NDF ပါတီကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အနေဖြင့် နိုဝင်ဘာ၃ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ  ဦးခင်မောင်ဆွေက ပြောသည်။ 

လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ လစ်လပ်မဲဆန္ဒနယ်များအတွက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်းရှာဖွေ ရွေးချယ်နေကြောင်း ၎င်းကပြောသည်။

‘‘ရန်ကုန်တိုင်းကတော့ လူ ရှာနေတယ်။ ဆွေးနွေးနေကြ တယ်။ ရွေးကောက်ပွဲတော့ဝင်မှာ ပါ။ မန္တလေးမှာလည်းပဲပါတီကော် မတီက သူတို့ဘာသာရှာနေတုန်း ပဲ။ ဗဟိုကိုတော့ အကြောင်းမ ကြားသေးဘူး’’ဟု ဦးခင်မောင် ဆွေကပြောသည်။ 

လွှတ်တော်အသီးသီးမှ လစ် လပ်မဲဆန္ဒနယ် ၁၃နေရာအတွက် ကြားဖြတ်ရွေး ကောက်ပွဲကို နိုဝင်ဘာ ၃ရက်တွင် ကျင်းပမည်ဖြစ် ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားသည်။ 

လစ်လပ်မဲဆန္ဒနယ်များတွင်  ရန်ကုန်တိုင်းဒေသကြီးမှ နှစ်နေ ရာနှင့် မန္တလေးတိုင်းဒေသကြီးမှ နှစ်နေရာပါဝင်သည်။ အမျိုး သားဒီမိုကရေစီ အင်အားစုပါတီ သည် ပထမအကြိမ်လွှတ်တော် သက်တမ်းတွင် လွှတ်တော်အသီး သီး၌ ကိုယ်စားလှယ်များ ပါဝင် နိုင်ခဲ့သော်လည်း ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲနှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် ကိုယ်စားလှယ်တစ်ဦးမျှ အနိုင်မရ ပေ။ 

ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်ဟောင်း ဦးသိန်းညွန့် ဦးဆောင်သည့် အမျိုးသားဒီမိုက ရေစီ ပါတီသစ်(NNDP) အနေ ဖြင့်လာမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ဘဲ ယခင်ကြားဖြတ်ရွေး ကောက်ပွဲတွင်ချမှတ်ခဲ့သည့် မူ  ၀ါဒအတိုင်း ဆက်လက်ရပ်တည်မည်ဟု ဆိုသည်။ 

‘‘ဒုတိယအကြိမ် သက်တမ်း မှာ ကျင်းပတဲ့ ကြားဖြတ်ရွေး ကောက်ပွဲမှန်သမျှကို ကျွန်တော် တို့ပါတီက  မ၀င်ဘူး။ ကျွန်တော် တို့က လွှတ်တော်ပြင်ပကပဲ အ ခြေခံ ဥပဒေအရ ထိန်းကျောင်း ခြင်းဆိုတဲ့ ရပ်တည်ချက်နဲ့ပဲလွှတ် တော်ပြင်ပ  နိုင်ငံရေးလှုပ်ရှားမှုကို လုပ်သွားမယ်’’ ဟု ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်ကပြောသည်။