ထားဝယ် ဘန်းချောင်း ကျောက်မီးသွေးတွင်းဟောင်း ထပ်မံစာချုပ် မချုပ်ရန်နှင့် လုံးဝရပ်ဆိုင်းပေးရန် ဒေသခံများ သမ္မတထံစာပို့

ဘန်းချောင်းကျောက်မီးသွေးတွင်းဟောင်းကို တွေ့ရစဉ်(ဓာတ်ပုံ − ထွန်းထွန်းမင်း)

ထားဝယ်မြို့နယ် ကွမ်းချောင်းကြီး ကျေးရွာအနီးရှိ ဘန်းချောင်း ကျောက်မီးသွေးတွင်းဟောင်းကို ထပ်မံစာချုပ် မချုပ်ဆိုရန်နှင့် လုံးဝရပ်ဆိုင်းပေးရန် ဒေသခံ ၅၀၀ ကျော်က နိုင်ငံတော်သမ္မတထံ မေလ ၈ ရက်တွင် စာပေးပို့ခဲ့သည်။

ဘန်းချောင်းကျောက်မီးသွေး တွင်းသည် ၂၀၁၇ မတ်လတွင် ဒေသခံများ၏ တင်ပြမှုကြောင့် တိုင်းဒေသကြီးအစိုးရက လာ ရောက်စစ်ဆေးကာ ယင်း ကျောက်မီးသွေးတွင်း တူးဖော်မှု ကို ယာယီပိတ်သိမ်းခဲ့သည်။ သို့ သော် အဆိုပါကျောက်မီးသွေး တွင်းမှ အနံ့များသည် ယခုအချိန် အထိ ထွက်ပေါ်နေသောကြောင့် ဒေသခံများ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါများ ဖြစ် ပွားနေကြောင်း ဒေသခံများ ကျန်း မာရေး ဆောင်ရွက်ပေးနေသော တာကပေါလူငယ်အဖွဲ့မှ မနော် ဆေးအယ်မူးက ပြောသည်။


ယင်းကျောက်မီးသွေးတွင်း သည် မိုးတွင်းကာလ၌ ပိုမိုအနံ့ များထွက်ရှိသလို ဒေသခံများ သည် ထိုအနံ့များကြောင့် အသက်ရှူကျပ်ခြင်း၊ ခေါင်းမူး၊ ခေါင်းကိုက်ခြင်းများ ဖြစ်ပေါ် သည့်အပြင် အဆိုပါကျောက်မီး သွေးမြေစာများ စီးဝင်နေသော ထီးဂေချောင်းရေ အသုံးပြုမိသူများသည် အရေပြားရောဂါများ ဖြစ်ပွားကြောင်း ၎င်းကပြောသည်။

အထက်ပါ ဘန်းချောင်း ကျောက်မီးသွေးတွင်းနှင့် ပတ် သက်၍ စိမ်းလန်းအမိမြေ ဖွံ့ဖြိုး တိုးတက်ရေးအသင်းမှ ၂၀၁၈ ဖေဖော်ဝါရီအတွင်း လေထုစစ် ဆေးမှုများ ပြုလုပ်ရာ ကာဗွန်မို နောက်ဆိုက် ဓာတ်ငွေ့များ ထွက် ရှိနေကြောင်း ယင်းအသင်းမှ ပတ်ဝန်းကျင် နည်းပညာကျွမ်း ကျင်သူ ဒေါက်တာကျော်ငြိမ်း အေးက ပြောသည်။

‘‘ဘန်းချောင်း ကျောက်မီး သွေးတွင်းက မလုပ်တော့ပေမယ့် ဒီအတိုင်းထားခဲ့တော့ အထဲမှာ လောင်စာတွေက မီးလောင်ပြီး အငွေ့တွေက ထွက်နေတာ။ ဒီ အငွေ့တွေကြောင့် ဒေသခံတွေ က အသက်ရှူကျပ်တာ အမြဲဖြစ် နေတယ်။ နောက်အရေပြား ရောဂါတွေလည်းဖြစ်ကြတယ်’’ ဟု ၎င်းကပြောသည်။

 ဘန်းချောင်းကျောက်မီး သွေးတွင်းကြောင့် ကွမ်းချောင်းကြီးကျေးရွာရှိ ဥယျာဉ်ခြံများ ဆုံးရှုံးပြီး ဒေသခံများ ကျန်းမာရေး ထိခိုက်သဖြင့် ၂၀၁၇တွင် တိုင်းဒေသကြီးအစိုးရက ကျောက်မီးသွေးတွင်းကို ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ ယာယီပိတ်သိမ်းခဲ့သည်။