တနိုင်းစစ်ရှောင်များအတွက် စစ်ရှောင်စခန်းများ ဖွင့်ပေးရန် အရပ်ဘက်အဖွဲ့များတောင်းဆို

ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီ၏ သတင်းစာရှင်းလင်းပွဲကို မေလ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ Orchd Hotel ၌ ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ − ဇာလီမြင့်ဦး)

 တနိုင်းမြို့ပေါ်ရောက် စစ်ဘေးဒုက္ခသည်များ ရေရှည် စားဝတ်နေရေး အခက်အခဲရှိနိုင် ကြောင်း ပြည်ထောင်စုအဆင့် အ ရပ်ဘက် အဖွဲ့အစည်းငြိမ်းချမ်း ရေးဖိုရမ်(UCCPF)မှ တာဝန်ရှိသူ များက ပြောသည်။ 


UCCPF ၏ ကချင်ပြည်နယ် ခရီးစဉ်နှင့်ပတ်သက်၍ မေလ ၁၄ ရက်က ရန်ကုန်မြို့တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ ယင်းသို့ ပြောကြားသည်။ ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားသည့် တိုက်ပွဲများ၊ စစ်ဘေးရှောင် ပြည်သူများနှင့် ပတ် သက်သော ပကတိအခြေအနေ များနှင့်ပတ်သက်၍ UCCPF ကမေလဆန်းပိုင်းတွင် ကချင်ပြည် နယ်သို့ သွားရောက်လေ့လာကာ တနိုင်းမြို့ရှိ စစ်ဘေးရှောင်ပြည် သူများ၊ ကချင်လူငယ်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့များနှင့် အစိုးရ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

‘‘ကျွန်တော်တို့ သွားရောက် ခဲ့တဲ့အခြေအနေအရ တနိုင်းဒေ သမှာ စစ်ဘေးရှောင် ပြည်သူတစ် ထောင်ကျော်လောက်ရှိနေတယ်။ အရင်က ဒုက္ခသည်တွေရော၊ ထပ်ရောက်တဲ့သူတွေရောပေါ့။ သက် ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ် တွေ ဒုက္ခရောက်နေတယ်။ တ ကယ့်တကယ် လိုအပ်ချက်တွေ ကလည်း အများကြီးပဲ။ စိတ်မ ကောင်းစရာကတော့ အဲဒီတနိုင်း ဒေသကို ဆန်မတင်(ပို့)ရတာ တွေ၊ ဆီမသယ်ရတာတွေရှိနေတဲ့ အခြေအနေတွေရှိတော့ စိုးရိမ်စ ရာပဲ။ အဲဒီက ဘာသာရေးခေါင်း ဆောင်တွေကတော့ အဲဒီမှာ IDPsCamp သာ မဖွင့်ပေးရင် ဒီလူတွေ ရဲ့ စားဝတ်နေရေးအခြေအနေက အခက်အခဲရှိနိုင်တယ်လို့ ပြောပြ ကြတယ်။ တိုက်ပွဲတွေ ရပ်နေပေ မယ့်လည်း သူတို့အတွက် အခက် အခဲတွေ အများကြီးရှိနေတယ်’’ ဟု UCCPF ပြောရေးဆိုခွင့်ရှိသူ ဦးစိုးဌေးက ပြောသည်။ 

တနိုင်းမြို့နယ်ရှိ စစ်ဘေး ရှောင်များအား ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးရသူများအဖြစ် အသိအမှတ်ပြုကာ စစ်ရှောင်စ ခန်းများဖွင့်လှစ်ပေးရန်နှင့် စစ် ရှောင်များ၏ စိုးရိမ်မှုကို ကချင်ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရထံ အဆင့်ဆင့် ပြည်ထောင်စုအဆင့် UCCPF အနေဖြင့် တင်ပြ မည်ဖြစ်ကြောင်း ဦးစိုးဌေးက ဆက် လက်ပြောသည်။ 

စစ်ပွဲများအတွင်း ရောက်ရှိ နေသော စစ်ဘေးရှောင်ပြည်သူ များအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် ကချင်ပြည်နယ် အစိုးရအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အရပ် ဘက်အဖွဲ့အစည်းများနှင့် ယခု ထက် ပိုမိုပူးပေါင်းဆောင်ရွက်ပေး ရန် တိုင်းနှင့်ပြည်နယ်အသီးသီးမှ အရပ်ဘက်အဖွဲ့များစုစည်းပါဝင် သည့် UCCPF က သတင်းစာရှင်း လင်းပွဲ၌ ထုတ်ပြန်သည်။

‘‘အစိုးရနဲ့သက်ဆိုင်ရာအဖွဲ့ အစည်းတွေဘက်က စစ်ရှောင် တွေအတွက် လုပ်ပေးတာက လို အပ်ချက်တွေရှိပါတယ်။ နောက် ပြီး တိုက်ပွဲတွေဖြစ်မှ လူထုကို ကူ ညီတာထက် မဖြစ်ခင်ကတည်းက သူတို့အတွက် ကြည့်ကြဖို့ လို တယ်’’ ဟု UCCPF အဖွဲ့ဝင် တနင်္သာရီတိုင်းမှ ဦးမိုးသူအောင် က ပြောသည်။ 

တနိုင်းဒေသတွင် တပ်မ တော်နှင့် ကချင်လက်နက်ကိုင်အ ဖွဲ့(KIA)အကြား စစ်ရေးတင်းမာ နေသဖြင့် လယ်ယာလုပ်နေသူ များ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲရှိနေ သည်ဟု တနိုင်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော် ဝင်းက ပြောကြားသည်။ 

ဧပြီ ၇ ရက်က စတင်၍ မြန်မာ့တပ်မတော်နှင့် KIA အကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် ကချင် ပြည်နယ် တနိုင်း၊ ဖားကန့်၊ မြစ်ကြီး နား၊ မိုးမောက်၊ မိုးကောင်းနှင့် အင်ဂျန်းယန်မြို့နယ်နှင့် လိုင်ဇာမှ ဒေသခံများ ရာနှင့်ချီကာ နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ဒေ သတွင်း လူမှုအဖွဲ့အစည်းများ က ပြောသည်။ တနိုင်းဒေသတွင်း ၂၀၁၇ နှစ်ကုန်ပိုင်းက ဖြစ်ပွား သော တိုက်ပွဲများကြောင့်လည်း တနိုင်းမြို့ပေါ်သို့ တိမ်းရှောင်လာ သည့် ဒေသခံ ၉၀၀ ခန့် နေရပ် ပြန်နိုင်ခြင်းမရှိသေးဘဲ ခရစ်ယာန် ဘာသာရေးကျောင်းများ၌ လက်ရှိ အချိန်အထိ နေထိုင်နေရကြောင်း တနိုင်းမြို့ ခရစ်ယာန်ဂိုဏ်းပေါင်း စုံအရေးပေါ် ကယ်ဆယ်ရေးကော် မတီမှ သိရသည်။ 

စစ်ဘေး ဒုက္ခသည်များ၏ လတ်တလော စားဝတ်နေရေးကို တနိုင်းရှိ ခရစ်ယာန်ဘာသာရေး ကျောင်းများက စီစဉ်ပေးနေပြီး ဒေသခံ ပရဟိတအဖွဲ့များ၊ စီးပွား ရေးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးပါတီအချို့မှ ဆန်နှင့်ဆီအပါအ ဝင် စားနပ်ရိက္ခာအချို့ လာရောက် လှူဒါန်းကြောင်း အရေးပေါ်ကယ် ဆယ်ရေးကော်မတီ ပြောရေးဆို ခွင့်ရှိသူ ဆရာနော်တောင်က ပြော သည်။ 

လက်ရှိ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များ အကောင်အထည် ဖော်နေစဉ်အတွင်း စစ်ရေးနည်း ဖြင့် မဖြေရှင်းဘဲ ပြည်သူများ ထိ ခိုက်မှုမရှိစေရေး စားပွဲဝိုင်းပေါ် တွင် နိုင်ငံရေးနည်းဖြင့် ညှိနှိုင်းဖြေ ရှင်းရန် UCCPF တာဝန်ရှိသူများ က တိုက်တွန်းသည်။ တပ်မတော်နှင့် KIA တို့ ၂၀၁၁ ကစ၍ တစ်ကျော့ပြန်ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကချင်နှင့် ရှမ်းမြောက် ဒေသခံတစ်သိန်းကျော်တို့သည် ယာယီစခန်း ၁၀၀ ကျော်တွင် ခိုလှုံနေရ ဆဲဖြစ်သည်။

More in Politics Section