Y-8 လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူများအား ရည်စူး၍ တပ်မတော်က ရှင်မော်အငူ၌ စေတီတစ်ဆူတည်

 တပ်မတော် သယ်ယူ ပို့ဆောင်ရေးလေယာဉ် (Y-8) ပျက်ကျမှုတွင် သေဆုံးသည့်အ ရာရှိ၊ စစ်သည်၊ မိသားစုဝင်များ အားရည်စူး၍ တနင်္သာရီတိုင်းဒေ သကြီး လောင်းလုံးမြို့နယ် ရှင် မော်အငူတွင် တပ်မတော်က လွမ်းစေတီတစ်ဆူ တည်ထား ကြောင်း ယင်းမြို့နယ်အုပ်ချုပ် ရေးမှူးဦးကျော်သူက ပြောသည်။


တပ်မတော်က ဦးဆောင်၍ ဉာဏ်တော်၂၇ပေ မြင့်သည် အဏ္ဏ၀ါရှင်မော်စေတီ ကိုရှင်ကိုး ရှင်သမိုင်းဝင် ရှင်မော်ဘုရားပရိ ၀ုဏ်အတွင်း တည်ထားရန် မတ် လ ၁ရက် (တပေါင်းလပြည့်နေ့)တွင်စတင်အုတ်မြစ်ချခဲ့သည်။

ထို့နောက်မေလ ၅ရက်တွင်  အဆိုပါစေတီတော် ရတနာစိန် ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေ ထီးတော်အသစ်တင်လှူခြင်းနှင့်  ဗုဒ္ဓါဘိသေကအနေကဇာတင်ပူ ဇော်ပွဲအခမ်းအနားသို့ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ခဲ့သည်ဟု ဦးကျော် သူကဆိုသည်။

‘‘ဆရာတော်တွေဆီက တရားနာတယ်။ ထီးတင်တယ်။ ပြီးရင်ဆွမ်းကပ်တယ်။ လုပ်ရိုးလုပ် စဉ် အတိုင်းပါပဲ။ Y-8 လေယာဉ် နဲ့ ပတ်သက်ပြီး ကျဆုံးသွားတဲ့ အရာရှိ၊ စစ်သည်၊ မိသားစုတွေကို ရည်စူးပြီးတော့မှ ကုသိုလ်ကောင်းမှုပြုတဲ့အနေနဲ့ ဒီစေတီကို တည်ပေးတဲ့အကြောင်းလေးပဲ  အခမ်းအနားမှူးက ပြောတဲ့အထဲမှာ ပါတာပေါ့နော်’’ ဟု ၎င်းကရှင်း ပြသည်။

Y-8 (၅၂၈၀) လေယာဉ် သည်ယမန်နှစ် ဇွန်လ ၇ရက်က မြိတ်မြို့မှ ရန်ကုန်သို့ ပျံသန်းစဉ် မြတ်ရှင်မော်စေတီ ကုန်းမြေအ စွန်းမှ အနောက်ဘက် ၈မိုင်အ ကွာပင်လယ်ပြင်အတွင်း ပျက်ကျ ပြီး လေယာဉ်ပေါ်လိုက်ပါလာ သူ ၁၂၄ ဦးသေဆုံးခဲ့သည်။ ဆိုး ရွားသော ရာသီဥတုနှင့် ကြုံတွေ့ ရကာ လေယာဉ်ကို ထိန်းချုပ်နိုင် ခြင်းမရှိတော့၍ ပျက်ကျခြင်းဖြစ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ သည်။