အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စုံစမ်းစစ်ဆေးဆဲ ၁၈ မှုတွင် ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်စဉ်ပါဝင်

သမ္မတတာဝန်ထမ်းဆောင်ပြီး ၁၂ ရက်အကြာ ဧပြီ ၁၂ ရက်တွင် သမ္မတဦးဝင်းမြင့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ခေါ်ယူတွေ့ဆုံခဲ့ပြီးအဂတိလိုက်စားမှုများကို ပြတ်သားစွာ ကိုင်တွယ်ရန် ညွှန်ကြားထားသည်။(ဓာတ်ပုံ- သမ္မတရုံး)

အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်က စစ် ဆေးနေသော ကြိုတင်စုံစမ်းမှု ၁၈မှုတွင် လက်ရှိသတင်းထွက်ပေါ်နေသော ပြည်ထောင်စုဝန်ကြီးတစ်ဦး၏ ဖြစ်စဉ် ပါဝင်သည်ဟု ကော်မရှင်တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

မေလ ၁၁ ရက်ညက ပြည် ထောင်စုဝန်ကြီး၏ နေအိမ်သို့ ၀င် ရောက်စစ်ဆေးခဲ့ကြောင်း သတင်းများထွက်ပေါ်ပြီး နှစ်ရက်အကြာ မေလ ၁၃ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အသိပေးချက်တစ်ခု ထုတ်ပြန်သည်။


  ကော်မရှင်ထုတ်ပြန်ချက် တွင် တိုင်ကြားစာများနှင့်ပတ် သက်၍ သတင်းအချက်အလက် များပြည့်စုံစွာရရှိစေရန် ကြိုတင်စုံစမ်းမှု ၁၈ မှုကို ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ် သက်၍ ယမန်နေ့က သတင်းထွက်ပေါ်နေသော ပြည်ထောင်စုဝန်ကြီး ဖြစ်စဉ်ပါဝင်ခြင်းရှိ၊ မရှိမေးမြန်းမှုအပေါ် ‘‘အဲဒါ (ပြည်ထောင်စုဝန်ကြီးကိစ္စ)ပါ အပါအ၀င်အားလုံးပေါ့’’ဟု ယင်းကော်မရှင် တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်က  စုံစမ်းစစ်ဆေးရေးအဖွဲ့ ခြောက်ဖွဲ့ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးနေကြောင်း ၎င်းကဆိုသည်။

 အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ကော်မရှင်က စစ်ဆေးဆဲအမှုများကို လျှို့ဝှက်ထားရှိဆောင်ရွက်နေသဖြင့် အမှုဖြစ်စဉ်များ အသေးစိတ်မထုတ်ပြန်နိုင်သေးကြောင်း ပါရှိသည်။

‘‘စုံစမ်းစစ်ဆေးတဲ့ကာလမှာ တစ်ခုခုမှားပြောလိုက်ရင် ထွက် ပြေးတိမ်းရှောင်သွားမယ်။ သက် သေခံပစ္စည်းဖျောက်ပစ်တာတွေ၊ အမှုတစ်ခုလုံးပျက်သွားတတ်တာ မျိုးတွေရှိခဲ့တယ်။ ဒါကြောင့် ထိန်း ထိန်းသိမ်းသိမ်းနဲ့ လျှို့ဝှက်လုပ်ရ တဲ့ကိစ္စလည်း ဖြစ်တဲ့အခါကျ တော့ ကျွန်တော်တို့အတွက် မသေ ချာသေးခင် ထုတ်ပြောဖို့က တော် တော်လေးခက်ပါတယ်’’ဟု ကော် မရှင်၏ ပြန်ကြားရေးအဖွဲ့ခေါင်း ဆောင် ဦးဟန်ညွန့်က သုံးသပ် သည်။

အဂတိတိုက်ဖျက်ရေးကော် မရှင်က စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၏ နေအိမ်သို့ ၀င် ရောက်စစ်ဆေးကြောင်း သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။ ထို့အတူ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဦးကျော်ဝင်း၏ သားဖြစ်သူနှင့် ပတ်သက်၍ စစ်ဆေးခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် ယခုအထိအတည်ပြုနိုင်ခြင်းမရှိသေးပေ။‘‘ပြည်ထောင်စုဝန်ကြီးတစ် ဦးပေါ့။ အဂတိနဲ့ ဆက်စပ်ပြီး စစ် ဆေးနေတာတော့ ကြားပါတယ်။ အသေးစိတ်ကတော့ သက်ဆိုင် ရာပဲသိမယ်’’ဟု နေပြည်တော်ဝန် ကြီးဌာနတစ်ခုမှ အဆင့်မြင့်အရာ ရှိတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တရားဝင်ထုတ်ပြန်ချက်ကိုသာ စောင့်ဆိုင်းရန် သမ္မတရုံးက ပြောကြားသည်။

သို့သော် သမ္မတနှင့် ပြည် ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုကို တင်ပြပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက မေလ ၈ ရက်တွင် ကြေညာသည်။

‘‘ဒီအချိန်မှာ ပိုင်ဆိုင်မှု ဘယ် လောက်ရှိလဲ တင်ပြထားတာ။ အဂတိလိုက်စားမှုသော်လည်း ကောင်း၊ ပြဿနာတစ်စုံတစ်ရာ သော်လည်းကောင်းဖြစ်ပေါ်လာ တယ်ဆိုရင် အဲဒါဖွင့်ပြီး တိုက်ဆိုင်စစ်ဆေးမှာ ဖြစ်တယ်။ ဒါဥပဒေ အရ’’ဟု သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက ပိုင်ဆိုင်မှုများတင် ပြခြင်းနှင့် ပတ်သက်၍ ရှင်းပြ သည်။

 ထိုသို့ပိုင်ဆိုင်မှုတင်ပြပြီး ကြောင်း ထုတ်ပြန်ပြီး သုံးရက်အ ကြာတွင် ပြည်ထောင်စုဝန်ကြီး တစ်ဦးကို စစ်ဆေးမှုသတင်းထွက် ပေါ်လာခြင်း ဖြစ်သည်။

သို့သော် သတင်းများထွက် ပေါ်နေသော်လည်း ဦးကျော်ဝင်းသည် မေလ ၁၂ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်အစည်းအဝေး သို့ တက်ရောက်ခဲ့သည်။

‘‘၀န်ကြီးက အလုပ်တွေပုံမှန် လုပ်နေပါတယ်’’ဟု စီမံဘဏ္ဍာ ၀န်ကြီးဌာန အရာရှိတစ်ဦးက မေလ ၁၃ ရက်တွင် 7Day Daily သတင်းစာအား ပြောသည်။

သမ္မတ ဦးဝင်းမြင့်သည် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်ကပင် အဂတိလိုက်စား မှုတိုက်ဖျက်ရေးကို စိတ်အား ထက်သန်ပြီး သမ္မတဖြစ်လာသည့်အခါ အဂတိလိုက်စားမှုများကိုတိုက်ဖျက်မည်ဟု ကြွေးကြော်ထားသည်။

ဦးဝင်းမြင့်သမ္မတဖြစ်လာပြီး နောက် အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က နိုင်ငံ့ဝန် ထမ်းတစ်ဦးဦးကို တရားစွဲဆိုအ ရေးယူရာတွင် မကြန့်ကြာစေရန် ဌာနဆိုင်ရာများက ခွင့်ပြုချက်အ မြန်ဆုံးထုတ်ပေးရမည်ဟု နိုင်ငံ တော်သမ္မတရုံးက ၀န်ကြီးဌာန များသို့ ဧပြီ ၁၉ ရက်က ညွှန်ကြား ထားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်ကို အဂတိလိုက်စား မှုဖြင့် ပြီးခဲ့သည့်လအတွင်း အမှု ဖွင့်အရေးယူခဲ့သည်။

လွှတ်တော်သို့ပေးပို့ထား သည့် အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေပြင်ဆင်ချက်တွင် ကျော်စောသတင်းထွက်ပေါ်နေ သူများကို စုံစမ်းစစ်ဆေးရန် အချက် ထည့်သွင်းထားသည်။

More in News Section