၂၅ နှစ်ကြာပြီးနောက် ပထမဆုံး ဥရောပဖလား ကိုင်မြှောက်နိုင်အောင် မာဆေးလ်အသင်းကြိုးစားမည်

၁၉၉၃ က ချန်ပီယံ လိဂ်ဖလားဆွတ်ခူးခဲ့သည့် မာ ဆေးလ်သည် (၂၅)နှစ်ကြာ စောင့် ဆိုင်းပြီးနောက် ဥရောပဆုဖလား တစ်လုံး ထပ်မံကိုင်မြှောက်နိုင်ရန် အခွင့်အရေးရှိနေသည်။

ချန်ပီယံလိဂ်ဖလား  ရဖူး သည့် တစ်ခုတည်းသော ပြင်သစ် ကလပ် မာဆေးလ်သည် ယနေ့ ညတွင် ယူရိုပါလိဂ် ဗိုလ်လုပွဲအ ဖြစ် စပိန်ကလပ် အက်သလက်တီ ကိုမက်ဒရစ်နှင့် ယှဉ်ပြိုင်မည်ဖြစ် သည်။

သို့သော် ဗိုလ်လုပွဲလက်ခံ ကျင်းပမည့်ကွင်းမှာ ပြည်တွင်း ပြိုင်ဘက် လိုင်ယွန်ကွင်းဖြစ်နေ သည်။

မာဆေးလ်နှင့် လိုင်ယွန် ကစားသမားများသည် ယခုနှစ် ရာသီလိဂ်ပွဲစဉ်အတွင်း အချင်း များခဲ့ပြီး နှစ်ဖက်အသင်းဥက္ကဋ္ဌ များက ကြမ်းတမ်းသော စကား လုံးများဖြင့် အပြန်အလှန်ပြော ကြားခဲ့သည်။

ပြင်သစ် လီဂူးဝမ်းပြီးဆုံးရန် တစ်ပွဲသာကျန်တော့သည့်အချိန် တွင် အမှတ်ပေးဇယား၌ လိုင်ယွန်က ၇၅ မှတ်ဖြင့် တတိယ၊ မာဆေးလ်က ၇၄ မှတ်ဖြင့် စတုတ္ထနေရာတွင်ရှိနေသဖြင့် ယင်းနှစ် သင်းကြား ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာစာရရန် အကြိတ်အ နယ်ဖြစ်နေသည်။

အကယ်၍ မာဆေးလ်အနေ ဖြင့် ယူရိုပါလိဂ်ဖလား ဗိုလ်စွဲပါ က ချန်ပီယံလိဂ် ဝင်ခွင့်ရမည်ဖြစ် သည်။

လိုင်ယွန်ကွင်းအတွင်း မည် သည့်ပစ္စည်းကိုမျှ မဖျက်ဆီးရန် မာဆေးလ်ကစားသမားများက အသင်းပရိသတ်များထံ တောင်း ပန်ထားသည်။

ဆယ်စုနှစ်တစ်ခုအတွင်း ယူရိုပါလိဂ်ဖလား နှစ်ကြိမ်ရရှိပြီး ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲ နှစ်ကြိမ် တက်ရောက်ရှိသည့် အက် သလက်တီကိုက ခြေစွမ်းပိုင်း ပိုမို ကောင်းမွန်ပြီး ဗိုလ်စွဲရန် ရေပန်း စားနေသည်။

‘‘ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ရှိတဲ့ တစ်ခုတည်းသောအရာက ဗိုလ်စွဲဖို့ပါပဲ’’ဟု အက်သလက်တီ ကိုကွင်းလယ်လူ ဂါဘီက ပြော သည်။

ယခုနှစ်ရာသီ အက်သလက် တီကိုအတွက် ၂၇ ဂိုးသွင်းယူထား သူ ဂရစ်ဇ်မန်းနှင့် ကော်စတာတို့ ဦးဆောင်သော တိုက်စစ်ကို ကြိုး စားထိန်းချုပ်မည်ဟု မာဆေးလ် နောက်ခံလူရာမီက ပြောသည်။

အက်သလက်တီကို နောက် တန်းအနေဖြင့် ကွင်းလယ်လူ ပေယက်၏ အထောက်အပံ့ဖြင့် ပြိုင်ပွဲစုံ ၂၆ ဂိုးသွင်းထားသူ မာဆေးလ်တောင်ပံကစားသမား တာအူဗင်ကို ရပ်တန့်ရေး ကြိုးစား မည်ဖြစ်သည်။

ပေယက်သည် ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာနှင့်အတူ ယခု နှစ်ရာသီတွင် ပြင်သစ်လီဂူးဝမ်း၌ ဖြတ်တင်ဘော သေသပ်အတိကျ ဆုံးကစားသမားအဖြစ် ရပ်တည် နေသည်။

—Ref: ap