သတင်းမီဒီယာအခန်းကဏ္ဍတွင် အစိုးရပါဝင်လာပါက ၀ါဒဖြန့်ချိရေးဖြစ်လာနိုင်ဟု ဦးဖြိုးမင်းသိန်းပြော

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို မြန်မာဂျာနယ်လစ်သမဂ္ဂအဖွဲ့ဝင်များနှင့် တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)

 မီဒီယာအခန်းကဏ္ဍ မြှင့်တင်ရန် အစိုးရအနေဖြင့် ပံ့ပိုးပေးခြင်းသာပြုလုပ်နိုင်ပြီး သတင်းမီဒီယာအခန်းကဏ္ဍတွင် အစိုးရပါဝင်လာပါက ၀ါဒဖြန့်ချိရေးဖြစ်လာကာ အန္တရာယ်ဖြစ်စေနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။


မေလ ၁၁ ရက်က ရန်ကုန် မြို့ နိုဗိုတယ်ဟိုတယ်တွင် ကျင်း ပသည့် မြန်မာဂျာနယ်လစ်သမဂ္ဂ နှစ်ပတ်လည်ညီလာခံ၌ အမှာ စကားပြောကြားရာတွင် ၀န်ကြီးချုပ်က ယင်းသို့ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

‘‘အစိုးရရဲ့ သတင်းမီဒီယာ ပေါ် ပါဝင်လာမှုက အန္တရာယ်ရှိပါ တယ်။ အဲဒါဝါဒဖြန့်ချိရေးဖြစ် တတ်ပါတယ်။ ဒါဟာ အာဏာရှင်နိုင်ငံတွေနဲ့ ဆိုရှယ်လစ်နိုင်ငံတွေ မှာ အစိုးရက ၀င်ပြီးဆောင်ရွက် ကြတဲ့ အခြေအနေမျိုး ဖြစ်ပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ တ ဖြည်းဖြည်းလက်လွှတ်ဖို့အတွက် က ဘယ်လောက်မြှင့်ပြီးပြီလဲဆို တဲ့ အခြေအနေနဲ့ ပတ်သက်ရင် ပြန်သုံးသပ်ရမယ့်အခြေအနေဖြစ် ပါတယ်’’ဟု ၎င်းက ပြောသည်။

သတင်းမီဒီယာများလွတ် လပ်ခွင့်သည် သတင်းမီဒီယာဆိုင် ရာအဖွဲ့အစည်းများ၏ လက်ထဲ တွင်သာရှိပြီး မီဒီယာအရည်အ သွေးမည်မျှရှိသည်ကိုလည်း ချိန် ဆရမည်ဖြစ်ကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

ရခိုင်ဒေသအတွင်း အကြမ်း ဖက်မှုများဖြစ်စဉ်တွင် သတင်းမီဒီ ယာကဏ္ဍမြင့်မားခြင်းမရှိသော ကြောင့် ကမ္ဘာက မြန်မာနိုင်ငံကို အကြမ်းဖက်သမားအသွင် မြင်နေသည့် ဖြစ်စဉ်များရှိသည်ဟု ၎င်းက ပြောသည်။

‘‘ကျွန်တော်တို့ သတင်းမီဒီ ယာအခန်းကဏ္ဍကို မမြှင့်တင်နိုင် ခဲ့တဲ့အချိန်မှာ ကျွန်တော်တို့က အကြမ်းဖက်ခံရတဲ့ဘ၀ကနေ အကြမ်းဖက်သူများအဖြစ် စွပ်စွဲ ပြစ်တင်ခံရတဲ့အခြေအနေမျိုးကို ကြုံနေရတယ်။ ကျွန်တော်တို့နိုင်ငံ အကြမ်းဖက်ခံရတယ်ဆိုတာကို ကမ္ဘာကြီးက မြှုပ်ထားသလို ဖြစ် နေပါတယ်။ ဟိန္ဒူတွေအသတ်ခံ ရမှုနဲ့ ပတ်သက်ပြီး အစုလိုက်အပြုံလိုက်ဖော်ထုတ်နိုင်တာတောင် ဘယ်သူမှ မစာနာနိုင်ဘူးဖြစ်နေပါ တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ သတင်းမီဒီယာလောက တိုးတက် စေရန် သတင်းမီဒီယာအခန်းကဏ္ဍကို မြှင့်တင်ရန်လိုအပ်ကြောင်း ဦးဖြိုးမင်းသိန်းက တိုက်တွန်းသည်။

‘‘သတင်းမီဒီယာတွေရဲ့ စွမ်း ဆောင်မှုကြောင့် ဒီမိုကရေစီပြု ပြင်ပြောင်းလဲမှုနဲ့ ကျွန်တော်တို့ ဒီမိုကရေစီခရီးလမ်းကို ကျွန်တော်တို့ သယ်ဆောင်လာခဲ့တာဖြစ်ပါ တယ်’’ဟု ၎င်းက ပြောသည်။

ဦးဖြိုးမင်းသိန်းသည် အစိုးရလက်ထက်အတွင်း မီဒီယာကို ပထမဆုံးတရားစွဲဆိုသည့် ၀န်ကြီးချုပ် ဖြစ်သည်။ ၂၀၁၆ နိုဝင်ဘာ ၆ ရက်ထုတ် အလဲဗင်းနေ့စဉ်သတင်းစာတွင် ဖော်ပြသော အယ်ဒီတာ့အာဘော်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က တရားစွဲဆိုခြင်း ဖြစ်ကာ လက်ရှိအချိန်ထိ တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။