NVC ထုတ်ပေးခြင်းနှင့်ပတ်သက်၍ အစိုးရက လွှတ်တော်၌ ရှင်းလင်းမည်

NVC ထုတ်ပေးခြင်းအပါအ၀င် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ဧပြီ ၁၉ရက်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှင်းလင်းပြောကြားခဲ့သည်။ (ဓာတ်ပုံ − ထက်အာကာကျော်)

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏သက် သေခံကတ်ပြား (NVC) ထုတ်ပေး ခြင်းနှင့်ပတ်သက်၍ အစိုးရအဖွဲ့ အစည်းဝင်က ပြည်ထောင်စု လွှတ်တော်သို့ မေလ ၁၄ ရက်တွင် လာရောက်ရှင်းလင်းမည် ဖြစ် သည်။ 

ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကို မေ လ ၁၄ ရက်တွင် စတင်ကျင်းပ မည်ဖြစ်ပြီး ယင်းနေ့အစီအစဉ်၌ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား(NVC) ထုတ်ပေးခြင်း အပါအဝင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အ ကောင်အထည်ဖော် ဆောင်ရွက် ရေးကော်မတီတို့၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များက ရှင်းလင်းတင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်းပြုလုပ်မည်ဟု ဖော်ပြထားသည်။ 

နိုင်ငံသားဖြစ်မှုသက်သေခံ ကတ်ပြား(NVC)ကိုင်ဆောင်ထား သူများအနေဖြင့် လွတ်လပ်စွာ သွားလာခွင့်ရရှိရန် ဆောင်ရွက် နေပြီး လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနက ပုံစံ-(၄) ဖြည့်သွင်း၍  သက်ဆိုင်ရာမြို့နယ်သို့ အကြောင်းကြားကာ သွားလာခွင့်ရရှိနေပြီဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဧပြီ ၁၉ ရက်တွင် ရန်ကုန်မြို့၌  ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်  ပြောကြားခဲ့သည်။ 

ယင်းသို့ ပြောကြားပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက NVC နှင့် ပတ် သက်၍ လွှတ်တော်၌ အရေးကြီး အဆိုတင်သွင်းမည်ဖြစ်ကြောင်း ယင်းပါတီ    ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က ပြော ကြားသည်။ 

ထို့အပြင် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၇ ခု က NVC ထုတ်ပေးခြင်းကိစ္စနှင့် နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော အထွေထွေအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ၏ သဘောထားအမြင်များကို ဧပြီ ၂၇ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ အိတ်ဖွင့်ပေးစာပေး ပို့ကြောင်း ထုတ်ပြန်ခဲ့သည်။ 

သို့ရာတွင် ဧပြီ ၂၅ ရက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက နိုင်ငံသားစိစစ်ခံရ မည့်သူ၏ သက်သေခံကတ်ပြား (NVC)ကိုင်ဆောင်ထားရုံဖြင့် နိုင်ငံအတွင်း လွတ်လပ်စွာ သွား လာခွင့်ပြုထားသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်းနှင့် ခွင့်ပြုထား ခြင်းလည်း မရှိကြောင်း နေပြည် တော်၌ သတင်းထောက်များအား ပြောကြားသည်။ 

လွတ်လပ်စွာ သွားလာခွင့်ရှိ သည်ဆိုခြင်းမှာ သက်ဆိုင်ရာမြို့ နယ်အတွင်းသာ လွတ်လပ်စွာ သွားလာနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်ပြီး သတင်းမီဒီယာများတွင် ဖော်ပြသကဲ့သို့ NVC ကိုင်ထားရုံ ဖြင့် နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိသည်မှာ မဟုတ် ကြောင်းနှင့် ခွင့်မပြုနိုင်ကြောင်း ဦးသိန်းဆွေက ပြောသည်။