လွိုင်ကော်နည်းပညာအထက်တန်းကျောင်းသား၊ ကျောင်းသူများကို ဆမ်ဆောင်းက လုပ်ငန်းခွင်နှင့် ချိတ်ဆက်ပေးမည်

 လွိုင်ကော်အစိုးရနည်း ပညာအထက်တန်းကျောင်း၌ လက်တွေ့မိုဘိုင်းဖုန်းပြုပြင်နည်း သင်တန်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ ၃၆ ဦး ကို သင်တန်းပြီးစီးသည့်အခါလုပ် ငန်းခွင်နှင့်ချိတ်ဆက်ပေးမည်ဟု ဆမ်ဆောင်းကုမ္ပဏီကကြေညာ သည်။


ဆမ်ဆောင်းကုမ္ပဏီသည် လူမှုအကျိုးပြုလုပ်ငန်းအဖြစ် Tech Instituteကို၂၀၁၆ကစတင် တည်ထောင်ကာ လူငယ်များအသက်မွေးဝမ်းကျောင်း ပညာအနေဖြင့် မိုဘိုင်းဟန်းဆက်ပြုပြင်ခြင်း သင်တန်းများလိုက်လံသင် ကြားပေးခဲ့သည်။

လက်ရှိတွင် လူငယ်  ၁၅၀ ကျော်ကို မိုဘိုင်းဖုန်းပြုပြင်  ရေးသင်တန်းပို့ချနိုင်ခဲ့ပြီး ၂၀၁၈ ကစတင်၍ အဆိုပါသင်တန်းဆင်း လူငယ်များကို လုပ်ငန်းခွင်နှင့် ချိတ်ဆက်ပေးမည်ဟု ကုမ္ပဏီပြန် ကြားရေးတာဝန်ခံ မမြတ်နိုးက ပြောသည်။

‘‘တောင်ငူမှာ သင်တန်းဆင်း  သူတွေက ကိုယ်ပိုင်ဆိုင် ၁၂ဆိုင် လောက်ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ Note Series အတွက်ဆိုရင်တော့ Basic Function ပဲသင်ကြားပို့ချ ပေးတာပါ။ ကိုယ်တိုင်ဆက်လက် လေ့လာ ဆည်းပူးရင်တော့ Update  Series အထိတတ် မြောက်နိုင်ပါတယ်’’ ဟု ၎င်းက ပြောသည်။

 ဆမ်ဆောင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်၌ ၎င်းတို့သည် ၂၀၁၈ အတွင်းမန္တလေးမြို့တွင်မို ဘိုင်းဖုန်းပြုပြင်ခြင်းသင်တန်းကို ဆက်လက်  သင်ကြားမည်ဖြစ် ပြီးနှစ်စဉ်နှစ်တိုင်း အခြားသော  တိုင်းဒေသကြီးနှင့် ပြည်နယ်များ သို့ သွားရောက်သင်ကြားမည်ဟု ဖော်ပြပါရှိသည်။