ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းမဟုတ်ကြောင်း ရဲချုပ်ပြော

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်အောင်ဝင်းဦး (ဓာတ်ပုံ−ဟိန်းထက်/အီးပီအေ)

ရိုက်တာသတင်း ထောက်နှစ်ဦးကို ထောင်ချောက် ဆင်ဖမ်းဆီးခဲ့ခြင်း မဟုတ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲ ချုပ်အောင်ဝင်းဦးက ငြင်းဆို သည်။

‘‘ဦးမိုးရန်နိုင်က ထောင် ချောက်ဆင် ဖမ်းဆီးတယ်လို့ ထွက်ဆိုတာတွေ ရှိပါတယ်။ ထောင်ချောက်ဆင် ဖမ်းဆီးမှုမ ဆောင်ရွက်ပါဘူး။ မလုပ်ပါဘူး’’ ဟု မေလ ၁၅ ရက်တွင် နေပြည် တော်၌ပြုလုပ်သော အစိုးရသက် တမ်း ၂ နှစ်ပြည့် သတင်းစာရှင်း လင်းပွဲတွင် ၎င်းကပြောသည်။

ထောင်ချောက်ဆင်ဖမ်းဆီး ခဲ့သည်ဆိုခြင်းမှာ ဦးမိုးရန်နိုင် အ ပြောတစ်ခုတည်းသာ ရှိသေးပြီး ကျန်ရှိနေသေးသည့် တရားလိုပြ သက်သေများ တရားရုံးရှေ့ထွက် ဆိုချက်များကို စောင့်ကြည့်ရန် မေတ္တာရပ်ခံလိုကြောင်း ရဲချုပ် အောင်ဝင်းဦးကဆိုသည်။

ရဲမှူးချုပ် တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ သည့်အခြေအနေကို ဖန်တီးခဲ့ခြင်း မဟုတ်သောကြောင့် ၎င်းကိုအ ရေးယူ ဆောင်ရွက်ထားခြင်း မရှိ ကြောင်း ရဲချုပ်ကပြောသည်။

‘‘ပွင့်ပွင့်လင်းလင်းပြောရရင် ဦးမိုးရန်နိုင်ကို ရဲမှူးချုပ်တင်ကိုကို က ထောင်ချောက်ဆင်ဖမ်းဆီးဖို့ အမိန့်တစ်စုံတစ်ရာ မပေးခဲ့ပါ ဘူး’’ ဟု ရဲချုပ်အောင်ဝင်းဦးက ပြောသည်။

ဒုရဲမှူးဟောင်း မိုးရန်နိုင် သည် ရိုက်တာသတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်း ဆီးခဲ့ကြောင်း ဧပြီ ၂၀ ရက် ရုံး ချိန်းတွင် ပြောကြားထားသည်။

ဒုရဲမှူးဟောင်း မိုးရန်နိုင်က ထိုသို့ ထွက်ချက်ပေးခဲ့သဖြင့် မ ယုံကြည်ထိုက်သော သက်သေအ ဖြစ် သတ်မှတ်ပေးရန် တရားလို ဘက်က လျှောက်ထားမှုကိုတရား ရုံးက ပယ်ချခဲ့သည်။

ထို့အပြင် ရဲမှူးချုပ်တင်ကို ကိုသည် ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်သည့် ဝလုံးနှင့် ကျော်စိုး ဦးတို့ကို ယခင်က တွေ့ဖူးခြင်း မရှိသလို အမှုရင်ဆိုင်၍ တရား ရုံးရောက်ရှိမှသာ ၎င်းတို့ နှစ်ဦးကို သိရှိခြင်းဖြစ်ကြောင်း     ရဲချုပ် အောင်ဝင်းဦးက ပြောသည်။

ရိုက်တာသတင်းထောက် နှစ်ဦးထံတွင် လုံခြုံရေးအဆင့်အ တန်း သတ်မှတ်ထားသည့် စာ ရွက်စာတမ်းများ တွေ့ရှိသဖြင့် ရဲ တပ်ဖွဲ့အနေဖြင့် အရေးယူခြင်း ဖြစ်ကြောင်း ရဲချုပ်အောင်ဝင်းဦး က ပြောသည်။

ရိုက်တာသတင်းထောက် နှစ်ဦးကို ရခိုင်ပြည်နယ်မှ ပြန်လာ သော ရဲတပ်ဖွဲ့ဝင်များထံမှ အ ရေးကြီး စာရွက်စာတမ်းများ ရယူ ပြီး ပြည်ပသို့ပေးပို့ရန် တရားမဝင် သတင်းယူသည်ဟုဆိုကာ အစိုးရ လျှို့ဝှက်ချက်များ ဥပဒေပုဒ်မ သုံးခုဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၂ ရက်ညက ဖမ်းဆီးခဲ့သည်။