NVC ကတ် ကိုင်ဆောင်သူများ သတ်မှတ်ချက်များကိုက်ညီမှသာ တစ်နိုင်ငံလုံးသို့ သွားလာခွင့်ပြုမည်

နိုင်ငံသားစိစစ် ရေးသက်သေခံကတ်ပြား NVC ကတ် ကိုင်ဆောင်သူများသည် သက်ဆိုင်ရာ အာဏာပိုင်များထံ သတ်မှတ်ချက်ပုံစံများ ဖြည့်၍ ခွင့် ပြုချက်ရရှိမှသာ တစ်နိုင်ငံလုံးသို့   သွားလာခွင့်  ရရှိနိုင်မည်ဖြစ် ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေ က မေလ ၁၄ရက်တွင် ကျင်းပသောပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းပြောကြားသည်။

‘‘NVC ကတ်ကိုင်ဆောင်သူ များအတွက် အထက်က တင်ပြခဲ့ တဲ့ အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်များ ကို ကျွန်တော်တို့ တိကျစွာကြပ် မတ်ဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ၎င်းက ပြောသည်။

NVC ကတ်ရှိသူများအနေဖြင့် မိမိနေထိုင်ရာ မြို့နယ်တွင်သာ လွတ်လပ်စွာ သွားလာခွင့်ရှိပြီး မြို့နယ်ပြင်ပသို့ သွားမည်ဆိုပါက ပုံစံ  (၄) လျှောက်လွှာကို ဖြည့်သွင်းရကြောင်း ဦးသိန်းဆွေက ရှင်းပြသည်။

လက်ရှိတွင် ဘူးသီးတောင်-မောင်တောမှ လူအချို့  ရန်ကုန်တွင် ဆေးကုသခြင်း၊ ကျောင်းတက်လိုသည့် ကိစ္စရပ်များကို သတ်မှတ်ချက်များနှင့်အညီ  ခွင့်ပြုပေးနေကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံ သားစိစစ်ခံရမည့် သူ၏ သက်သေ ခံကတ်ပြားထုတ်ပေးခြင်း အပါ အ၀င် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အ ထည်ဖော်ဆောင်ရွက်ရေးကော်မ တီတို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို မေလ ၁၄ ရက်၌ သက်ဆိုင်ရာဝန်ကြီးဌာနများက ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းခဲ့သည်။

ထိုသို့ရှင်းလင်းပြီးချိန် ပြည် ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက NVC ကတ်ကိုင်ဆောင်သူများ တစ်နိုင်ငံလုံးသွားလာခွင့်ရှိသည်ဆိုသော အချက်သည် တည်ငြိမ်မှုကို ပျက်စီးစေသောကြောင့် ပြည်သူများသိအောင် ရှင်းလင်းစွာသိစေရန် ဖြေရှင်းပေးရန် တောင်းဆိုခဲ့မှုကိုပြန်လည်ပြောကြားခြင်း   ဖြစ်သည်။ NVC ကတ်ရှိသူများအနေဖြင့် တစ်နိုင်ငံလုံးသို့ လွတ်လပ်စွာသွားလာနိုင်ကြောင်းသတင်းများကြောင့် ဆန္ဒပြမှုအချို့ ဖြစ်ပေါ်နေသည်။