အပစ်ရပ်အဖွဲ့များအကြား ပဋိပက္ခဖြစ်စဉ်များသည် နောက်ကြောင်းပြန်စိုးရိမ်မှုများကြောင့်ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ပြော

စစ်ရှောင်ပြည်သူများကို ထောက်ထား၍ တပ်များ ပြန်လည်ရုပ်သိမ်းရေး အမြန်ဆုံးညှိနှိုင်းရန် KNU တိုက်တွန်း

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC) တွင် ပါဝင်သည့် အဖွဲ့အစည်းများအ ကြား ပဋိပက္ခဖြစ်စဉ်များသည် တွေ့ဆုံညှိနှိုင်းအဖြေရှာမှုအား နည်းခြင်းနှင့် နောက်ကြောင်းပြန် စိုးရိမ်မှုကြောင့်ဖြစ်ကြောင်း ပြည် ထောင်စုအဆင့် JMC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။ 


JMC-U ၏ (၁၆)ကြိမ် မြောက်အစည်းအဝေးကို ယမန် နေ့က ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပစဉ် ၎င်းက ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။ JMC သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ အချက်များ အကောင်အထည်ဖော် ရန် ဖွဲ့စည်းထားသည့် ကော်မတီတစ်ရပ်လည်းဖြစ်ကာ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့ကိုးဖွဲ့ တာဝန်ရှိသူများနှင့် အ ရပ်သားကိုယ်စားလှယ်တို့ ပါဝင် သည်။ 

‘‘JMC အဖွဲ့အစည်းတွေ ကြားမှာ ပဋိပက္ခဖြစ်စဉ်လေးတွေ အနည်းငယ် ရှိနေတာကိုလည်း တွေ့ရပါတယ်။ ပြန်ပြီးတော့ ဆန်း စစ်ကြည့်တဲ့အခါမှာ ကျွန်တော်တို့  ကော်မတီဝင်အချင်းချင်းကြားမှာ တွေ့ဆုံညှိနှိုင်း အဖြေရှာမှုတွေ နည်းနည်း အားနည်းတာကို တွေ့ ရတယ်။ တချို့ကိစ္စတွေမှာ အရင် တုန်းက ဒါတွေဖြစ်ခဲ့တယ်။ အခု ဒါများထပ်ဖြစ်နိုင်မလားဆိုတဲ့ ပြန်ပြီးတော့မှ၊ နောက်ကြောင်း ပြန်ပြီးတော့မှ စိုးရိမ်ပူပန်မှုတွေ ရှိနေတာလည်း တွေ့ရပါတယ်’’ ဟု အစိုးရကိုယ်စားလှယ်လည်း ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။ 

ယင်းတွေ့ရှိချက်များကို မူ တည်၍ ပွင့်လင်းမြင်သာမှု၊ တာ ဝန်ယူမှုနှင့် ယုံကြည်မှု တည် ဆောက်ရန် လိုအပ်ကြောင်း ၎င်း က အကြံပြုသည်။ 

လက်နက်ကိုင် နှစ်ဖွဲ့စလုံး သည် ကိုယ့်ယုံကြည်ချက်နှင့် ကိုယ် ပြည်သူလူထု၏ အကျိုးစီးပွားကို စောင့်ရှောက်ကာကွယ်နေခြင်း ဖြစ်၍ ပစ်ခတ်မှုဖြစ်စဉ်များ ကြောင့် ထွက်ပြေးတိမ်းရှောင်နေ ရသည့် ပြည်သူလူထု၏အကျိုး စီးပွားကို ထောက်ထားခြင်းဖြင့် ၎င်းတို့၏နေရပ်ပြန်ရေး၊ တပ်များ ပြန်လည်ရုပ်သိမ်းနိုင်ရေးနှင့် နှစ် ဖက်တပ်များအကြား အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်စေရေး ညှိ နှိုင်းတွေ့ဆုံမှုများ အမြန်ဆုံးပြု လုပ်ရန်လည်း ပြည်ထောင်စုအ ဆင့် JMC ဒုတိယဥက္ကဋ္ဌ(၁) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ဗိုလ်ချုပ်စောအိုက် ဇက်ဖိုးက အစည်းအဝေးတွင် တိုက်တွန်းသည်။ 

‘‘အခြေအနေ အမျိုးမျိုး ကြောင့် ယုံကြည်မှုနိမ့်ကျနေသေး တဲ့ ဒေသမှာ ဘာပဲလုပ်လုပ် အထူး သတိထားရမှာဖြစ်ပါတယ်။ ကြို တင်ညှိနှိုင်းမှုများကို ပြုလုပ်ဖို့ လို အပ်ပါတယ်။ ဘာမဟုတ်တဲ့ အ သေးအဖွဲ ယုံကြည်မှုများပင်လျှင် ရှိပြီးသားယုံကြည်မှုကို ပျက်ပြား စေနိုင်ပြီး လက်နက်ကိုင်ပဋိပက္ခ အခြေအနေကို ပြန်လည်တွန်းပို့ နိုင်ပါတယ်။ ဒါကလည်း လက်ရှိ ဖြစ်ပွားနေတဲ့ ဖြစ်စဉ်များအပေါ် အခြေခံ ပြောကြားခြင်းဖြစ်ပါ တယ်’’ဟု KNU စစ်ထောက်ချုပ် ဗိုလ်ချုပ်စောအိုက်ဇက်ဖိုးက ပြောသည်။ 

အပစ်ရပ်ပူးတွဲစောင့်ကြည့် ရေးနှင့် ပတ်သက်၍လည်း ကော် မတီကျင့်ဝတ်များ၊ လုပ်ငန်းအ ကောင်အထည်ဖော်မှုနှင့်ပတ် သက်၍ သက်ဆိုင်ရာ အောက်ခြေ တပ်သားများ တိတိကျကျသိရှိနိုင် ရေးရှင်းလင်းချပြရန်လည်း ပြည် ထောင်စုအဆင့် JMC တာဝန်ရှိသူ များက တိုက်တွန်းသည်။ 

More in Politics Section