ဖားကန့်မြို့ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အတွင်း လူတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ၊ ၄၀ ဦးထက်မနည်းကို ဖမ်းဆီးထား

 ဖားကန့်တွင် ကျောက် စိမ်းကုမ္ပဏီနှင့် ဝန်ထမ်းများ အကြား လုပ်ခလစာ ညှိနှိုင်းမှု အဆင်မပြေရာမှ စတင်သည့် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အတွင်း လူတစ်ဦးသေဆုံးကာ သုံးဦးဒဏ် ရာပြင်းထန်စွာရရှိခဲ့ပြီး အနည်းဆုံး ၄၀ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေသည်။

လစာပေးချေမှု ညှိနှိုင်းရာမှ အဆင်မပြေဖြစ်ကာ ဖား ကန့်မြို့နယ် လုံးခင်းကျေးရွာအုပ် စုရှိ ရတနာရွှေအိတ် ကျောက် မျက်တူးဖော်ရေးကုမ္ပဏီ ဝန်ထမ်း ၁,၀၀၀ ခန့်နှင့် ကုမ္ပဏီတာဝန် ရှိသူများအကြား တင်းမာမှု ဖြစ် ပွားရာမှ မေလ ၁၃ ရက်ညတွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ ကြောင်း နိုင်ငံပိုင်သတင်းစာက ဖော်ပြထားသည်။ ယင်းည ၇နာရီခန့် မှ ညဥ့် ၁၂ နာရီ ကျော်အထိဖြစ်ပွားသည့် ကနဦးအခြေအနေကို နိုင်ငံပိုင်သတင်းစာက ဖော်ပြရာ ကုမ္ပဏီပိုင်အဆောက်အအုံအချို့နှင့် ယန္တရားအချို့ကို ကုမ္ပဏီဝန်ထမ်းများက မီးရှို့ဖျက်ဆီးခဲ့ပြီး လူ ၂၀ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဖော်ပြသည်။

မေလ ၁၄ ရက်တွင် ရေ မဆေးကျောက်ရှာဖွေသူ တစ်ဦး သေဆုံး၍ သုံးဦးဒဏ်ရာရခဲ့ ကြောင်း ထပ်မံ သိရသည်။

‘‘ညကဖြစ်တာမှာ တစ် ယောက်သေတယ်။ သုံးယောက် ဒဏ်ရာရတယ်။ သေတဲ့သူက မီးလောင်ပြီး သေတာလား၊ သေ နတ်မှန်ပြီးသေတာလားဆိုတာကို ဆရာဝန်က စစ်ဆေးနေတုန်းပဲ’’ ဟု ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက မေလ ၁၄ ရက်အခြေ အနေကို ပြောပြသည်။

ရေမဆေးကျောက် ရှာဖွေ သူများသည် ကုမ္ပဏီပိုင် ကျောက် စိမ်းဂိုဒေါင်ကို ဝင်ရာက်လုယက် ခဲ့သောကြောင့် လုံခြုံရေးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး လူ ၄၀ ကျော်ကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားသည်ဟုဆိုသည်။

‘‘ကုမ္ပဏီနဲ့၊ ဝန်ထမ်းနဲ့ လစာ ကိစ္စ အဆင်မပြေရာကနေ စဖြစ် တာ။ ရေမဆေးတွေက ကုမ္ပဏီ မှာ မီးလောင်နေချိန် ကျောက်ဝင် ဖောက်တာ။ ည ၆ နာရီခွဲကနေ စတာ။ ၁၂ နာရီဝန်းကျင်လောက် မှာ မီးငြှိမ်းသတ်နိုင်တယ်’’ဟု အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦး က ပြောသည်။

ဒဏ်ရာရသူ သုံးဦးစလုံး သည် ရေမဆေးကျောက်ရှာဖွေသူ များဖြစ်ပြီး နှစ်ဦးသည် ညာဘက် ပေါင် ပွင့်ထွက်ဒဏ်ရာ၊ တစ်ဦး မှာ ဘယ်ဘက်လက်မောင်း သေ နတ်ကျည်ဖောက်ဝင်ဒဏ်ရာ ရခဲ့ သည်။ မီးရှို့ခံရသည့်ဖြစ်စဉ်တွင် ကုမ္ပဏီပိုင် ပေ ၅၀ ပတ်လည် ဂိုဒေါင်လေးလုံး၊ ပေ ၂၀ ပတ်လည် ဂိုဒေါင်တစ်လုံးနှင့် ဘက်ဟိုးတစ်စီး၊ မြေသယ်ယာဉ် လေးစီး၊ ကားနှစ်စီးမီးလောင်ခဲ့ကြောင်းဖားကန့်မြို့နယ် မီးသတ်တပ်ဖွဲ့မှူး ဦးပြေငြိမ်းက ပြောသည်။

ကုမ္ပဏီများသည် မိုးကာလ တွင် ကျောက်စိမ်းတူးဖော်မှု ရပ် နားပြီး မေလကစတင်၍ တစ်ရာ သီစာ လုပ်ခလစာများ ရှင်းလင်း ပေးရာ ကုမ္ပဏီအများစုမှ ကြီး ကြပ်ရေး ဝန်ထမ်းအဆင့်ဆင့် သည် စာချုပ်ပါအတိုင်းရှင်းလင်း ခြင်းမရှိ၍ ဝန်ထမ်းများက တင်း မာခဲ့ခြင်းဖြစ်သည်ဟု ကာယကံ ရှင် ဝန်ထမ်းအချို့က ပြောသည်။