ပြည်သူ့အသံတွေ ထမ်းပိုးခဲ့ပါ

အခုဆိုရင် ပြည်ထောင် စု၊ ပြည်သူနဲ့ အမျိုး သား လွှတ်တော် စတဲ့ လွှတ်တော်အသီးသီးရဲ့အဋ္ဌမ ပုံမှန် အစည်းအဝေးများ စတင် တော့မှာဖြစ်ပါတယ်။ ဒီ တစ်ကြိမ် လွှတ်တော်အစည်းအဝေးမှာ လည်း အများပြည်သူအတွက် စိတ်ဝင်စားစရာတွေ၊ စောင့် ကြည့်သွားရမှာတွေ ပါဝင်လာဖို့ ရှိနေပါတယ်။


ဒီအစည်းအဝေးမှာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ရဲ့ အခန်းကဏ္ဍကို စတင်ထိတွေ့ခွင့် ရမှာ ဖြစ်ပါတယ်။ ကျင်းပပြီးစီးခဲ့ တဲ့ လွှတ်တော်ပုံမှန်အစည်းအဝေး ခုနစ်ကြိမ်အတွင်း ပြည်သူ့လွှတ် တော်ကို အားကောင်းမောင်းသန် မောင်းနှင်ခဲ့တဲ့ ဦးဝင်းမြင့်နေရာ မှာ အစားဝင်ရောက်လာတဲ့ ဦးတီ ခွန်မြတ်က လွှတ်တော်အပေါ် ဘယ်လောက်အထိ လွှမ်းမိုးနိုင် မလဲ၊ လွှတ်တော်ဥက္ကဋ္ဌတစ် ယောက်အနေနဲ့ အစိုးရအဖွဲ့ အပေါ် ဘယ်လောက်အထိ ထိန်း ကျောင်းသွားနိုင်မလဲဆိုတာ စိတ် ဝင်တစား စောင့်ကြည့်ရမှာဖြစ်ပါ တယ်။

လွှတ်တော်တွင်းမှာ ထူးခြား လာမယ့်ကိစ္စရပ် နောက်တစ်ခုက တော့ ပြီးခဲ့တဲ့ လွှတ်တော်အစည်း အဝေးမှာ ဆွေးနွေးဖို့ကျန်ရှိခဲ့တဲ့ ငြိမ်းစုစီဥပဒေကြမ်းကို ဆွေးနွေး အတည်ပြုကြဖို့ ဖြစ်ပါတယ်။ ဒီ ဥပဒေကြမ်းကို ဆွေးနွေးဖို့ တပ် မတော်သား လွှတ်တော်ကိုယ်စား လှယ် ၆၀ ဦးအပါအဝင် ကိုယ်စား လှယ် ၈၀ ဦးက အမည်စာရင်း တင်သွင်းထားပါတယ်။

ဒီမိုကရေစီအစိုးရလက် ထက် အသစ်ပြန်လည် ပြင်ဆင် ရေးဆွဲလာတဲ့ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အများပြည်သူကြား မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်မှု များ ရှိခဲ့ပါတယ်။ အခု ဒီဥပဒေ ကြမ်းအရေးဟာ လွှတ်တော်တွင်း မှာလည်း ပြင်းထန်တဲ့ ဆွေးနွေးမှု တွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရဖွယ် ရှိလို့ စောင့်ကြည့်သွားရမှာဖြစ်ပါ တယ်။

နောက်ထပ် လွှတ်တော်ကို စောင့်ကြည့်ခံရမယ့်ကိစ္စရပ်က တော့ လတ်တလော ပွဲဆူနေတဲ့ ကချင်ဒေသက တိုက်ပွဲများ၊ စစ် ဘေးရှောင်များနဲ့ စစ်ပွဲရပ် လှုပ် ရှားမှုများအရေးပဲ ဖြစ်ပါတယ်။ ၂၀၁၁ ကနေစတင်ပြီး တစ်ကျော့ ပြန် ဖြစ်ပွားလာတဲ့ ကချင်ဒေသ တိုက်ပွဲတွေကြောင့် ဒေသခံပြည် သူ တစ်သိန်းကျော် ယာယီစခန်း တွေမှာ ခိုလှုံနေတယ်ဆိုတဲ့ စစ် တမ်းတွေရှိခဲ့သလို ဒီနှစ်လေးလ တာကာလအတွင်းမှာလည်း စစ် ဘေးရှောင်ဦးရေ ၉,၀၀၀ ကျော် တိုးလာတယ်ဆိုတဲ့ စစ်တမ်းတွေ လည်း ရှိနေပါတယ်။

တိုက်ပွဲထဲကနေ ထွက်ပြေး တိမ်းရှောင်ရင်း ထိခိုက်ဒဏ်ရာရ၊ သေဆုံး၊ ဒုက္ခမျိုးစုံရောက်ကြရတဲ့ ဒေသခံ တိုင်းရင်းသားတို့ရဲ့ သတင်းပေါင်းမြောက်မြားစွာကို လည်း အဆက်မပြတ် ဖတ်ရှုနေရ တဲ့ ကာလလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီအပေါ် ပြည်သူကို တိုက်ရိုက် ကိုယ်စားပြုထားတဲ့အဖွဲ့အစည်း ဖြစ်တဲ့ လွှတ်တော်က အလေး အနက်ထား ဆွေးနွေးပေးရမယ့် တာဝန်ရှိနေပါတယ်။

လွှတ်တော်အပေါ် စောင့် ကြည့်ခံရစေမယ့် နောက်ထပ်ကိစ္စ ရပ်တစ်ခုကတော့ သဘာဝဘေး ကာကွယ်ရေးကိစ္စ ဖြစ်ပါတယ်။ နာဂစ်ဖြစ်ပြီးနောက်ပိုင်း သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ပြည်သူလူထုကြားမှာ စိုးရိမ် ကြောင့်ကြစိတ်တွေ မြင့်တက်ခဲ့ပါ တယ်။ ထို့အတူ အစိုးရအဖွဲ့အနေ နဲ့ သဘာဝဘေးနဲ့ယှဉ်တဲ့ ကြိုတင် ပြင်ဆင်မှု၊ စီမံဆောင်ရွက်မှုတွေ ဘယ်လောက်အထိ ဖော်ဆောင် ထားသလဲဆိုတာကို သိလိုစိတ် ပြင်းပြကြပါတယ်။

ဒီကာလမှာပဲ မြေငလျင်များ ဟာလည်း ဆက်တိုက်ဆိုသလို လှုပ်ခတ်ခဲ့ပါတယ်။ ဒီနှစ် ဇန်နဝါ ရီကနေ ဧပြီလကုန်အထိ လေးလ အတွင်း ငလျင်စုစုပေါင်းအကြိမ် ၈၀ လှုပ်ခတ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလို ဆက်တိုက်လှုပ်ခတ်နေတဲ့ မြေငလျင်များနဲ့ ပတ်သက်ပြီး တော့လည်း ပြည်သူလူထုကြားမှာ စိုးရိမ်စိတ်တွေ ကိန်းအောင်း လျက် ရှိနေပါတယ်။

အခုကာလဟာ ပွင့်လင်းရာ သီကုန်ဆုံးလို့ မိုးကာလကိုစတင် တော့မှာဖြစ်ပါတယ်။ မုန်တိုင်း တွေ၊ ရေကြီးရေလျှံမှုတွေနဲ့ ကြုံ တွေ့လာရဖွယ်ရှိနေပါတယ်။ ဒီတော့ သဘာဝဘေး ကြိုတင် ကာကွယ်ရေးအတွက် ပြင်ဆင်မှု၊ စီမံဆောင်ရွက်ထားရှိမှုနဲ့ ပတ် သက်ပြီး ပြည်သူ့အသံကို လွှတ် တော်တွင်းကနေ ထုတ်ဆင့်ပေးဖို့ လိုမှာဖြစ်ပါတယ်။ ထို့အတူပဲ ပြည်သူလူထုထံ သက်ရောက်လာ စေမယ့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ကိစ္စအရပ်ရပ်နဲ့ ပတ်သက်ပြီးလည်း ပြည်သူ့အသံ ကို နားစွင့်နိုင်စွမ်း ရှိကြစေလိုပါ တယ်။

လွှတ်တော်အစည်းအဝေး တစ်ကြိမ်ပြီးတိုင်း လွှတ်တော်နာ ယန၊ ဥက္ကဋ္ဌတို့က လွှတ်တော် ကိုယ်စားလှယ်တွေကို နှုတ်ခွန်း ဆက်အမှာစကား ပြောလေ့ရှိပါ တယ်။ အဲဒီအမှာစကားတွေတိုင်း မှာ အမြဲပါလာတတ်တဲ့ စကား တစ်ခွန်းက ‘မဲဆန္ဒရှင်ပြည်သူလူ ထုထံ ပြန်လည်ရောက်ရှိတဲ့အခါ ပြည်သူ့အသံကို အလေးထား မှတ်သားဖို့၊ ပြည်သူနဲ့ တစ်သား တည်းနေထိုင်ဆောင်ရွက်ဖို့’ဆိုတဲ့ စကားဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သစ်ဖြစ်လာတဲ့ ဦးတီခွန်မြတ်က လည်း သတ္တမပုံမှန်အစည်းအဝေး အပြီး နိဂုံးချုပ်အမှာစကား ပြော ကြားရာမှာ လွှတ်တော်ရဲ့ အဓိက လုပ်ငန်းတာဝန် သုံးရပ်ဖြစ်တဲ့ ဥပဒေပြုခြင်း (Legislation)၊ စောင့်ကြည့်ထိန်းညှိခြင်း (Over- sight)နဲ့ ကိုယ်စားပြုခြင်း (Repr -esentation) တာဝန်သုံးရပ်ကို ပီပြင်စွာ ထမ်းဆောင်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်အောင် စဉ်ဆက်မပြတ် ကြိုး စားဆောင်ရွက်ကြဖို့ မှာကြားပါ တယ်။

အဲဒီမှာ ပထမတာဝန်ဖြစ်တဲ့ ဥပဒေပြုခြင်း လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ဖို့ အရည်အချင်း ပြည့်ဝတဲ့ လွှတ်တော်ကိုယ်စား လှယ်များအဖြစ် တည်ဆောက်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်မြှင့် တင်ပေးနိုင်တဲ့ ဥပဒေများ ပြဋ္ဌာန်း နိုင်ရေး ဆောင်ရွက်ဖို့၊ ဒုတိယ တာဝန်ဖြစ်တဲ့ စောင့်ကြည့်ထိန်း ညှိခြင်းလုပ်ငန်း တာဝန်အတွက် ဒေသနယ်ပယ်အလိုက် အုပ်ချုပ် ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေ တည့်မတ်မှန်ကန်အောင် (Parlia -mentary Oversight) အဖြစ် စောင့်ကြည့်ထိန်းညှိပေးကြဖို့၊ တတိယတာဝန်ဖြစ်တဲ့ ကိုယ်စား ပြုခြင်း လုပ်ငန်းတာဝန်အတွက် မဲဆန္ဒရှင် ပြည်သူလူထုထံ ပြန် လည်ရောက်ရှိတဲ့အခါ ပြည်သူ့ အသံနဲ့ ပြည်သူတွေရဲ့ တင်ပြ ချက်တွေကို အလေးထားမှတ် သားနားထောင်ကြဖို့၊ ပြည်သူကို ကိုယ်စားပြုပြီး ‘ပြည်သူ့အသံ၊ လွှတ်တော်အသံ’ဆိုတဲ့ ဆောင် ပုဒ်နဲ့အညီ ဆောင်ရွက်ကြဖို့၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေမှာ ပြည်သူနဲ့အတူ ပူးပေါင်းဆောင် ရွက်ကြဖို့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည် ဆောက်ဖို့ ပြည်သူအားလုံး ပူး ပေါင်းပါဝင်တဲ့ (All Inclusive Democracy) ဖော်ဆောင်ရေးကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြ ဖို့ဆိုပြီးလည်း ထည့်သွင်းပြော ကြားခဲ့ပါသေးတယ်။

အခုဆိုရင် ဒုတိယအကြိမ် လွှတ်တော်တွေ သက်ဝင်စေခဲ့ တာ ၂နှစ်ကျော်ကာလကို ရောက် ရှိလာခဲ့ပါပြီ။ ဒီကာလအတွင်း တခြား ၊တခြားသော မဲဆန္ဒနယ် က ပြည်သူတွေထံ လွှတ်တော် ကိုယ်စားလှယ်တွေ ဘယ်ပုံ၊ ဘယ်နည်း ချဉ်းကပ်ကြသလဲ၊ ပြည်သူ့အသံကို ဘယ်လိုနား ထောင်ကြ သလဲဆိုတာ မသိရပေ မယ့် စာရေးသူတို့ရဲ့ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်ကြီး များကိုတော့ ဒီကနေ့အချိန်ထိ ရပ်ထဲ၊ ရွာထဲမှာ မတွေ့မမြင်မိ သေးပါဘူး။ လွှတ်တော်နားချိန် တိုင်း ရောက်လာလေမလားလို့ စောင့်ကြည့်ခဲ့ရပေါင်းလည်း များ ခဲ့ပါပြီ။ မဲပေးရွေးချယ်ခဲ့တဲ့ ရွေးကောက်ပွဲကြီး ပြီးဆုံးခဲ့ချိန် ကာလ နောက်ပိုင်းကစလို့ တစ် ကြိမ်တစ်ခါမှကို မတွေ့မမြင်ရ သေးတာ ဖြစ်ပါတယ်။

ဒါဟာ မဲဆန္ဒရှင်ပြည်သူတွေ အပေါ်မှာ ပြုရမယ့် တာဝန်တစ် ခုလစ်ဟင်းခြင်း မည်ပါတယ်။ လွှတ်တော်ကို ဦးဆောင်နေတဲ့ လွှတ်တော်နာယကနဲ့ လွှတ်တော် ဥက္ကဋ္ဌတို့ရဲ့ စကားကနေ သွေ ဖည်ခြင်းမည်ပါတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ ပြည်သူ့အသံ အမှန်ရရှိဖို့ ပြည်သူနဲ့နီးကပ် ထိစပ်စေလိုပါ တယ်။

အခုတော့ အဋ္ဌမပုံမှန် အစည်းအဝေးများ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် လွှတ် တော်အစည်းအဝေးဟာလည်း ပြည်သူ့လိုအပ်ချက်၊ ပြည်သူ့ အကျိုးစီးပွားကို ထိရောက်မှန် ကန်စွာ ဖော်ဆောင်တဲ့ လွှတ် တော်ဖြစ်ပါစေ၊ စစ်မှန်တဲ့ ပြည် သူ့အသံတွေကို ထမ်းပိုးလာတဲ့ လွှတ်တော်ဖြစ်ပါစေလို့ ဆန္ဒပြု လိုက်ရပါတယ်။

(ဆောင်းပါးရှင်   ဂျေငြိမ်းသည် နိုင်ငံရေးနှင့် မျက်မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်)