သည့် ကန့်ကွက်တိုင်ကြားစာ ၄၁၁ စောင်ရှိကြောင်း JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကပြောသည်။

တိုင်ကြားစာများကို သက် ဆိုင်ရာ JMC ကော်မတီအဆင့် ဆင့်မှ အတွင်းရေးမှူးများက ကနဦး အတည်ပြုရယူ၍ သက်ဆိုင် ရာ လက်နက်ကိုင်တပ်ဖွဲ့ထံ ပြန် လည်ပေးပို့ စိစစ်စေကြောင်းနှင့် လက်ရှိတွင် တိုင်ကြားစာ ၃၃၀ ကျော် ဖြေရှင်းဆောင်ရွက်ပေးပြီးဖြစ်ကြောင်း JMC ပြောရေးဆိုခွင့်ရှိသူများကဆိုသည်။ ကရင်ပြည် နယ်နှင့် ရှမ်းပြည်နယ် JMC ကော်မတီများသည် တိုင်ကြားကန့်ကွက်စာ အများစုရရှိခဲ့ကြောင်း ပြည်နယ်အဆင့် JMC ကော်မတီ ဝင်များကပြောသည်။