သီလ၀ါရှိ မြေအငြင်းပွားမှု ရဲတပ်ဖွဲ့ရော်ဘာ ကျည်သုံးဖြေရှင်း၍ နှစ်ဦးဆေးရုံရောက်

 မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီက လုပ်ခွင့်ရထားသည့် သီလ၀ါဆိပ်ကမ်းမြေတွင် နေ ထိုင်သူများအား ကုမ္ပဏီကဖယ် ရှားစဉ် ရုန်းရင်းဆန်ခတ်ဖြစ်၍ ရဲ တပ်ဖွဲ့က အင်အားသုံးဖြေရှင်းရာ နှစ်ဦး ရော်ဘာကျည်ထိမှန်၍သန် လျင်ဆေးရုံ၌ ဆေးကုသမှုခံယူ နေပြီး အချို့အဖမ်းခံထားရ ကြောင်း ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါ်အေးမြမြမျိုးက ပြော သည်။


အဆိုပါမြေသည် ကုမ္ပဏီ နှင့် လယ်ယာမြေပိုင်ဆိုင်သူများ အကြား မြေယာလျော်ကြေးနှင့် ပတ်သက်၍ အငြင်းပွားနေဆဲ ဖြစ်သည့်အပြင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးအဖွဲ့က စိစစ် နေသည့်အမှုဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘အဲဒီမှာ အိမ်ဆောက်ထား တဲ့ အိမ်လေးတွေရှိတယ်။ အဲဒီ အိမ်လေးတွေက အဲဒီမှာပဲနေကြ တာ။ တချို့လည်း လေး၊ငါး၊ ခြောက်နှစ်ရှိပြီ။ တချို့လည်း အဲ ဒီထက်ပိုကြာတယ်လို့ပြောတယ်။ အဲဒီအိမ်လေးတွေက လယ်ယာ မြေပိုင်တာတော့မဟုတ်ဘူး။ အဲဒီ အိမ်လေးတွေကို ဖြိုခွင်းလိုက် တာ။ ဒီညအပြီးဖြိုခွင်းမယ်ဆိုပြီး အိမ်ထဲကလူတွေကို ရိုက်တာနှက် တာတွေဖြစ်တာပေါ့။ အခုအပစ် ခံရတဲ့နှစ်ယောက်က အိမ်မှာနေ ကြတဲ့လူတွေဖြစ်မယ်။ အဖမ်းခံ ထားရတဲ့ နှစ်ယောက်ကတောင် သူတွေ’’ ဟု ဒေါ်အေးမြမြမျိုးက မေလ ၁၂ ရက်ညတွင်ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ ကျောက်တန်းမြို့နယ်ရဲ တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက‘‘ပစ် ခတ်ထိန်းသိမ်းတာတော့ ဟုတ်ပါ တယ်။ လောလောဆယ်တော့ မအားသေးလို့ အသေးစိတ်တော့ ပြောလို့မရသေးဘူး။ ကျွန်တော် လည်း အခုကွင်းထဲရောက်နေ တာ။ အဲဒီကိစ္စနဲ့ အလုပ်ရှုပ်နေ လို့’’ ဟု ပြောသည်။

အဆိုပါမြေယာအငြင်းပွား မှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးထံ ဆက်သွယ်ပြီးညှိနှိုင်းသည့်အပိုင်း ဖြင့် ပြဿနာကို ဖြေရှင်းရန်၊  အ ရေးယူရန်လိုအပ်ပါက ဥပဒေအ ရ အရေးယူပေးရန် အကူအညီ တောင်းခံထားသည့်အပြင် ရန် ကုန်တိုင်းဝန်ကြီးချုပ်အား သွားရောက်တွေ့ဆုံ၍ မြေယာလျော် ကြေးကိစ္စအမြန်ညှိနှိုင်းပေးရန် ဆွေးနွေးထားကြောင်း ဒေါ်အေးမြ မြမျိုးက ပြောသည်။

‘‘မြေယာလျော်ကြေးအမြန် ညှိနှိုင်းဖို့ အပိုင်းရယ်၊ အကြမ်း ဖက်မှုတွေမဖြစ်ဖို့အပိုင်းရယ် ကျွန်မဆွေးနွေးခဲ့ပါတယ်။ဝန်ကြီး ချုပ်ကတော့ တနင်္လာနေ့(မေလ ၁၄ ရက်)ကို အဲဒီကတောင်သူတွေ နဲ့အကုန်တွေ့မယ်။ တိုင်း၊ခရိုင်၊ မြို့နယ်မြေစစ်အဖွဲ့တွေ အကုန် လုံးတွေ့ပြီးတော့ မြေယာလျော် ကြေးအမြန်ပေးဖို့အတွက်ကို ကြိုး စားမယ်၊ လုပ်မယ်ဆိုပြီးကျွန်မတို့ ညှိနှိုင်းစီစဉ်ပြီးတော့ ကျွန်မက အဆင်ပြေသွားပြီလို့ ထင်တာ ပေါ့’’ ဟု ဒေါ်အေးမြမြမျိုးကဆို သည်။

ယခုအခင်းဖြစ်ပွားရာမြေ နေရာသည် ၁၉၉၆ ၀န်းကျင်က တည်းက သိမ်းဆည်းခံထားရပြီး မည်သည့်စီမံကိန်းမျှ အကောင် အထည်မဖော်သေး၍ တောင်သူ များက လာရောက်စိုက်ပျိုးခြင်း၊ ရေလုပ်ငန်းလုပ်ကိုင်သူများက လာရောက်နေထိုင်ခြင်းများ ရှိ သည်ဟု ၎င်းကရှင်းပြသည်။