မူဆယ်တိုက်ခိုက်ခံရမှုတွင် သေဆုံး၊ ဒဏ်ရာရသူများအတွက် ၀မ်းနည်းကြောင်းအဆို ပြည်သူ့လွှတ်တော်၌ မှတ်တမ်းတင်

 မူဆယ်မြို့နယ် တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း  ဖြစ်ပွားခဲ့သော  လက်နက်ကိုင် အဖွဲ့များ ၀င်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့သည့် ပြည်သူများ၊ ရဲ တပ်ဖွဲ့ဝင်များနှင့် ဌာနေပြည်သူ့ စစ်တပ်ဖွဲ့ဝင်များအတွက် ၀မ်း နည်းကြောင်း အဆိုကို ပြည်သူ့ လွှတ်တော်က   မှတ်တမ်းတင် ခဲ့သည်။

ယင်းအဆိုကို ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သာစည်မဲ ဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် အမတ် ဦးသန်းစိုးက တင်သွင်းပြီး အဆိုကိုမှတ်တမ်းတင်ရန် လွှတ်တော်၏သဘောထားရယူရာတွင် ကန့်ကွက်သူ မရှိဘဲ အတည်ပြုခဲ့ သည်။

ပြည်သူက ရွေးချယ်တင် မြှောက်ထားသည့် ကိုယ်စားလှယ် များအနေဖြင့် အပြစ်မဲ့တိုင်းရင်း သား ပြည်သူများ၏ လုံခြုံရေးအ တွက် တာဝန်ထမ်းဆောင်နေသူ များ၏ အသက်ဆုံးရှုံးမှုနှင့် ထိ ခိုက်ဒဏ်ရာ ရရှိမှုများကို ဂရုပြု ၍ စာနာထောက်ထားရန် တာဝန် ရှိကြောင်းဦးသန်းစိုးက အဆိုတင် သွင်းစဉ် ပြောသည်။

‘‘ဒီမူဆယ်ကိစ္စက တစ်ကြိမ် လည်း မဟုတ်တော့ဘူး။ ဒုတိယ အကြိမ် ဖြစ်သွားပြီ။ ဒါကတိုက်ပွဲ ဖြစ်တဲ့ သဘောမဟုတ်ဘူး။ တမင် ၀င်ရောက်လုပ်တာ ဖြစ်တယ်’’ ဟု ၎င်းကမီဒီယာများအား ပြော သည်။

ယင်းအဆိုကို ပြည်ခိုင်ဖြိုး ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းထွန်းက ထောက်ခံဆွေးနွေးခဲ့သည်။ မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် မေလ ၁၂ ရက် နံနက် ၅ နာရီခန့်က ရဲကင်း စခန်းနှင့် ပြည်သူ့စစ်များကို တအာဝ်းလက်နက်ကိုင်အဖွဲ့ (TNLA) က ၀င်ရောက်တိုက်ခိုက် ရာ အရပ်သားများအပါအ၀င် လူ ၁၉ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာ ရရှိခဲ့သည်။

ထို့အပြင် ယင်းဖြစ်စဉ်အ တွင်း ဒဏ်ရာရရှိသူများအနက် တစ်ဦးသည် မန္တလေးဆေးရုံကြီး သို့ ပို့ဆောင်နေစဉ်  သေဆုံးသွား ရာ  မူဆယ်တိုက်ခိုက်မှုကြောင့် သေဆုံးသူစုစုပေါင်း  ၂၀ ဦး  ရှိခဲ့သည်။  အဆိုပါ တိုက်ခိုက်မှုဖြစ် စဉ်သည် အစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုအပေါ်  ထိခိုက်မှုရှိနိုင် ကြောင်း  အဆိုကို  ထောက်ခံခဲ့ သည့် ဦးသိန်းထွန်းက မီဒီယာများ အားပြောသည်။