ရှားပါးမျိုးစိတ် ငါးမန်းတောက်တဲ့တစ်ကောင် ဓမင်းဆိပ်ကမ်းတွင် ထပ်မံသေဆုံး

ဓမင်းဆိပ်ကမ်းတွင် သေဆုံးနေသော ငါးမန်းတောက်တဲ့ကို ဒေသခံများက တိုင်းထွာနေကြစဉ်(ဓာတ်ပုံ − Myoe Myoe)

ထားဝယ်ခရိုင်ရေဖြူ မြို့နယ်ရှိ ဓမင်းဆိပ်ကမ်းတွင် ရှားပါးမျိုးစိတ်ငါးမန်းတောက်တဲ့ တစ်ကောင် ပုပ်ပွသေဆုံးနေပြီး ယင်းမှာ ရက်ပိုင်းအတွင်း ဒုတိယမြောက်သေဆုံးမှုဖြစ်သည်။

အရှည် ၁၇ပေ၊ လုံးပတ် ၁၀ ပေရှိငါးမန်းတောက်တဲ့ကို မေ၁၃ ရက်ညနေက ဓမင်းဆိပ်ကမ်းတွင်  တွေ့ရှိခဲ့သည်။

‘‘၀ဇီပျော့ငါးကသေပြီးကမ်း ကိုလာတင်နေတာ။ ရေထဲပြန် မျှောရင်ရေထဲမှာ ပြဿနာတက် မှာစိုးလို့ ကုန်းပေါ်မှာပဲ မြေမြှုပ် လိုက်တယ်’’ ဟု ဓမင်းဆိပ်ကျေး ရွာနေ  ငါးရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးမိုးနိုင်ကပြောသည်။


မေ ၁၁ ရက်ကလည်း ဓမင်း  ဆိပ်ကျေးရွာတွင် ငါးမန်းတောက် တဲ့တစ်ကောင်ကျားပိုက်တွင်မိပြီး သေဆုံးခဲ့သည်။

ယင်းငါးများသည် ဝေလငါး မျိုးနွယ်ဝင်များဖြစ်ကာ တားမြစ် ထားသောရှားပါးငါးများဖြစ်သော ကြောင့် ဓမင်းဆိပ်ကျေးရွာရှိ ရေ လုပ်သားများအား ရှားပါးငါးများ ထိန်းသိမ်းရန် အသိပညာပေး ဟောပြောပွဲကိုမေလ၁၅ရက်တွင် ပြုလုပ်မည်ဟု ရေဖြူမြို့နယ်ငါး လုပ်ငန်းဦးစီးဌာန ဌာနမှူးဦးထွန်း နိုင်ကပြောသည်။

ရှားပါးငါးမျိုးစိတ်ဖြစ်သော ၀ဇီပျော့၊ ဝေလငါး၊ လင်းပိုင်၊ လင်းရှူး၊ ငါးမန်းတို့ကို သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်စေ၊ လူ့ပယောဂကြောင့် ဖြစ်စေ  အန္တရာယ်မဖြစ်စေရန် ထိန်းသိမ်း ရေးအသိပညာပေးမည် ဖြစ်သည်။

‘‘ဒီသတ္တ၀ါတွေက သက် တမ်းကုန်ခါနီးရင်၊ ရောဂါရတယ် ဆိုရင်ကမ်းမှာလာကပ်ကြတယ်’’ ဟု ဦးထွန်းနိုင်ကပြောသည်။

ရှားပါးတားမြစ်သတ္တ၀ါများ နှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများကို ကျေးရွာများ၌ ပြုလုပ်မှုအားနည်းကြောင်း၊ အ ရပ်ဘက်အဖွဲ့အစည်းအချို့သည် ဟိန်းဇဲချောင်းအနီးရှိ ရေလုပ်သား  များကို ရှားပါးတားမြစ်သတ္တ၀ါ များနှင့်ပတ်သက်၍ အသိပညာ ပေးကြောင်း ရေဖြူမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်စိုးက ပြောသည်။

 ငါးမန်းတောက်တဲ့များကို တရုတ်၊ ထိုင်းနိုင်ငံတို့မှ ၀ယ်လိုအား ရှိပြီး လက်ရှိသေဆုံးသောငါး သည် ကျပ်သိန်း ၂၀ ခန့်တန် ဖိုးရှိကာ ပါးဟက်ခြောက်၊ အရေ ခွံခြောက်၊ အသားခြောက်အဖြစ် ရောင်းချမှုရှိကြောင်း ဦးထွန်းနိုင် ကပြောသည်။