မုံရွာ၌ ကြက်သွန်နီမျိုးစေ့ တစ်ပြည်လျှင် ကျပ်တစ်သိန်းအထိ ဈေးမြင့်တက်

မုံရွာမြို့နယ်အတွင်း ကြက်သွန်နီမျိုးစေ့ ထုတ်လုပ်မည့်စိုက်ခင်းအား တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

မုံရွာမြို့တွင် ကြက်သွန်နီ မျိုးစေ့ရှားပါးမှုကြောင့် တစ်ပြည် လျှင်ကျပ်တစ်သိန်းအထိ ရောင်း ချသော်လည်း ဝယ်လိုအားနည်း နေကြောင်း ဒေသခံကြက်သွန်နီ စိုက် တောင်သူများကဆိုသည်။

ပြီးခဲ့သည့်  နှစ်ဆန်းက ကြက်သွန်နီမျိုးစေ့ထုတ်လုပ်ချိန် မိုးရွာသွန်းမှုများကြောင့် စိုက်ခင်း အချို့ ပျက်စီးပြီး မျိုးစေ့အထွက် နှုန်း ပုံမှန်နှစ်များထက် ထက်ဝက် ခန့် လျော့နည်းခဲ့သဖြင့် ကြက်သွန် နီမျိုးစေ့ ဈေးတက်နေခြင်းဖြစ် သည်။

‘‘ကြက်သွန်နီမျိုးစေ့ တစ် ပြည်တစ်သိန်းဆိုပေမယ့် ကြက် သွန်နီဈေး အခြေအနေ စောင့် ကြည့်နေရတော့ တောင်သူက မျိုး စေ့မဝယ်ရဲသေးဘူး’’ ဟု မုံရွာမြို့ နယ် သမန္တာကျေးရွာဒေသခံ ကြက်သွန်နီစိုက်တောင်သူ ကိုဝင်း မြို့ဦးက ပြောသည်။

ယခုနှစ် မေလလယ်အတွင်း မုံရွာမြို့ ကြက်သွန်နီဈေးကွက်တွင် တစ်ပိဿာကျပ် ၄၅၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ကြက်သွန်နီမြေငှားစိုက်သော တောင်သူများ ဈေးကွက် အခြေအနေ စောင့်ကြည့်နေဆဲဖြစ်၍ မြေယာငှားရမ်းမှု မရှိသေးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

‘‘ငွေကြေးတတ်နိုင်တဲ့သူက မျိုးစေ့ကြိုဝယ်ကြတာရှိတယ်။ ငွေ ကြေးမတတ်နိုင်တဲ့ သူတွေက လည်း လတ်တလောမျိုးစေ့မဝယ် နိုင်သေးဘူး။ လက်ထဲက ကြက် သွန်နီတွေ ရောင်းရတဲ့အချိန်မှ မျိုးစေ့ဝယ်ကြရမှာပေါ့’’ ဟု မုံရွာ မြို့နယ် မြေနဲကျေးရွာနေ ကြက် သွန်နီစိုက်တောင်သူ ဦးအောင် ထူးက ပြောသည်။

ပြီးခဲ့သည့်နှစ် ကြက်သွန်နီ စိုက်ပျိုးရာသီတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကြက်သွန်နီပျိုးခင်းများ ပျက်စီးခဲ့သဖြင့် နှစ်ကြိမ်မှ သုံးကြိမ်အထိ ပျိုးခင်း များ ပြန်လည်စိုက်ပျိုးခဲ့ရကြောင်း၊ ထို့ကြောင့် ကြက်သွန်နီမျိုးစေ့ တစ်ပြည်လျှင် ယခင်ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းခန့်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံတောင်သူများက ပြောသည်။

More in Regional Section