ဆက်သွယ်ရေးတာဝါတိုင်များ ကြံ့ခိုင်ရေးအလေးထားရမည့် အချိန်

လေပြင်းကြောင့် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု ပြိုလဲခဲ့စဉ် ဓာတ်ပုံ − သိန်းဇော်

ကိုသိန်းဇော်တို့မိသားစုသုံးဦး၏ နေ့လယ်စာ ထမင်းဝိုင်းကို ‘၀ုန်း’ ဆိုသည့်အသံဆိုးတစ်ခုက ဖျက် ဆီးပစ်လိုက်သည်။ အသံဆိုးကြီး က နေအိမ်တစ်ခုလုံးကို ကြောက် မက်ဖွယ်တုန်ခါစေခဲ့သည်။


ထမင်းဝိုင်းသည် နေအိမ်အ ရှေ့ဘက်တွင်ဖြစ်သဖြင့် ကိုသိန်း ဇော်တို့မိသားစု ကံကောင်းခဲ့ သည်။ အဘယ့်ကြောင့်ဆိုသော် နေအိမ်အနောက်ဘက်ခြမ်းသည် အသံဆိုးနှင့်အတူ ပြိုကျပျက်စီး ခဲ့သည်။

ဧပြီပထမပတ်အတွင်း ၁၅ မိနစ်ကြာတိုက်ခတ်ခဲ့သည့် လေ ပြင်းသည် မြောက်ဥက္ကလာပမြို့ နယ်၌နေထိုင်သည့် ကိုသိန်းဇော် နေအိမ်အနီးအမြင့်ပေ ၆၀ ခန့်ရှိ သော မိုဘိုင်းဆက်သွယ်ရေးတာဝါ တိုင်ကို ရိုက်ချိုးပစ်ခဲ့သည်။

‘‘ကျွန်တော့်တစ်အိမ်တည်း မဟုတ်ဘူး။ အားလုံးသုံးအိမ်အပိ ခံရတယ်’’ ဟုကိုသိန်းဇော်ကပြော သည်။

လေပြင်းကြောင့် ပြိုလဲခဲ့ သောတာဝါတိုင်သည် မြန်မာနိုင်ငံ ၌ မိုဘိုင်းဆက်သွယ်ရေးကွန်ရက် စတင်စဉ်က တည်ဆောက်ခဲ့သည့် တိုင်ဖြစ်သည်။ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းကပိုင်ဆိုင်ပြီး သက် တမ်း ၁၀ နှစ်အောက်သာရှိသေး သည်။ဆက်သွယ်ရေးတာဝါတိုင် ပြိုလဲခြင်းကြောင့် ပျက်စီးခဲ့သည့် နေအိမ်သုံးလုံးကို မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက တိုးတိုးတိတ် တိတ်ပြန်လည်ပြင်ဆင်ပေးခဲ့ပြီး တာဝါတိုင် ပြန်လည်တည်ဆောက် ခြင်းမရှိဘဲ အဆိုပါနေရာမှ ဖယ် ရှားခဲ့သည်။

လေပြင်းကြောင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်း ဆက်သွယ်ရေးတာဝါတိုင်ကျိုးကျ ပြီးနောက် ဧပြီ ၂၈ ရက်တွင်စလေ မြို့နယ်အတွင်း ကျေးရွာတစ်ခု၌ တည်ဆောက်ထားသည့် တယ်လီ နောပိုင်ဆက်သွယ်ရေးတာဝါတိုင် ထပ်မံကျိုးကျခဲ့သည်။

တယ်လီနော၏ဆက်သွယ် ရေးတာဝါတိုင်ပြိုလဲခြင်းကြောင့် အနီးရှိ နေအိမ်တစ်လုံးပျက်စီးခဲ့ ရသည်။ ဆက်သွယ်ရေးတာဝါ တိုင်ပြိုလဲမှုတိုင်းတွင် ထိခိုက်ဒဏ် ရာရသူ မရှိခြင်းက ကံကောင်းခြင်း တစ်ခုဖြစ်သည်။

၂၀၁၈ မုတ်သုံမိုးရာသီသည် မေလ ၁၆ ရက်ခန့်၌ ၀င်ရောက် လာမည်ဖြစ်သော်လည်း မုတ်သုံ မ၀င်ရောက်မီ တိုက်ခတ်သည့် လေပြင်းသည် ဆက်သွယ်ရေးတာ ၀ါတိုင်များကို တစ်တိုင်ပြီးတစ် တိုင်ဆက်တိုက်ပြိုလဲစေခဲ့သည်။

မေလ ၉ ရက်တွင်တိုက်ခတ် သည့်လေပြင်းကြောင့် ကောလင်း မြို့နယ်အတွင်း မည်သည့်ဆက် သွယ်ရေးအော်ပရေတာပိုင်ဆိုင် မှန်းမသိရသေးသော မိုဘိုင်းတာ ၀ါတိုင်တစ်ခု ထပ်မံပြိုလဲခဲ့ပြန် သည်။ ‘‘မိုးတွင်းမရောက်သေးဘူး။ တာဝါတွေ၊ ဓာတ်တိုင်တွေခဏ ခဏလဲတော့ အပြင်ထွက်ရင် သတိထားနေရတယ်’’ ဟု တောင် ဥက္ကလာပမြို့နယ်နေ ကိုခိုင်စိုးက ပြောသည်။

ဆက်သွယ်ရေးတာဝါတိုင် များပြိုလဲသည့်သတင်းကို ယခင် က ကြားသိရခြင်းမရှိသော်လည်း ၂၀၁၈ အတွင်း ဆက်သွယ်ရေး တာဝါတိုင်ပြိုလဲမှုသတင်းများ မကြာခဏထွက်ပေါ်လာသည့်အ ခါ တာဝါတိုင်များအနီးနေထိုင်သူ များ စိုးရိမ်သောကမြင့်မားလာ သည်။

‘‘အရင်ကတော့ စိုးရိမ်စိတ် မရှိဘူး။ အခုတော့မိုးရွာလာရင် ဘေးခြံထဲက တာဝါများကျိုးပြီး ကိုယ့်အိမ်ပိမလား တွေးမိတာ ပေါ့’’ ဟု ရွှေပြည်သာမြို့နယ်၌ ဆက်သွယ်ရေးတာဝါတိုင်နှင့်ကပ် လျက်နေထိုင်သူ မသီရိက ပြော သည်။

ဆက်သွယ်ရေးတာဝါတိုင် ဆိုသည်မှာ လူနေထူထပ်ရာနေရာ များတွင် အဓိကတည်ဆောက်ရ သည့်ကွန်ရက်အထောက်အကူပြု အခြေခံစနစ်ဖြစ်သည်။ မိုဘိုင်းဖုန်း အသုံးပြုသူများပြားလေ ဆက် သွယ်ရေးတာဝါတိုင် ပိုမိုလိုအပ် လေဖြစ်သည်။

မိုဘိုင်းဆက်သွယ်ရေးတာဝါ တိုင်ကို ယခင်က မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းတစ်ခုတည်းက သာပိုင်ဆိုင်သော်လည်း ယခုအခါ တယ်လီနော၊ အူရီးဒူးနှင့်MYTEL အပါအ၀င်အော်ပရေတာအားလုံး က အရေအတွက် ထောင်ဂဏန်း အထိ အသီးသီးပိုင်ဆိုင်သည်။

တာဝါတိုင်ကို ဆက်သွယ် ရေးအော်ပရေတာများက ကိုယ် တိုင်ကိုယ်ကျတည်ဆောက်သည် တော့မဟုတ်။ တည်ဆောက်ရေး ကုမ္ပဏီများက တာဝန်ယူတည် ဆောက်ခြင်းဖြစ်သည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနထုတ်ပြန်ချက်အရ ဆက် သွယ်ရေးတာဝါ  တည်ဆောက်ခွင့် ရရှိထားသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၄၅ ခုရှိသည်။ အဆိုပါ ကုမ္ပဏီများသည် လက်အောက်ခံ ကုမ္ပဏီထောင်ပေါင်းများစွာနှင့် ချိတ်ဆက်၍ အော်ပရေတာများ အတွက် လိုအပ်သောတာဝါကို တည်ဆောက်သည်။

၎င်းတို့တည်ဆောက်ထား သည့် ဆက်သွယ်ရေးတာဝါများကို စာချုပ်ပါစံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ပြီးစီးသည့်အခါ လုပ်ငန်းအပ်နှံထားသည့် သက် ဆိုင်ရာအော်ပရေတာသို့ လွှဲ ပြောင်းပေးရသည်။

‘‘တာဝါက နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက အော်ပရေတာတွေ အပ်တဲ့တိုင်ကို ဆောက်ပေးတာ။တစ်ပိုင်းက ကိုယ်ပိုင်ဆောက်ပြီး တော့ အော်ပရေတာတွေကိုပြန် ငှားတာ’’ ဟု မိုဘိုင်းတာဝါတည် ဆောက်ရေးကုမ္ပဏီ Irrawaddy Green Towers မှ ကိုအောင်ကျော် ဆန်းကပြောသည်။

လေပြင်းကြောင့် ဆက်သွယ် ရေးတာဝါတိုင်များ ပြိုလဲသည်မှာ ၂၀၁၈ တွင်ပထမအကြိမ်မဟုတ်။ ၂၀၀၀ ပြည့်နှစ်ကျော်က ရခိုင် ပြည်နယ် မြေပုံမြို့နယ်နှင့်ကျောက် ဖြူမြို့နယ်တွင် ဆက်သွယ်ရေး တာဝါတိုင်များပြိုလဲဖူးသည်။

ဂျပန်အကူအညီဖြင့်တည် ဆောက်ထားသည့် မိုက်ကရိုဝေ့ဖ် ဆက်သွယ်ရေးတာဝါတိုင်များ ပြို လဲခြင်းဖြစ်သည်။ ကမ်းရိုးတန်း ဒေသ၏ လေတိုက်နှုန်းကိုစနစ်တ ကျတွက်ချက်၍ ဂျပန်နိုင်ငံမှပညာ ရှင်များကိုယ်တိုင် တည်ဆောက်ခဲ့ သည့်အမြင့်မီတာ ၉၀ခန့်ရှိသော တိုင်များပြိုလဲခဲ့သည်။

‘‘လုပ်ထားတာကတော့ တစ် နာရီလေတိုက်နှုန်းမိုင် ၁၀၀ ကျော် လောက်ကို ခံနိုင်ရည်ရှိအောင်လုပ် ထားတာပဲ။ ဒါပေမဲ့အပေါ်မှာ စလောင်းတွေရှိတယ်။ အဲဒီ စလောင်းတွေကို ဆွဲလှည့်လိုက်သ လိုဖြစ်သွားတယ်’’ ဟု ရခိုင်တွင် ပြိုလဲခဲ့သည့်တာဝါတိုင်များနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဟုတ်က ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် မြောက်ဥက္ကလာပမြို့ နယ်၌ ဆက်သွယ်ရေးတာဝါတိုင် ပြိုလဲခဲ့ပြီးနောက် တာဝါတိုင်ကြံ့ ခိုင်ရေးစစ်ဆေးမှုကို ဆောင်ရွက် ခဲ့သည်ဟု ၎င်းကပြောသည်။ သို့ သော် အော်ပရေတာပိုင်ဆိုင်သည့် တာဝါအရေအတွက် ခုနစ်ထောင် ကျော်အနက် ပြန်လည်စစ်ဆေးခဲ့ သည့် တာဝါအရေအတွက်ကို တိ ကျစွာပြောဆိုခြင်းမရှိပေ။

‘‘စပြီစစ်ဆေးနေတယ်။ ဥပ မာမူလီချောင်တာတို့၊ ဘာတို့ ပေါ့။ တိုင်တွေက လေတွေ၊ မိုး တွေကို နှစ်တိုင်းကြုံရတော့ ဒါမျိုး တွေ(ပြိုလဲ)ဖြစ်တတ်တယ်’’ ဟု ဦး သိန်းဟုတ်က ပြောသည်။ ဆက် သွယ်ရေးတာဝါတိုင်ကို နေရာဒေ သအပေါ်မူတည်၍ ခံနိုင်ရည်အား ကို တွက်ချက်တည်ဆောက် ကြောင်း ကုန်ကျစရိတ်သည်ဝေး လံသည့်နေရာဒေသအပေါ် မူ တည်၍ တာဝါတိုင်တစ်ခုလျှင် ကန်ဒေါ်လာခုနစ်သောင်းမှ တစ် သိန်းအထိရှိကြောင်း Irrawaddy Green Towers က ထုတ်ပြန် သည်။

ထို့အပြင် ဆက်သွယ်ရေး တာဝါတိုင်တစ်ခု၏ သက်တမ်းမှာ နှစ် ၅၀ အထိ ခံနိုင်ရည်ရှိကြောင်း တာဝါတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသူများကပြော သည်။ ‘‘သံထည်က အရည်အ သွေးကောင်းတယ်ဗျ။ အရင်တိုင် တွေလို ဆေးသုတ်စရာမလိုဘူး။ သက်တမ်းအာမခံလည်း ပိုရ တယ်’’ ဟု အမည်မဖော်လိုသူတာ ၀ါတည်ဆောက်သူတစ်ဦးကပြော သည်။

ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ခွင့်ရကုမ္ပဏီများ သည် ၎င်းတို့၏လက်အောက်ခံ တာဝါတည်ဆောက်သူများကို တာဝါတစ်တိုင်အပြီးအစီးတည် ဆောက်ရန် အချိန် ၄၅ ရက်ခန့် ပေးလေ့ရှိသည်။ ‘‘ချပေးတဲ့ပစ္စည်း စုံတယ်။ လူအင်အားကောင်းတယ် ဆိုရင် ပေးတဲ့အချိန်ကလုံလောက် ပါတယ်’’ ဟု တာဝါတည်ဆောက် သူကိုကိုမောင်က ဆက်လက် ပြောကြားသည်။

ပုံမှန်အားဖြင့် အမြင့်ပေ ၁၀၀ ကစတင်၍ အမြင့်ပေ ၁၈၀ ကျော်ရှိသည့်ဆက်သွယ်ရေးတာ ၀ါများတည်ဆောက်ရာတွင်တည် ဆောက်ရေး ကုမ္ပဏီများက အောက်ခြေဖောင်ဒေးရှင်းတည် ဆောက်ခြင်းကိုသာ အဓိကထား လုပ်ကိုင်ရသည်။

တာဝါအတွက်လိုအပ်သော သံထည်နှင့်သတ္တုပစ္စည်းများကို တာဝါတည်ဆောက်ရေးလုပ်ကိုင် ခွင့်ရ ကုမ္ပဏီများကတရုတ်၊ အိန္ဒိ ယနှင့် ဗီယက်နမ်အစရှိသည့်နိုင်ငံ များက တင်သွင်းပေးပို့သည်။ ‘‘တာဝါပြိုတယ်ပြောတယ်။ အဲဒါ က သူတို့ပေးတဲ့သံထည်အရည်အ သွေးနဲ့ပဲဆိုင်တယ်ဗျ။ ကျွန်တော် တို့လုပ်တဲ့အောက်ခြေက ဖောင် ဒေးရှင်းတွေ လဲသွားတယ်ဆိုတာ မရှိဘူး’’ ဟု ကိုကိုမောင်က ပြော သည်။

ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ရာတွင် ကချင်ပြည် နယ်၊ ကရင်ပြည်နယ်နှင့် မကွေး တိုင်းဒေသကြီးတွင် တစ်နာရီလေ တိုက်နှုန်းကီလိုမီတာ ၁၃၀ (မိုင် ၈၀)အထိ ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားကြောင်း တယ် လီနောကထုတ်ပြန်သည်။

အလားတူ ရခိုင်ဒေသတွင် တစ်နာရီလေတိုက်နှုန်းကီလိုမီ တာ ၂၂၅ (မိုင် ၁၄၀)အထိခံနိုင် ရည်ရှိရန်တည်ဆောက်ထားပြီး ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ တွင် တစ်နာရီလေတိုက်နှုန်းကီလို မီတာ ၁၉၀ (၁၁၈ မိုင်) အထိခံနိုင် ရည်ရှိရန် တည်ဆောက်ထား ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

အော်ပရေတာ အနေဖြင့် ဆက်သွယ်ရေးတာဝါကို ဒေသအ လိုက်ဖြစ်နိုင်ခြေရှိသည့် လေတိုက် နှုန်းတွက်ချက်၍ တည်ဆောက် သည်ဟု တယ်လီနောကထုတ်ပြန် သော်လည်း စလေမြို့နယ်တွင် ပြိုလဲခဲ့သည့်တာဝါနှင့်ပတ်သက် ၍ အကြောင်းရင်းအပြည့်အစုံ ထုတ်ပြန်ရန် ငြင်းဆိုသည်။

‘‘တာဝါကိုလေတိုက်နှုန်း ဘယ်လောက်ခံနိုင်လဲ။ ဒီပေါ်မူ တည်ပြီး အန္တရာယ်ကင်းအောင် ဆောင်ရွက်ဖို့လိုတာပေါ့။ တစ်နာ ရီကို မိုင် ၁၀၀ ခံနိုင်လား၊ ၁၅၀ ခံနိုင်လား။ အဲဒါက အရေးကြီး တယ်။ တာဝါမြင့်လေ လေတိုက် နှုန်းကို ခံရလေ။ နယ်မြေအပေါ် မူတည်ပြီး ကြံ့ခိုင်မှုကိုပိုဂရုစိုက်ရ တော့မယ်’’ ဟုဦးသိန်းဟုတ်က ပြောသည်။

ပုံမှန်အားဖြင့်အသုံးပြုသည့် GSM တာဝါများ၌တပ်ဆင်ထား သည့် စက်ပစ္စည်းများသည်လေ တိုက်နှုန်းကို ခံနိုင်ရည်ရှိသော် လည်း မိုက်ကရိုဝေ့ဖ်ကဲ့သို့သော စလောင်းများပါဝင်သည့် စက် ပစ္စည်းများတပ်ဆင်ထားသည့် တာဝါတိုင်များအတွက် လေတိုက် နှုန်းကို ခံနိုင်ရည်ရှိရန် အထူးစစ် ဆေးသင့်ကြောင်း ၎င်းကအကြံပြု သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းရှိ တာဝါသုံးထောင်ခန့်သည် ဆက်သွယ်ရေးကဏ္ဍ ပြုပြင် ပြောင်းလဲခြင်းမရှိစဉ်က တည် ဆောက်ထားသည့်ခေတ်ဟောင်း တာဝါများဖြစ်ပြီး အများအားဖြင့် တာဝါများကို အနီရောင်နှင့်အဖြူ ရောင်ဆေးများခြယ်ထားသည်။

၂၀၁၄ နောက်ပိုင်းဆက် သွယ်ရေးကဏ္ဍ ပြိုင်ဆိုင်မှုအသွင် ပြောင်းလဲသည့်အခါ အခြားပြည်ပ ဆက်သွယ်ရေးအော်ပရေတာများ နည်းတူ ဆေးသုတ်ခြင်းမရှိသည့် အဖြူရောင်တာဝါများကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက အသုံး ပြုလာသည်။

ဆက်သွယ်ရေးအော်ပရေ တာများ၏ ဈေးကွက်ပြိုင်ဆိုင်မှု အရ လူနေထူထပ်ရာနေရာများ တွင် တာဝါတိုင်များကိုအလုအ ယက်တည်ဆောက်သည်။ လက်ရှိ ၌ အော်ပရေတာအားလုံး၏ လက် ၀ယ်တွင်တာဝါတိုင် ခုနစ်ထောင် ခန့်အသီးသီးရှိသည်။

အော်ပရေတာအချင်းချင်း သည် ဆက်သွယ်ရေးတာဝါအပြိုင် အဆိုင်တည်ဆောက်ခြင်း မပြု လုပ်ဘဲ တည်ဆောက်ပြီးတာဝါ များကို ဝေငှအသုံးပြုရန် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန က တိုက်တွန်းထားသည်။

ဆက်သွယ်ရေးတာဝါကို ဝေ မျှအသုံးပြုခြင်းသည် အော်ပရေ တာ၏ရင်းနှီးမြှုပ်နှံမှုကို သက်သာ စေသည့်အပြင် ကွန်ရက်တိုးချဲ့ ခြင်းကို လျင်မြန်လာစေကြောင်း တယ်လီနောစီအီးအို Mr. Lar Erik Tellmann က ပြောသည်။

‘‘ကွန်ရက်မျှဝေသုံးတာကို ကျွန်တော်တို့ကြိုဆိုတယ်။ အခုဆို ရင် အူရီးဒူးနဲ့တချို့နေရာတွေမှာ မျှဝေသုံးနေတာတွေရှိတယ်။ MPT အနေနဲ့ကလည်း ဒီလိုမျိုးမျှ ဝေအသုံးပြုစေဖို့ မျှော်လင့်တယ်’’ ဟု ၎င်းကပြောသည်။

လူနေထူထပ်ရာနေရာ၌ တာ ၀ါကွန်ရက်ကို အော်ပရေတာအား လုံး မျှဝေသုံးစွဲမည်ဆိုပါက တာဝါ အရေအတွက် လျော့ကျလာမည် ဖြစ်ပြီး တာဝါပြိုလဲခြင်းကြောင့်ထိ ခိုက်နစ်နာမှုများနှင့် စိုးရိမ်သောက များ လျော့ကျလာနိုင်သည်။

‘‘အိမ်နဲ့တာဝါကတော့ ဝေး ပါတယ်။ တာဝါဘက်သွားတဲ့အခါ တော့ စိုးရိမ်စိတ်ရှိတယ်။ တာဝါ တွေ တည်ဆောက်တဲ့အခါအန္တ ရာယ်ကင်းဖို့ဆိုရင် ကျွမ်းကျင်သူ တွေနဲ့ပဲဆောက်စေချင်တယ်’’ ဟု မြို့လှနေမခိုင်သက်ဟိန်းက ပြော သည်။

၂၀၁၈ မိုးဦးအကြိုကာလ တာဝါတိုင်ပြိုလဲခြင်းနှင့်ပတ်သက် ၍ တာဝါတိုင်များအနီးနေထိုင်သူ များက စိုးရိမ်စိတ်များဖြစ်ပေါ်နေ သော်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၎င်းတို့တာဝါပြိုလဲ ခြင်းနှင့်ပတ်သက်၍ သတင်းတစ်စုံ တစ်ရာထုတ်ပြန်ခြင်းမရှိပေ။

ဆက်သွယ်ရေးအော်ပရေ တာတယ်လီနောကမူ ၎င်း၏တာ ၀ါတိုင်ပြိုလဲအပြီး ကိုးရက်အကြာ ၌ တာဝါတိုင်ပြိုလဲခြင်းနှင့်ပတ် သက်၍ စိတ်မကောင်းဖြစ်မိ ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။

ထို့အပြင် တစ်နိုင်ငံလုံးအ တိုင်းအတာ၌ တာဝါတိုင်နှင့်ပတ် သက်၍ ချမှတ်ထားသည့်ဘေး ကင်းမှုစံနှုန်းများကို လိုက်လံစစ် ဆေးနေကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြသည်။

‘‘စစ်ဆေးမှုနဲ့ထိန်းသိမ်းမွမ်းမံ မှုဆိုတာတွေက တစ်ကြိမ်တစ်ခါ သာ ပြုလုပ်ရတာမဟုတ်ဘဲပုံမှန်ပြု လုပ်နေရတာပါ။ ဆက်သွယ်ရေး တာဝါတိုင်တွေအားလုံးပြင်းထန် တဲ့ရာသီဥတုဒဏ်တွေကို ခံနိုင် ရည်ရှိပြီး ထိခိုက်မှုမရှိရအောင် ဆက်လက်ဆောင်ရွက်နေမှာဖြစ် ပါတယ်’’ ဟု တယ်လီနောရေရှည် တည်တံ့သော လုပ်ငန်းဆောင် ရွက်မှုဆိုင်ရာကဏ္ဍတာဝန်ခံ ဦး မင်းသူကပြောသည်။

မိုးဦးကာလအတွက် ရာသီဥ တုခန့်မှန်းချက်သည် တာဝါတိုင် များနှင့်ပတ်သက်၍ ပြည်သူလူထု ကိုစိုးရိမ်စိတ်ပိုမိုဖြစ်ပေါ်စေသည်။ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာန၏ မေလ ၁၀ ရက်ထုတ် ပြန်ချက်အရ လေပြင်းတိုက်ခတ်မှု သည် တစ်နာရီ ၃၅ မိုင်မှ မိုင် ၄၀ အထိရှိနိုင်သည်ဟုဆိုသည်။

မြန်မာနိုင်ငံ၌ ၂၀၁၈ မေလ တွင် ကမ္ဘာ့အဆိုးရွားဆုံးအဆင့် (၈)စာရင်းဝင် နာဂစ်မုန်တိုင်းတိုက် ခတ်ပြီး တစ်နာရီလေတိုက်နှုန်း မိုင် ၁၅၀ ရှိခဲ့သည်။ ၂၀၁၇ တွင် မုန်တိုင်းငယ်သုံးခုနှင့်အထက် ၀င် ရောက်ခဲ့ပြီး လေတိုက်နှုန်း တစ် နာရီ မိုင် ၃၀ မှ ၆၀ အထိရှိခဲ့သည်။

သို့ဖြစ်ရာ မုတ်သုံမ၀င်မီ ကာလတွင်ပင် လေပြင်းကြောင့် ဆက်သွယ်ရေးတာဝါတိုင် သုံးခု ပြိုလဲခဲ့သဖြင့် တာဝါအနီးနေထိုင် သူများသည် မိုးရာသီကိုဖြတ် ကျော်ရန် စိုးရိမ်ပူပန်နေသည်။ သို့ သော်လည်း အော်ပရေတာများ နှင့် တာဝါတည်ဆောက်ရေးလုပ် ငန်းရှင်များကမူ တာဝါတိုင်အနီး နေထိုင်သူများ စိုးရိမ်မှုလျော့ကျ စေမည့် ဖြေရှင်းချက်များနှင့် အာမခံကတိစကားတစ်စုံတစ်ရာ ပြောဆိုခြင်းမရှိပေ။

ဆက်သွယ်ရေးတာဝါတိုင်ပြို လဲခြင်းကြောင့် နေအိမ်ပျက်စီးခဲ့ သည့်ကိုသိန်းဇော်ကမူ ၎င်းအနေ ဖြင့် မိုဘိုင်းဖုန်းဆက်သွယ်ရေး ကွန်ရက် ဆက်လက်အသုံးပြုလို သော်လည်း မိုဘိုင်းဆက်သွယ် ရေးတာဝါတိုင်ကို ၎င်းနှင့်ဝေးရာ တွင်သာရှိစေလိုကြောင်းဆိုသည်။

၂၀၁၈ မိုးရာသီအတွင်း လေ ပြင်းတိုက်ခတ်မှုများကြောင့် ဆက် သွယ်ရေးတာဝါများပြိုလဲမည်၊ မပြိုလဲမည်ကို မည်သူမျှကြိုတင် ခန့်မှန်းနိုင်ခြင်းမရှိပေ။ သို့သော် လူထု၏စိုးရိမ်သောကပြေပျောက် ရန် အော်ပရေတာများနှင့်တာဝါ တည်ဆောက်ရေးလုပ်ငန်းရှင်များ က တာဝါအရည်အသွေးနှင့်ပတ် သက်၍ သက်သေပြရန်လိုအပ်နေ ပြီဖြစ်သည်။


သုဝဏ္ဏမြို့နယ်ရှိ နေအိမ်အနီးတွေ့ရသော ဆက်သွယ်ရေးတာဝါတိုင်
ဓာတ်ပုံ − နစ်ကီ 

Top News