ဖာပွန်ခရိုင်အတွင်း လမ်းဖောက်လုပ်ပြီးပါက လုံခြုံရေးတပ်များ ရုပ်သိမ်းမည်ဖြစ်ကြောင်း တပ်မတော်က JMC-U တွင် ဆွေးနွေးထားဟုဆို

ကရင်ပြည်နယ် ဖာပွန် မြို့နယ်တွင် ခေးပူရွာနှင့် လယ်မူ ပလောရွာကို ဆက်သွယ်ထား သော လမ်းဖောက်လုပ်မှုပြီးစီးပါ က လုံခြုံရေးအရချထားသည့် တပ်များအားလုံး ရုပ်သိမ်းမည်ဟု တပ်မတော်က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအ ဝေး၌ ဆွေးနွေးတင်ပြထား ကြောင်း ကော်မတီပြောရေးဆိုခွင့် ရှိသူ ဒေါက်တာရွှေခါးရ်က ပြော ကြားသည်။


ယင်းလမ်းဖောက်မှုကြောင့် တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့အကြား မတ်လကစ၍ စစ် ရေးတင်းမာမှုများဖြစ်ပွားခဲ့သည်။

‘‘ဒီလမ်းကိုဖောက်ပြီးရင် ဒီ အခုလမ်းမဖောက်ခင်မှာရှိခဲ့တဲ့ တပ်အင်အားမှအပ လက်ရှိမှာ လုံခြုံရေးအရ ချထားတဲ့ တပ်တွေ အကုန်လုံး ရုပ်သိမ်းပါ့မယ်။ နောက် အဆုံးစွန်ပြောရရင်တော့ တကယ်လို့ လိုအပ်တယ်ဆိုလို့ရှိ ရင် ဒီလမ်းကို စက်ကိုထားပြီးတော့ စက်မောင်းတစ်ယောက်နဲ့ပဲ တပ် တွေ တစ်ခုမှမပါဘဲနဲ့လည်း ဖောက်ခွင့်တော့ပြုပါ၊ အဲဒီလိုမျိုး လည်း လုပ်ပေးပါ့မယ်ဆိုတဲ့ အ ဆင့်အထိတော့ ဆွေးနွေးတာ တွေ၊ ပြောဆိုတာတွေရှိပါတယ်’’  ဟု ဒေါက်တာရွှေခါးရ်က ရှင်းပြသည်။

တပ်မတော်နှင့် KNU/KNLA တပ်မဟာ (၅) အကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခ နှင့် ပတ်သက်၍ နှစ်ဖက်တပ်ပိုင်း ဆိုင်ရာ ခေါင်းဆောင်များ မတ်လ ကုန်ပိုင်းက တွေ့ဆုံရန် သဘော တူခဲ့သော်လည်း တပ်မဟာ(၅)မှ  တပ်မဟာမှူး မပါဝင်သဖြင့် ဆွေး နွေးပွဲကို တပ်မတော်က ရွှေ့ဆိုင်း ခဲ့ကြောင်း KNU က ပြောသည်။ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ မ ကျင်းပမီ တပ်မတော်က လက်ရှိ ဆောင်ရွက်နေမှုများ ဆက်လက် ဆောင်ရွက်ပါက မူတရော် (ဖာ ပွန်) ဒေသအတွင်း ဖြစ်ပေါ်လာ သော ပြဿနာနှင့် အကျိုးဆက် များကို တပ်မတော်က တာဝန်ယူ ရမည်ဟု KNU က ထုတ်ပြန်ထား သည်။

တပ်မတော်ဘက်ကလည်း မူတရော် (ဖာပွန်) ခရိုင်တပ်မဟာ (၅) ဒေသအတွင်း တပ်မတော် ဘက်မှ တပ်အင်အားထပ်မံတိုးချဲ့ လှုပ်ရှားမှုနှင့်ပတ်သက်ပြီး KNU ကရင်အမျိုးသား အစည်းအရုံး၏ သဘောထားထုတ်ပြန်ချက် ဟူ၍ Social Media များတွင် ပျံ့နှံ့နေ ကြောင်း တွေ့ရှိရကာ ယင်းထုတ် ပြန်ချက်ပါ အချက်များသည် မ ဟုတ်မမှန် ဖော်ပြထားခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အ ဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် နိုင်ငံတကာက အထင်အမြင် လွဲ မှားစေရန် လုပ်ဆောင်ခြင်းဖြစ် ကြောင်း တွေ့ရှိရသည်ဟု ထုတ် ပြန်ထားသည်။ လက်ရှိတွင် မတ်လ ၄ ရက်က စတင်ခဲ့သော လမ်းဖောက်ရေးလုပ်ငန်းသည် ခေးပူရွာဘက်မှ သုံးမိုင်၊ လယ်မူ ပလောရွာဘက်မှ တစ်မိုင်နှစ်ဖာ လုံ ဖောက်လုပ်ပြီးပြီ ဖြစ်သည်။

တပ်မတော်နှင့် KNU တပ်မ ဟာ (၅) တို့ မတ်လအတွင်းတိုက် ပွဲများကြောင့် လယ်မူပလော ဒေသရှိ ကျေးရွာ ၁၀ ရွာကျော်မှ လူဦးရေ ၂,၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ဒေသ တွင်း အဖွဲ့အစည်းများကပြော သည်။ လက်ရှိတွင်တပ်မတော်နှင့် KNU နှစ်ဖက်ဌာနချုပ်မှ စေလွှတ် သည့် တာဝန်ရှိသူများ မေလ တတိယပတ်၌ ဆွေးနွေးညှိနှိုင်း နိုင်ရေး JMC-U က စီစဉ်နေ သည်။

More in Politics Section