ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေးဆန္ဒပြသူများကို မထောက်ခံကြောင်း ပြည်ခိုင်ဖြိုးကော်မတီဝင်ပြော

 ငြိမ်းချမ်းရေးဟု ဆိုရာ တွင် အစိုးရတည်ဆောက်သည့် ငြိမ်းချမ်းရေးလမ်းစဉ်ကိုသာ လိုက်သင့်သည်ဟု ယူဆပြီး ရန်ကုန်မြို့အတွင်း ငြိမ်းချမ်းရေးအတွက် ဆန္ဒပြမှုများကို မထောက်ခံကြောင်း ရန်ကုန်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီအဖွဲ့ဝင် ဒေါက်တာ ကျော်စိုးက ပြောသည်။

ယမန်နေ့က ရန်ကုန်မြို့ ဆရာစံလမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံး တွင်ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲ၌ ငြိမ်းချမ်းရေးဆန္ဒပြမှုကိစ္စနှင့်ပတ်သက်ပြီး မီဒီယာ များ၏ မေးမြန်းမှုကို ဒေါက်တာ ကျော်စိုးက အထက်ပါအတိုင်း ပြောကြားသည်။


 ‘‘အခုလိုမျိုးဖြစ်နေတာက ရန်ကုန်မြို့လယ်မှာ ဥပဒေနဲ့ မညီ ဆောင်ရွက်တာကတော့ ဥပဒေ လမ်းကြောင်းနဲ့ မညီတဲ့အတွက် ကြောင့် ထောက်ခံခြင်းမရှိပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံ တော်အစိုးရဦးဆောင်တဲ့နောက် ကိုပဲ ကျွန်တော်တို့ ပြည်သူ၊ ပြည် သားတွေ လိုက်သင့်တယ်လို့ ယူဆပါတယ်’’ဟု ၎င်းက ပြောသည်။

မေလ ၁၂ ရက်က ရန်ကုန် မြို့ တာမွေအ၀ိုင်းထိပ်တွင် ငြိမ်း ချမ်းရေးဆန္ဒပြမှုကြောင့် တက်ကြွ လှုပ်ရှားသူ ၁၇ ဦးသည် ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ခံထား ရပြီး မေလ ၁၄ ရက်ကလည်း မဟာဗန္ဓုလပန်းခြံအတွင်း ငြိမ်း ချမ်းရေးကဗျာရွတ်ဆိုမှုကြောင့် ပါဝင်သူ သုံးဦးကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားသည်။

ကချင်ဒေသတွင် ဖြစ်ပွားနေ သည့် စစ်ပွဲများကြောင့် ပိတ်မိနေ သူများ ဘေးကင်းလုံခြုံရာသို့ လွတ်မြောက်ရေးဆောင်ရွက်ပေး ရန်နှင့် စစ်ပွဲများရပ်တန့်ရန် မေလ ၂ ရက်ကလည်း ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖော်ခဲ့သည်။ တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့အကြား ဧပြီက ကချင်ပြည်နယ် တနိုင်း၊ ဖားကန့်၊ မိုးကောင်းနှင့် အင်ဂျန်းယန်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ တိုက်ပွဲကြောင့် ယင်းဒေသရှိ ပြည်သူ ငါးထောင်ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

 ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်တွင် မေလ ၁၂ ရက်က ရဲကင်းစခန်းနှင့် ပြည်သူ့စစ်များ ကို တအာင်းလက်နက်ကိုင်အ ဖွဲ့ (TNLA) က ၀င်ရောက်တိုက် ခိုက်ရာ အရပ်သားများအပါအ ၀င် လူ၂၀ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

ထိုကဲ့သို့ စစ်ပွဲများဖြစ်ပေါ် နေရခြင်းသည် တပ်မတော်နှင့် သူပုန်တို့ တိုက်ခိုက်နေခြင်းသာ ဖြစ်ကြောင်း ဒေါက်တာ ကျော်စိုးက ပြောသည်။

 ‘‘ပြည်တွင်းစစ်ဆိုတာက သူပုန်ကို မြန်မာ့တပ်မတော်က တိုက်ခိုက်တယ်လို့ ကျွန်တော်တို့ က ရှုမြင်တယ်။ ငြိမ်းချမ်းရေးက ငြိမ်းချမ်းရေးလမ်းစဉ်သွားမယ်လို့ ကျွန်တော်တို့က ရှုမြင်တယ်။ ဒီဟာက တပ်မတော်က စတင် တိုက်ခိုက်တာမှ မဟုတ်ဘဲ။ တပ်မ တော်စစ်စခန်းတွေကို တိုက်ခိုက် တယ်လို့ ကျွန်တော်တို့တွေက နိုင်ငံပိုင်သတင်းစာတွေမှာ တွေ့ရှိရပါတယ်။ ဒီအတွက်ကြောင့် သူ ပုန်လို့ သုံးနှုန်းတာ ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

ထိုသို့ဖြေကြားခြင်းနှင့် ပတ် သက်၍ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ (FPPS) ဦးဆောင်ကော်မတီဝင် ဦးထွန်း ကြည်က ပြည်ခိုင်ဖြိုးပါတီ၏ ငြိမ်း ချမ်းရေးအပေါ် သဘောထားသည်မေးခွန်းထုတ်စရာဖြစ်ကြောင်း မှတ်ချက်ပြုသည်။

‘‘ငြိမ်းချမ်းရေးကို ချစ်မြတ်နိုး လို့၊ စစ်ပွဲတွေရပ်စေချင်လို့ လုပ် တာ။ ခွင့်ပြုချက်ကတင်တယ် ခွင့် ပြုမိန့်မပေးတာ။ အဲဒီအတွက်၊ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြကြ တယ်။ အဲဒီလိုဆန္ဒပြတဲ့အချိန်မှာ အရပ်ဝတ်တွေက ရိုက်နှက်ဖမ်း ဆီးနေတာကို မြင်တွေ့နေရ တယ်။ ဒါက တရားဥပဒေမဲ့တဲ့ လုပ်ရပ်။ ဒီဟာကို ဂဃနဏသိပြီးမှ ပြောဆိုသုံးသပ်ဖို့ လိုတယ်’’ဟု ၎င်းက ပြောသည်။