ငြိမ်းစုစီဖြင့်အမှုဖွင့်ခံထားရသူ နှစ်ဦးငြိမ်းချမ်းရေးသဘောထား ကောက်ခံမှုပြုလုပ်စဉ် ဖမ်းဆီးခံရ

ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့ကို ဖမ်းဆီးလာစဉ် (ဓာတ်ပုံ−ထက်သာဦး)

မန္တလေးမြို့တွင် စစ်ပွဲ များရပ်တန့်ရန် ငြိမ်းချမ်းရေးမီး ထွန်းပွဲပြုလုပ်ခဲ့သဖြင့် ငြိမ်းစုစီ ဥပဒေဖြင့် အမှုဖွင့်ခံထားရသူ နှစ် ဦးသည် ပြည်တွင်းငြိမ်းချမ်းရေး အပေါ်လူထုအမြင်သဘောထား ကောက်ခံရန်စီစဉ်နေစဉ် ယမန် နေ့က ဖမ်းဆီးခံရသည်။

ငြိမ်းချမ်းရေးနှင့် ပတ်သတ် ၍ လူထုသဘောထားကောက်ခံ ရန် မေလ ၁၂ရက် ညနေက မန္တလေးမြို့ ဒိုင်းမွန်းပလာဇာ ဘေးသို့လာရောက်ချိန်တွင်စစ် ပွဲများရပ်တန့်ရန်တောင်းဆိုမှုများ  ပြုလုပ်ခဲ့သည့် ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့ကို အမှတ် (၅) ရဲတပ်ဖွဲ့စခန်းက ဖမ်းဆီးခဲ့သည်။

တိုင်းရင်းသားဒေသများ တွင် ထိုးစစ်များရပ်ဆိုင်းရေးနှင့် ကချင်စစ်မက် နယ်မြေအတွင်း ပိတ်မိပြည်သူများ အမြန်ဆုံးလွတ် မြောက်ရေး မေလ ၉ရက် ညက ကျုံးတောင်ဘက် မြို့တော်ခန်းမ ရှေ့ပလက်ဖောင်းတွင် ငြိမ်းချမ်း ရေးမီးထွန်းပွဲပြုလုပ်သူများ အ နက် ကိုသန်းထိုက်နှင့် ကိုနှင်း အောင်အပါအ၀င် ဦးဆောင်သူ သုံးဦးကို အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ် ကာ ငြိမ်းစုစီဥပဒေပုဒ်မ၁၉ဖြင့် အမှုဖွင့်ခဲ့သည်။

‘‘ငြိမ်းစုစီဥပဒေနဲ့လာဖမ်း တာပါ’’ဟု အမှတ် (၅)ရဲစခန်း စခန်းမှူး ဒုရဲမှူးမိုးသူကဆိုသည်။

ယခုကဲ့သို့ ငြိမ်းစုစီဥပဒေ  ဖြင့်ဖမ်းဆီးခြင်းသည် မတရား သည့်ဥပဒေဖြင့် ဖမ်းဆီးခြင်းဖြစ် ပြီး၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေး နှင့်ပတ်သက်သည့် လုပ်ငန်းများ ကို ဆက်လက်လုပ်ဆောင်မည်ဟု ကိုသန်းထိုက်ကပြောသည်။

‘‘ကျွန်တော်တို့ငြိမ်းချမ်းရေး အတွက်လုပ်တာကို ငြိမ်းချမ်းရေး ဖျက်လိုဖျက်ဆီးလုပ်တဲ့သူတွေက  ကျွန်တော်တို့ကို မတရားဖမ်းတာ ပါ’’ ဟု ကိုသန်းထိုက်က မီဒီယာ များအား ပြောသည်။

ဖမ်းဆီးခံရစဉ် ရဲတပ်ဖွဲ့ဝင် များက ဖမ်းဝရမ်းမပါဘဲ အရပ် ၀တ်နှင့် ၀င်ရောက်ဖမ်းဆီးခြင်း ကြောင့်ရုန်းရင်းဆန်ခတ်အခြေအ နေဖြစ်ပေါ်ခဲ့သည်။

‘‘ငြိမ်းချမ်းရေးလုပ်လို့ကျွန် တော်တို့ကို ဖမ်းတာပါ။ အရပ်  ၀တ်တွေနဲ့ လာဖမ်းတာဟာ ဒါစစ် အာဏာရှင်ရဲ့ အငွေ့အသက် တွေမကုန်သေးဘူးလို့ ပြောတာ ပါ’’ ဟု ကိုနှင်းအောင်က ပြော သည်။

မေလ ၆ရက် ညနေက တိုင်းရင်းသားဒေသများ၌ ထိုးစစ် များအမြန်ဆုံးရပ်တန့်ရေးနှင့် ကချင်ပြည်နယ်တွင် ပိတ်မိနေ သောပြည်သူများ အမြန်ဆုံးလွတ် မြောက်ရေး မန္တလေးဈေးချို တော်အနီး ဆန္ဒပြရာ၌ သက် ဆိုင်ရာဌာနထံ ခွင့်ပြုချက်တောင်း ခံခြင်းမရှိဟုဆိုကာ ဦးဆောင်သူ သုံးဦးကိုချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်၍ ငြိမ်းစုစီဥပဒေပုဒ်မ၁၉ဖြင့်မေလ ၇ရက်တွင်အမှုဖွင့်အရေးယူထား သည်။ အဆိုပါ သုံးဦးအနက် ကဗျာဆရာကလင့် (မန္တလေး )ကို တရားရုံးက ထောင်ဒဏ် နှစ်လ ချမှတ်ခဲ့ပြီး ကိုအောင်မှိုင်းဆန်းနှင့်  ကိုစိုးမိုးနိုင်တို့ကို မေလ ၁၈ရက် တွင် ဆက်လက်စစ်ဆေးရန် ရှိသည်။

More in Regional Section