ကောလင်းမြို့နယ်အတွင်း တရားမဝင် ရွှေတူးဖော်မှုများကို ထိရောက်စွာအရေးယူရန် တိုင်းဝန်ကြီးချုပ်ညွှန်ကြား

 ကောလင်းမြို့နယ်အတွင်း တရားမဝင် ရွှေတူးဖော်မှုများကို ထိရောက်စွာ အရေးယူရန် စစ် ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ညွှန်ကြားခဲ့ ကြောင်း ကောလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးတင်စိုးက ပြောသည်။ 

ကောလင်းမြို့နယ် ကြာ အင်းကျေးရွာအနီး တရားမဝင် ရွှေတူးဖော်နေမှုကို မေလ ၁၂ ရက် မွန်းလွဲက ဝန်ကြီးချုပ်နှင့် လွှတ် တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ 

‘‘တရားမဝင် ရွှေတူးဖော်မှု တွေကို အရေးယူပေးဖို့ မြို့နယ် ထွေအုပ်နဲ့ သတ္တုတွင်းဦးစီးဌာန တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ တယ်။ ဘက်ဟိုးတွေကိုလည်း စစ်ဆေးထားဖို့ မှာကြားခဲ့တယ်။ တရားမဝင် ရွှေတူးဖော်တဲ့ လုပ် ငန်းက အဲဒီနေရာတစ်ဝိုက်မှာပဲ ရှိပါတယ်’’ဟု ဦးတင်စိုးက ပြော သည်။ 

ကောလင်းမြို့နယ် ကျောက် ပုထိုးကျေးရွာအနီး ရွှေသတ္တုတူး ဖော်ရေးစီမံကိန်းလုပ်ငန်းအပါအ ဝင် တရားဝင် ရွှေတူးဖော်ရေးလုပ် ငန်းလုပ်ကိုင်နေသော သတ္တုတူး ဖော်ရေးကုမ္ပဏီ    ခုနစ်ခုခန့်ရှိ ကြောင်း  ၎င်းက ပြောသည်။ 

‘‘ဒီဒေသမှာ  အများစုက တောင်သူအဖြစ် လုပ်ကိုင်စား သောက်ခဲ့တာပါ။ ကောလင်းမြို့ နယ်ထဲမှာ ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီတွေ လာရောက်လုပ်ကိုင် တာလည်း ရှိပါတယ်။ ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုတဲ့ တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းတွေက သဖန်းဆိပ်ဆည်အနီးမှာပါ’’ ဟု ကောလင်းမြို့ဒေသခံတစ်ဦးက ပြောသည်။ 

သဖန်းဆိပ်ဆည် တည် ဆောက်ပြီးစီးချိန်တွင် ဒေသခံ တောင်သူအချို့ လုပ်ကိုင်စား သောက်ရန် အခက်အခဲဖြစ်သည် ဆိုကာ ကောလင်းမြို့နယ်နှင့် ကျွန်းလှမြို့နယ် နှစ်ခုအကြား (သဖန်းဆိပ်ဆည်အနီး) ၌ တရားမဝင် ရွှေတူးဖော်နေကြောင်း ဒေ သခံများက ပြောသည်။