ဖာပွန်ခရိုင်တွင် စစ်ရေးတင်းမာမှု တပ်မတော်နှင့် KNU တို့ မေလတတိယပတ်၌ တွေ့ဆုံရန် JMC-U ညှိနှိုင်း

ဖာပွန်ခရိုင်တွင် တိုက် ပွဲဖြစ်ပွားမှု၊ စစ်ရေးတင်းမာမှုနှင့် ပတ်သက်၍ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံးတာဝန်ရှိ သူများ မေလတတိယပတ်၌ ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ  ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC - U) အတွင်းရေးမှူး (၁) ဒေါက်တာ ရွှေခါးရ်က ပြောသည်။

တပ်မတော်မှ ဒုတိယဗိုလ် ချုပ်ကြီး  ရာပြည့်ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး  တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ် စားလှယ်များ၊ အရပ်သားကိုယ်စားလှယ်များပါဝင်သည့် JMC-U အစည်းအဝေးကို ရန်ကုန်မြို့၌ ပြုလုပ်ပြီး မေလ ၁၁ ရက်တွင် JMC-U ကိုယ်စားလှယ်များက သတင်းစာရှင်းလင်းခဲ့သည်။


‘‘မေလ တတိယပတ်အတွင်း အမြန်ဆုံး  တွေ့နိုင်ရေးအတွက် ကျွန်တော်တို့ စီစဉ်နေပါတယ်။ KNU ဘက်ကလည်း MANT လို့ ခေါ်တဲ့ အဖွဲ့ကို ဖွဲ့စည်းထားပါပြီ။ ပြီးတော့ အစိုးရဘက်ကလည်း အထူးသဖြင့် တပ်မတော်ဘက်က လည်း သူတို့နဲ့ သွားရောက်တွေ့ ဆုံမယ့် အဖွဲ့တွေဖွဲ့လာပါလိမ့် မယ်။ ဒါပေမဲ့ အစိုးရဘက်ကတော့မေတ္တာရပ်ခံထားတာတော့ နယ် မြေခံတပ်မှူးကိုယ်တိုင်ပါလာဖို့ ကိုတော့ သူတို့မေတ္တာရပ်ခံထား ပါတယ်။ ဆိုတော့ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားမှာပေါ့’’ဟု ဒေါက်တာ ရွှေခါးရ်က ပြောသည်။တပ်မတော်၏ လမ်းဖောက် ခြင်းနှင့်ပတ်သက်၍ ဖာပွန်ခရိုင်လယ်မူပလောဒေသ၌ ယခုနှစ် မတ်လဆန်းက တပ်မတော်နှင့်KNU တပ်မဟာ (၅) တို့အကြား တိုက်ပွဲများဖြစ်ပွားရာ ယင်းကိစ္စကိုညှိနှိုင်းရန် မတ်လကုန်တွင် ချိန်းဆိုသော်လည်း KNU ကိုယ်စား လှယ်အဖွဲ့တွင် တပ်မဟာ (၅) တပ်မဟာမှူးမပါဝင်၍ တပ်မ တော်ဘက်က ဆွေးနွေးပွဲကို ရွှေ့ ဆိုင်းခဲ့သည်။

ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခကို ရပ်တန့်နိုင်ရေး တစ်ဖက်နှင့် တစ် ဖက်နားလည်မှုရှိရန် ညှိနှိုင်းရမည်ဟု KNU စစ်ထောက်ချုပ် ဗိုလ်ချုပ်စောအိုက်ဇက်ဖိုးက ဆိုသည်။

ယမန်နေ့ညပိုင်းတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ခေးပူ − လွယ်မူပလောလမ်းကြောင်း ပြုပြင်ဖောက်လုပ်နေမှုအပေါ် KNU ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။KNU သည် ၂၀၁၂ ၌အစိုးရနှင့် ပထမဆုံးအကြိမ်အပစ်ရပ်စဲရေးဆောင်ရွက်ပြီး ၂၀၁၅ အောက်တိုဘာတွင် NCA ၌ ပါဝင်လက်မှတ်ထိုးခဲ့သည်။