နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီး နှစ်နိုင်ငံ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ သဘောတူညီချက် နားလည်မှုစာချွန်လွှာ ခုနစ်ခု လက်မှတ်ရေးထိုး
အတိုင်ပင်ခံပုဂ္ဂိုလ်ရှေ့မှောက်တွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးနှင့် ၀န်ကြီးဦးသိန်းဆွေတို့ သဘောတူညီချက်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနေစဉ် (ဓာတ်ပုံ−နိုင်ငံတော်အတိုင်ပင်ခံရုံး)

 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အိန္ဒိယပြည်ပရေးရာဝန်ကြီး မစ္စဆုရှမဆွာရာဂ်ျကို နေပြည် တော်တွင် ယမန်နေ့က လက်ခံ တွေ့ဆုံ၍ သဘောတူညီချက်နား လည်မှုစာချွန်လွှာခုနစ်ခုကို လက် မှတ်ရေးထိုးသည်။

တွေ့ဆုံပွဲတွင် နှစ်နိုင်ငံဆက် ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်နှင့် ပတ် သက်၍
မြန်မာနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များ တွင် အိန္ဒိယနိုင်ငံက ပါဝင်ကူညီပံ့ ပိုးရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ၌ နှစ်နိုင်ငံ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ရပ်များကို ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ် ပြန်သည်။

အိန္ဒိယအစိုးရသည် ရခိုင် ပြည်နယ်အရေးနှင့်ပတ်သက်၍ မြန်မာအစိုးရကို အကူအညီပေး ရန် အဆင်သင့်ရှိခြင်းနှင့် ကတိ ပြုခြင်းတို့ကို ပြည်ပရေးရာဝန်ကြီး မစ္စဆုရှမဆွာရက်ဂ်ျက ထပ် လောင်းအတည်ပြုခဲ့သည်။

ယင်းနောက် အိန္ဒိယပြည်ပ ရေးရာဝန်ကြီးသည် ရခိုင်ပြည် နယ်အကြံပေးကော်မရှင်၏အကြံ ပြုချက်များကို စဉ်ဆက်မပြတ် တာဝန်ယူအကောင်အထည်ဖော် နေခြင်းကို ကြိုဆိုကြောင်း ပြော ကြားခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ သည် ကုန်းလမ်းမှ နယ်စပ်ဖြတ် ကျော်သွားလာခြင်းဆိုင်ရာ သ ဘောတူညီချက်၊ ပုဂံဒေသရှိ ငလျင်ဒဏ်ခံရ၍ ပျက်စီးသွား သော ဘုရားများ ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ၊အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ စောင့်ကြည့်ရေးပူးတွဲ ကော်မတီသို့ အကူအညီပေးရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်မာနိုင်ငံခြားရေးအရာရှိများကို သင်တန်းပေးရေး နားလည်မှုစာ ချွန်လွှာတို့ကို သဘောတူလက် မှတ်ရေးထိုးခဲ့ကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနက သ တင်းထုတ်ပြန်သည်။

အလားတူ မုံရွာမြို့တွင် စက် မှုသင်တန်းကျောင်းတည်ထောင် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ သထုံမြို့တွင် စက်မှုသင်တန်း ကျောင်းတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် မြင်းခြံ မြို့ စက်မှုသင်တန်းကျောင်းထိန်း သိမ်းမှုစာချုပ်သက်တမ်းတိုးရေး ဆိုင်ရာ စာချွန်လွှာတို့ကို သဘော တူလဲလှယ်ခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဆက်လက်ဖော်ပြ သည်။

နယ်စပ်ဖြတ်သန်းသွားလာ ရေးဆိုင်ရာ သဘောတူစာချုပ်အ ရ သက်တမ်းရှိ ဗီဇာ၊ အီလက် ထရွန်နစ်ဗီဇာကိုင်ဆောင်ထား သော မြန်မာနိုင်ငံသား၊ အိန္ဒိယ နိုင်ငံသားများနှင့် တတိယနိုင်ငံ သားများသည် သတ်မှတ်ထား သည့်တမူး(မြန်မာ)-မိုရေး(အိန္ဒိ ယ)နှင့် ရိခေါဒါရ်(မြန်မာ)-ဇိုခေါ သာ(အိန္ဒိယ)နယ်စပ်ဝင်/ထွက် ပေါက်များမှ ဝင်ထွက်သွားလာ နိုင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။

ထို့အပြင် ဗီဇာသတ်မှတ် ရက်အတိုင်း နေထိုင်ခွင့်ရမည်ဖြစ် သကဲ့သို့ နှစ်နိုင်ငံနယ်စပ်ဒေသ နေပြည်သူများသည် တစ်နှစ်သက် တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့်လက် မှတ်လျှောက်ထား၍ တစ်ဖက်နိုင် ငံသို့ ဝင်ထွက်သွားလာနိုင်မည်ဖြစ် သည်ဟုဆိုသည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီး ၏နှစ်ရက်ကြာ မြန်မာနိုင်ငံခရီး စဉ်အတွင်း မေလ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို သွားရောက်ဂါရဝပြုတွေ့ဆုံခြင်း၊ မေလ ၁၁ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကို သွား ရောက်တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

More in News Section