ပုဂံအရွေ့ကို ခေတ္တတီးခေါက်ကြည့်ခြင်း

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

မနက်၅နာရီခန့်ဝေလီဝေ လင်းအချိန်၊ ညောင်ဦးမြို့အဝေး ပြေးကားဝင်းထဲသို့ ၀င်ရောက် လာတဲ့ဟိုင်းဝေးကားကြီးကို အ ညာမြေက မိုးဖွဲလေးနဲ့ဆီးကြိုပါ တယ်။

‘‘ရောက်ပြီ’’ဆိုပြီး သူငယ် ချင်းတစ်ယောက်က တပ်လှန့် လိုက်တာကြောင့် ကျွန်မတို့အား လုံး အိပ်မှုန်စုံမွှားနဲ့ အ၀တ်ထုပ် တွေချ၊ ပစ္စည်းတွေကျန်၊ မကျန် ကြည့်ရင်း ကားပေါ်ကဆင်းကြ တယ်။ ကားပေါ်ကအဆင်း ရှူ ရှိုက်မိတဲ့နံနက်ခင်းလေပြည်က မိုးရနံ့လေးနဲ့အတူ လတ်ဆတ် အေးမြလျက်၊ အကြိမ်မရေတွက် နိုင်အောင် ရောက်ရှိခဲ့ဖူးပေမယ့် ရှေးဟောင်းမြို့ပုဂံရဲ့ အငွေ့အ သက်က ကျွန်မအတွက်တော့ ဆန်းသစ်နေမြဲ၊ ရင်ခုန်ရဆဲ။

ဒီတစ်ခေါက်ပုဂံခရီးစဉ်က ကျွန်မတို့သူငယ်ချင်းငါးယောက် လုံးအတွက် ထူးခြားတယ်လို့ဆိုရ မယ်။ ဒီခရီးစဉ်ဖြစ်ဖို့အတွက် တစ်ယောက်မအား တစ်ယောက် စောင့်ရင်း တစ်နှစ်ကျော်လောက် အချိန်ယူခဲ့ရသလို လုပ်ငန်းခွင်ဝင် ရောက်စ အသက်(၂၀)ကျော်အ ရွယ်အမျိုးသမီးငယ်လေးတွေ ကိုယ်ပိုင်စိတ်ကူးနဲ့ မိဘမပါဘဲ ပထမဆုံးလာရောက်တဲ့ ခရီး လည်းဖြစ်ပါတယ်။ အိုင်တီသ မား၊ သတင်းထောက်၊ ကျောင်း ဆရာမစသဖြင့် မတူညီတဲ့အ၀န်း အ၀ိုင်းမှာ ကျင်လည်နေကြပေ မယ့် ကျွန်မတို့တစ်တွေရဲ့ ပုဂံမြို့ ပေါ်ထားရှိတဲ့ ဂုဏ်ယူစိတ်က တော့ တူညီကြတယ်။ ဒါကြောင့် လည်း ပုဂံမှာသုံးရက်လောက်နေ ပြီး အရင်က မရောက်ဖူးသေးတဲ့ ဘုရားငယ်တွေနဲ့ ဂူဘုရားတွေကို သွားရောက်လေ့လာလည်ပတ်ဖို့ စိတ်ကူးကြပါတယ်။

ဘုရားဖူးကားနဲ့ လာသလို တန်ခိုးကြီးဘုရားတစ်ဆူဝင်၊ အ ချိန်ခဏလောက် ဘုရားဖူး၊ နောက်တစ်နေရာသွားဆိုတဲ့ ခံ စားချက်မျိုးထက် သာလွန်တဲ့စွန့် စွန့်စားစားရှာဖွေသွားလာတာမျိုး တွေလုပ်ဖို့ စိတ်ကူးယဉ်ခဲ့ကြ တယ်။

‘‘ဟော ဟိုမှာ ပုဂံမြို့ဟောင်း က ကြိုဆိုပါ၏ မုခ်ဦးတွေ့ပြီ’’ လို့ ကျွန်မတို့အုပ်စုထဲက တစ် ယောက်က လက်ညှိုးညွှန်တယ်။ ကားဝင်းထဲက လိုက်ပို့တဲ့ ဖယ်ရီ ကားစီးလာတာ ငါးမိနစ်လောက် အကြာမှာတော့ သမိုင်းဝင်ပုဂံမြို့ ဟောင်းကို ကျွန်မတို့ရောက်ပါ ပြီ။

ကျွန်မပုဂံကို နောက်ဆုံးအ ကြိမ်ရောက်ခဲ့တာက ၂၀၁၅ နှစ် ကုန်ပိုင်း။ အဲဒီတုန်းကတော့ မိ သားစုနဲ့ လာရောက်တာဖြစ်ပြီး ဆောင်းတွင်းကာလခရီးသွားများ တဲ့ အချိန်လည်းဖြစ်လို့ ဟိုတယ် အခန်းတစ်ခန်းရဖို့ကိုပဲ အချိန်အ တော်ယူကြိုးစားခဲ့ရတယ်။ မုန့် ဆိုင်၊ အမှတ်တရပစ္စည်းအရောင်း ဆိုင်တွေမှာလည်း ခရီးသွားတွေ ပြုံတိုးနေပြီး လမ်းတစ်လျှောက် Ebike တွေကလည်း အစီအရီ။ အခုမေလဆန်းပိုင်းခရီးစဉ်မှာ တော့ တည်းနေကျဟိုတယ်မှာ တောင် လူအယောက် ၃၀ လောက်ပင်မပြည့်။ ဟိုတယ်ကို လာရာလမ်းတစ်လျှောက်မှာ လည်း လမ်းသွား၊လမ်းလာရှင်း လင်းနေတယ်။ နံနက်ပိုင်းမို့ လူ ရှင်းတယ်လို့ ဆိုနိုင်ပေမယ့်အရင် အခေါက်ခရီးသွားများတဲ့ကာလ နဲ့နှိုင်းယှဉ်လျှင်တော့ သိသိသာ သာကွာခြားနေတယ်။

ဟိုတယ်ကို ရောက်ပြီးခဏ တစ်ဖြုတ်အနားယူကြ၊ မနက် ၈ နာရီလောက်မှာတော့ အညာနွေ က ဇာတိပြပါပြီ။ မနက်စောစော မိုးဖွဲလေးတွေနဲ့အအေးဓာတ်က နေမင်းကြီးရဲ့  အရှိန်ကြောင့် အ ငွေ့ပြန်ပျောက်ကွယ်သွားပြီ။ ‘‘အ ညာနွေက ပူတယ်နော်’’လို့ ပုဂံမြို့ သူဟိုတယ်ဝန်ထမ်းလေးက ပြော တယ်။ အပူရှိန်တော်တော်မြင့်နေ ပေမယ့် ရန်ကုန်သူ၊ရန်ကုန်သား ခရီးသွားတွေအဖို့တော့ အဲဒီအ ညာနွေပူကို သဘောကျတယ်။ ဘတ်စ်ကားမီးခိုးငွေ့တွေ၊ ညှော် နံ့တွေ၊ နေအပူရှိန်တွေနဲ့ မွှန်ထူ နေတဲ့ ရန်ကုန်ထက်တော့ ပုဂံနွေ က အသာကြီးသာလျက်။

Ebike တွေငှား၊ ညောင်ဦး မြို့အနီးက ရွှေစည်းခုံစေတီကို ပထမဆုံးဦးခိုက်ဖူးမြော်ခြင်းနဲ့ ကျွန်မတို့ရဲ့ပထမနေ့ကို စတင်ပါ တယ်။ ရွှေစည်းခုံစေတီနဲ့သိပ် မဝေးလှတဲ့ ထီးလိုမင်းလိုစေတီ တော်ကြီးကိုပါ တစ်ပါတည်းဖူး မြော်ကြတယ်။ ပြီးတော့ စေတီ ရင်ပြင်မှာ ခဏနားပြီးတော့ ရွှေ စည်းခုံဘုရားလမ်းအတိုင်း ထွက် လာခဲ့ပြီး လမ်းဘေးဝဲယာဆိုင်း ဘုတ်တွေကြည့်ကာ ဟိုဝင်ဒီ ထွက်နဲ့ပဲ အထင်ကရဘုရားစေတီ တွေကို ဆက်တိုက်ဖူးမြော်ကြ တယ်။

နေ့လယ်စာကိုတော့ ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် လာစားခဲ့ဖူးတယ်လို့ နာမည်ကြီး တဲ့ သရပါဂိတ်တံခါးဝအနီးက ထမင်းဆိုင်မှာ စားဖို့ရွေးချယ်ကြ တယ်။ အရင်စားနေကျဆိုင်ရှိပေ မယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာစားဖူးတယ်ဆိုတာ ကြောင့် အဲဒီဆိုင်လေးမှာ နေ့ လယ်စာစားဖို့ ကျွန်မတို့တစ်တွေ ဆုံးဖြတ်ကြတယ်။ ထမင်းဆိုင် လေးရဲ့ အပြင်အဆင်က ရိုးရှင်း ပြီး ၀ါး၊ ဓနိမိုးနဲ့မြေစိုက်ဆိုင်က လေးပါပဲ။ ဆိုင်ထဲမှာ သစ်သား စားပွဲနဲ့ စားပွဲဝိုင်း ၁၀ ၀ိုင်း လောက်ခင်းထားတယ်။ ကြက် သား၊ ၀က်သားစတဲ့အသားဟင်း အမည်ငါးမျိုးလောက်နဲ့ စုံလင်လှ တဲ့အရန်ဟင်းတွေကတော့ကျွန်မ တို့ကို ဆွဲဆောင်နိုင်ခဲ့တယ်။ မန် ကျည်းရွက်သုပ်ကတော့ ကျွန်မ တို့သူငယ်ချင်းတွေအတွက် အ ထူးဟင်းလျာပါပဲ။

ထမင်းစားပြီး နေ့လယ်ပိုင်း မှာတော့ ဟိုတယ်ကို ပြန်ပြီးအ နားယူကြတယ်။ ညနေ ၄ နာရီ ခွဲလောက်မှာတော့ နေ၀င်ချိန် ကြည့်ဖို့ပြန်ထွက်ကြတယ်။ အ ရင်ကတော့ ပုဂံနေ၀င်ချိန်ကြည့် ဖို့ စေတီငါးဆူပေါ်တက်ခွင့်ပေး ထားခဲ့တယ်။ ဒါပေမဲ့ ၂၀၁၆ ဩဂုတ်အတွင်းက လှုပ်ခတ်ခဲ့တဲ့ ပုဂံငလျင်ကြောင့် စေတီပုထိုး တွေ ထိခိုက်မှုရှိခဲ့ပြီးနောက်ပိုင်း မှာတော့ ရွှေဆံတော်၊ တောင်ဂူနီ နဲ့ မြောက်ဂူနီစေတီတွေမှာသာ နေ၀င်ချိန်ကြည့်ဖို့ တက်ရောက် ခွင့်ပြုခဲ့တယ်။ အခုတော့ စေတီ ပုထိုးတွေအပေါ် တက်ရောက်ခွင့် ပိတ်ထားပြီး ပုဂံဒေသကိုလာ ရောက်တဲ့ခရီးသွားတွေနေ၀င် ချိန်ကြည့်နိုင်ဖို့အတွက် ရေကန် ဟောင်းတွေကို ဆယ်ယူပြီး တောင်ကုန်းသုံးခု  ပြုလုပ်ထား တယ်။

ပုဂံဒေသရဲ့ နေ၀င်ချိန်အလှ ကို ကြည့်ရှုခံစားနိုင်ဖို့ ကျွန်မတို့ သူငယ်ချင်းတစ်သိုက် အလိုတော် ပြည့်ဘုရားအနီးက လက်ဖက် ကုန်းကို ရွေးချယ်ကြတယ်။ လူ လုပ်တောင်ကုန်းပေါ်က နေ၀င် ချိန်ကြည့်ရတဲ့အရသာကလည်း တစ်မျိုးဆန်းပါတယ်။ အရင်နေ ၀င်ချိန်ကြည့်လို့ရတဲ့ ရွှေဆံတော် ဘုရားပေါ်ကမြင်ရတဲ့မြင်ကွင်း လောက် ရှုခင်းမကောင်းပေမယ့် လေတဖြူးဖြူးနဲ့ဆိုတော့ အဆင် ပြေလှတယ်။

ကျွန်မတို့သူငယ်ချင်းတစ် သိုက်စကားပြောနေချိန်မှာပဲ နေ လုံးကြီးက တောင်တန်းအစွန်အ ထိ ဆင်းမလာဘဲ တိမ်တွေကြား မှာပဲ ငုံ့လျှိုးပျောက်ကွယ်သွား တယ်။ ဒီနေ့အတွက်တော့ နေ၀င် ချိန်ကြည့်ဖို့ မျှော်လင့်ချက်ဆိတ် သုဉ်းခဲ့ရပြီ။

ခရီးစဉ်ဒုတိယနေ့မှာ အာ နန္ဒာ၊ ဂေါ်ဓောပလ္လင်၊ ပြာသာဒ် ကြီး၊ ဓမ္မရံကြီး၊ မနူဟာ၊ လောက နန္ဒာ၊ ဗူးဘုရား၊ အလိုတော်ပြည့်၊ ဓမ္မရာဇက၊ မြစေတီ၊ မင်းအိုချမ်း သာ၊ စူဠာမဏိ၊ ရွှေဆံတော်၊ သဗ္ဗညုအစရှိတဲ့   စေတီတော် ကြီးများစွာကို မပါမဖြစ်ဖူးမြော် ခဲ့ကြတယ်။

ပုဂံရှေးဟောင်းသုတေသီဦး ဗိုကေစကားနဲ့ပြောရရင်တော့ ‘များစွာသောအဆောက်အအုံ များမှာ ပျက်စီးယိုယွင်းပျောက် ကွယ်သွားပြီး ဖြစ်သော်လည်း ကျန်ရှိနေသေးသမျှ အရေအ တွက် ၂,၀၀၀ ကျော်တို့သည်ပင် လျှင် ပုဂံဒေသမိုင် ၂၀ ခန့်ပတ် လည်နေရာ၌ တည်ရှိနေပုံမှာ အ လွန် အံ့ဩစိတ်ဝင်စားဖွယ် ကောင်းသည်’။

နောက်ဆုံးနေ့တွင်မှာ နေ ထွက်ချိန်ကြည့်ဖို့ရှာတော့ မြင်းက ပါဂူပြောက်ငယ်အနီးက ရှေး ဟောင်းအဆောက်အအုံတစ်ခု ပေါ်တက်ပြီး နေထွက်ချိန်ကြည့် လို့ရတဲ့အကြောင်း ဒေသခံတစ်ဦး က လမ်းညွှန်ပေးတယ်။ အဲဒါ ကြောင့် မနက်စောစောထသွား ကြတယ်။ ဟိုတယ်ကနေ  ၁၀ မိနစ်ကျော်လောက် Ebikeမောင်း ပြီး လမ်းမပေါ်ကနေ ဘယ်ဘက် လမ်းချိုးကလေးအတိုင်းတစ်ဘ လောက်စာလောက် ချိုးဝင်လိုက် တော့ ထိုသူညွှန်ပြတဲ့ နေရာဆီကို ရောက်ပါတယ်။

ဂူသဏ္ဌာန်အဆောက်အအုံ ဟောင်းလေးထဲကို လှမ်းကြည့် လိုက်တော့ ခေါင်းတလားအချို့ ရှိနေတာကို တွေ့ရတယ်။ သံဆူး၊ သစ်သားချွန်တွေကို သတိပြုဖို့ ပြောရင်း လမ်းညွှန်လေးက သူ ကိုယ်တိုင်ရှေ့က၀င်သွားတယ်။ သုံးပေပတ်လည်လောက်ပဲရှိတဲ့ လူလျှောက်လမ်းလေးကနေ ၀ပ် တွားတက်သွားပြီးမှ အဆောက် အအုံအမိုးပေါ်ကို ရောက်တယ်။ အဲဒီနေရာက ကြည့်ရတဲ့ပုဂံမြင် ကွင်းက အရင်ရွှေဆံတော်စေတီ ပေါ်က ကြည့်ရတဲ့မြင်ကွင်းလိုပဲ ခံစားရတယ်။ ‘‘ဒီမှာက စေတီပု ထိုးမဟုတ်ဘဲ နေ၀င်ချိန်ကြည့်လို့ ရတဲ့အဆောက်အအုံတွေတော့ရှိ ပါတယ်။ ဒါပေမဲ့ ရှာရဖွေရတယ်။ သတိလည်း ထားရတယ်။ အစ်မ တို့ ကံကောင်းတယ်’’ ဟု ဒေသခံ လမ်းညွှန်မောင်ညိုက ဆိုပါ တယ်။

ခရီးစဉ်အတွင်း လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က ရင်းနှီးခဲ့ဖူး တဲ့ အုန်းရည်ဆိုင်လေးကို ပြန် ရောက်တော့ ယခင်ဆိုင်အပြင်အ ဆင်လေးအတိုင်း ဓနိမိုးလေးနဲ့ ပြောင်းလဲမှုမရှိ။ ဘာသာစကား လေးမျိုးလောက်အကြမ်းဖျင်း ပြောတတ်တဲ့ အဲဒီဆိုင်ကကိုယ့် အသိမိတ်ဆွေရဲ့ သားလေးက လည်း ပို့စကတ်လေးတွေ ရောင်း နေဆဲ။

သုံးရက်မြောက်နေ့ညနေ ပိုင်းရောက်တော့ လာလမ်းအ တိုင်းပဲ ကားဝင်းစုရပ်သို့ ကျွန်မ တို့ ပြန်ကြတယ်။ ကားကြီးစထွက် တော့ အလာတုန်းကလိုပဲ မိုးဖွဲ လေးက ကျွန်မတို့ကို နှုတ်ဆက် ရှာတယ်။ သုံးရက်တိတိနေပူပူ ကြား တစ်နေကုန်တစ်နေခန်း သွားလာခဲ့ကြပေမယ့် ကျွန်မတို့ တစ်တွေ မပင်ပန်း၊ပျော်ရွှင်လန်း ဆန်းနေကြတယ်။ ကားပေါ်မှာ လည်း တ၀ါးဝါး တဟားဟားနဲ့ ပုဂံအတွေ့အကြုံတွေကို မမော နိုင်၊ မပန်းနိုင်ပြောရင်းပြန်ခဲ့ကြ တယ်။

ပုဂံရာဇ၀င်၊ ပုဂံသမိုင်းနဲ့ ပတ်သက်ပြီး ကျွန်မတို့လူငယ် တွေသိထားတဲ့အသိက အနည်း အကျဉ်းမျှသာရှိပါတယ်။ ဒါပေမဲ့ ပုဂံမြေက ဘ၀တွေ၊ ပုဂံမြေရဲ့ ပြယုဂ်တွေကတော့ ကျွန်မတို့အ တွေးထဲ စွဲဝင်ကျန်နေတယ်။ ပုဂံ မြေက ကျွန်မတို့ကို ပျော်ရွှင်မှုတွေ ပေးတယ်။ အေးချမ်းမှုတွေ ပေး တယ်။ ဗဟုသုတတွေပေးတယ်။ အိုဟောင်းမှုကြားက လတ်ဆတ် သစ်လွင်တဲ့အတွေးကို ပေးတယ်။ ပုဂံရှေးဟောင်းမြို့တော်သည် ခေတ်ကာလတစ်လျှောက် စီး မျောနေဦးမည်သာ။