စစ်ရှောင်များအရေး မြစ်ကြီးနားတွင် ဆန္ဒပြသည့် ဦးဆောင်သူ သုံးဦးကို တပ်မတော်က အသရေဖျက်မှုဖြင့် တရားစွဲ

စစ်ရှောင်များအရေး မြစ်ကြီးနားတွင် ဧပြီ၃၀ရက်က ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ- ဆွတ်ဆိုင်းထွယ်)

တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA) တို့၏ တိုက်ပွဲကြောင့် ပိတ်မိနေသော စစ်ဘေးဒုက္ခသည်များအား ကယ် ထုတ်ကူညီရန် မြစ်ကြီးနားတွင် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင် သူ သုံးဦးကို တပ်မတော်က အသ ရေဖျက်မှု (ပုဒ်မ -၅၀၀) ဖြင့် တ ရားစွဲဆိုထားပြီး မေလ ၁၆ ရက် (ယနေ့) တွင် ရုံးချိန်းခေါ်ဆိုထား ကြောင်း တရားစွဲခံရသည့် ကချင် လူငယ်အဖွဲ့ ဦးဆောင်သူ ကို လွမ်းဇောင်းက ပြောသည်။

ကချင်ပြည်နယ် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ် မှူးကြီးတစ်ဦးက တရားလိုပြု လုပ်ကာ ပိတ်မိပြည်သူလွတ် မြောက်ရေး ဦးဆောင်လှုပ်ရှား သည့် ကော်မတီမှ တာဝန်ရှိသူသုံး ဦးကို တရားစွဲထားခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။ တရား စွဲဆိုခံထားရသူများသည် ကိုလွမ်း ဇောင်း၊ ကိုဇော်ဂျက်နှင့် ဒေါ်နန် ပူတို့ဖြစ်သည်။

‘‘တပ်မတော်ကို အသရေ ဖျက်တယ်ဆိုတဲ့ ပုံစံနဲ့ စွပ်စွဲပြီး တရားစွဲတာပေါ့။ ကျွန်တော်တို့က ကျွန်တော်တို့ မူလအခွင့်အရေးကို သုံးစွဲပြီးမှ မိမိရဲ့ပြည်သူတွေ တိုက်ပွဲတွေထဲမှာ အသက်နဲ့လုပြီး ပိတ်နေရတာကို အမြန်ဆုံးနိုင်ငံ တော်အစိုးရက ကယ်တင်ပေးပါ၊ ကယ်ထုတ်ပေးပါ၊ လူသားချင်း စာနာထောက်ထားမှုပေးပါဆို တာ ပြောဆိုတယ်၊ ထုတ်ဖော် တယ်၊ ရေးသားတယ်။ အဲဒီလိုမျိုး ဆိုတော့ တပ်မတော်ကိုရော၊ နိုင်ငံတော်အစိုးရကိုရော ဘယ်သူ့ ကိုမှ နစ်နာစေတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ဘူး။ ဘယ်သူ့ကို မှ ကျွန်တော်တို့ ပုန်ကန်တာလည်း မဟုတ်ဘူး’’ ဟု ကိုလွမ်းဇောင်းက ပြောသည်။

ပိတ်မိစစ်ရှောင်များ လွတ် မြောက်ရေး ကချင်လူ ငယ်အဖွဲ့ က လုပ်ဆောင်သည့်အချက်များ တွင် တပ်မတော်ကို အကြည်အ ညိုပျက်စေသည့် ကိစ္စတစ်ခုမျှ မပါရှိဟု ကချင်လူငယ်အဖွဲ့ခေါင်း ဆောင် မဆွတ်ဆိုင်းထွယ်က ဆို သည်။

‘‘ဘယ်စကားလုံးကို အပြစ် ရှာထားတယ်ဆိုတာ မသိသေး ဘူ။ မနက်ဖြန်မှသိရမယ်’’ ဟု၎င်း က မေလ ၁၅ ရက်တွင် ပြော သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက်၍ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်သို့ ဆက်သွယ်ရာတာဝန်ကျ သူတစ်ဦးက ၎င်းအနေဖြင့် တရား စွဲဆိုထားမှုကိစ္စကို ဂဃနဏမသိ ဟု ပြောသည်။

မြစ်ကြီးနားမြို့၌   ပိတ်မိ စစ်ရှောင်များအရေး ဆန္ဒထုတ် ဖော်သည့် လှုပ်ရှားမှုကို ဧပြီ ၃၀ ရက်နံနက်တွင်  မြို့ပေါ်၌  လမ်း လျှောက်ဆန္ဒထုတ်ဖော်ခြင်းဖြင့် စတင်ခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲတာဝန်ခံ သည် ဒေါ်နန်ပူဖြစ်ပြီး ယင်းနေ့ နံနက်တွင် မြို့ပေါ်သို့ လမ်း လျှောက်ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ် ခဲ့ရာ ဘာသာရေးအဖွဲ့များ၊ မြစ် ကြီးနားမြို့ခံများ၊ ကချင်လူငယ် များ စုစုပေါင်း ထောင်ချီသည့်လူ အုပ်က ‘တိုက်ပွဲကြားပိတ်မိခံ ပြည်သူများအား လွတ်လပ်စွာ စားနပ်ရိက္ခာအမြန်ဆုံး ထောက်ပံ့ ပေးရေး’ ၊ ‘ပိတ်မိပြည်သူများ၏ အသက်ကို လျစ်လျူမရှုပါနဲ့’ ၊ ‘လူသားချင်းစာ နာမှုဆိုင်ရာအကူ အညီထောက်ပံ့မှု ပိတ်ပင်ခြင်း အား ချက်ချင်းရပ်’ ၊  ‘ပြည်သူ သည် ရန်သူမဟုတ်’ ၊ ‘အမျိုးသမီး များအား စစ်ပွဲတွင် ဓားစာခံမလုပ် ရ’ စသည့် စာတန်းများကိုင်ဆောင် ပြီး ဆန္ဒပြခဲ့သည်။

ထို့အပြင် ‘လေယာဉ်ဖြင့် ပြည်သူများကို ပစ်မှတ်ထား ဗုံး ကြဲခြင်း ချက်ချင်းရပ်’ ၊ ‘အပြစ်မဲ့ ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်မှု အလိုမရှိ’ ဟူသည့် စာရေးထားသည့် ဆိုင်းဘုတ်ကိုင် ဆောင်သူအချို့ ပါဝင်ခဲ့သည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲအ ပြီးတွင် ကချင်လူငယ်အဖွဲ့က မြို့ လယ်တွင် သပိတ်စခန်းဖွင့်လှစ် ခြင်း၊ ထို့နောက် မနောကွင်းနှင့် ပြည်နယ်အစိုးရ ရုံးအနီးတွင်စုရပ် ပြုလုပ်ကာ ပိတ်မိစစ်ရှောင်များ လွတ်မြောက်ရေး တောင်းဆိုခြင်း၊ ဆုတောင်းခြင်း အပါအဝင် ပိတ် မိစစ်ရှောင်များ လွတ်မြောက်ရေး လှုပ်ရှားမှုကို ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်ခဲ့သည်။

ပိတ်မိစစ်ရှောင်များလွတ် မြောက်ရေး မြစ်ကြီးနားမြို့တွင် ဆန္ဒဖော်ထုတ်သည့် ကချင်လူ ငယ်အဖွဲ့ဦးဆောင်သူ ကိုလွမ်း ဇောင်းနှင့် မဆွတ်ဆိုင်းထွယ်တို့ နှစ်ဦးကိုလည်း ဆန္ဒထုတ်ဖော်မှုကို ခွင့်မတောင်း၍ဟုဆိုကာ မြို့နယ် တရားရုံးက မေလ ၉ ရက်တွင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နှင့် ဒဏ် ငွေကျပ်သုံးသောင်းစီ  ပြစ်ဒဏ်ချ မှတ်ခဲ့သည်။