အက်ဖ်အေဖလား ဗိုလ်လုပွဲတွင် ခြေစွမ်းကောင်းပြသရန် ချယ်လ်ဆီးကစားသမားများကို နည်းပြတိုက်တွန်း

 မေလ ၁၉ ရက်တွင် မန်ယူနှင့်ကစားမည့်  အက်ဖ်အေ ဖလားဗိုလ်လုပွဲ၌ ကစားသမား များအနေဖြင့် နယူးကာဆယ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သော ပွဲမှ ခြေစွမ်း ထက် တိုးတက်ကောင်းမွန်ရမည် ဟု ချယ်လ်ဆီးနည်းပြ ကွန်တီက သတိပေးသည်။

ချယ်လ်ဆီးသည် ရာသီပိတ် ပွဲတွင် နယူးကာဆယ်ကို သုံးဂိုး ပြတ်ရှုံးနိမ့်ပြီး လာမည့်နှစ် ချန်ပီ ယံလိဂ် ဝင်ခွင့်လွဲချော်ခဲ့သည်။

‘‘ဗိုလ်လုပွဲအတွက် ကျွန် တော်တို့ ကစားပုံပြောင်းလဲပစ်ရ ပါမယ်။ နယူးကာဆယ်နဲ့ပွဲကလို မျိုး ခြေစွမ်းနဲ့ကစားရင် ဗိုလ်လုပွဲမှာ အခွင့်အရေးရမှာ မဟုတ်ပါ ဘူး။ ဗိုလ်စွဲဖို့အတွက် တိုက်ပွဲဝင် သွားမှာပါ’’ဟု ကွန်တီက ပြော သည်။

ပြီးခဲ့သည့်နှစ် ပွဲဦးထွက် ရာသီတွင် ချယ်လ်ဆီးကို ပရီးမီး ယားလိဂ်ဖလားရရှိအောင် စွမ်း ဆောင်ပေးခဲ့သူ ကွန်တီက ယခု နှစ်ရာသီ၌ ခြေစွမ်းညံ့ဖျင်းခဲ့ခြင်းမှာ အကြီးအကျယ်စိတ်ပျက်စရာ ဖြစ်ကြောင်း ပြောကြားထား သည်။ထိုအတောအတွင်း အက်ဖ် အေဖလား ဗိုလ်လုပွဲမတိုင်မီ တိုက်စစ်မှူးနှစ်ဦးဖြစ်သော မာရှယ်နှင့် လူကာကူတို့၏ ကြံ့ခိုင်မှုနှင့်ပတ် သက်၍ စိုးရိမ်မိကြောင်း မန်ယူ နည်းပြ မော်ရင်ဟိုက ပြောသည်။

ယခုနှစ်ရာသီ မန်ယူအတွက် ပြိုင်ပွဲစုံ ၁၁ ဂိုး သွင်းယူထားသူ မာရှယ်သည် ဒူးဒဏ်ရာရနေ၍ ဝက်ဖို့ဒ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရ ခဲ့သော ရာသီပိတ်ပွဲကို လွဲချော်ခဲ့ သည်။

လိဂ် ၁၆ ဂိုးသွင်းယူထားသူ လူကာကူသည် ခြေချင်းဝတ်ဒဏ် ရာရနေပြီး မိခင်နိုင်ငံ ဘယ်လ်ဂျီ ယံသို့ပြန်ကာ အနားယူနေသည်။

—Ref: Reuters