ကုန်သေတ္တာများကို နေ့လယ်ပိုင်းတွင်အရေးကြီးလမ်းကြောင်းဖြင့် သယ်ခွင့်ပြု

ရန်ကုန်ကမ်းနားလမ်းတွင် မောင်းနှင်နေသော ကုန်သေတ္တာယာဉ်တစ်စီး(ဓာတ်ပုံ − နစ်ကီ)

 ပို့ကုန်၊ သွင်းကုန် ကုန် စည်များကို မေလ ၁၅ရက်ကစ၍ အရေးကြီးလမ်းကြောင်းဖြင့်သယ် ဆောင်ခွင့်ပြုကြောင်း မြန်မာနိုင်ငံ  ကုန်သေတ္တာတင်မော်တော်ယာဉ် များအသင်းက သတင်းထုတ်ပြန် သည်။

အရေးကြီးလမ်းကြောင်းဖြင့် သယ်ယူပို့ဆောင်မှုကို တစ်နေ့ လျှင်လမ်းကြောင်းတစ်ကြောင်း ဖြင့်ဆောင်ရွက်မည်ဟု အဆိုပါအသင်းအတွင်းရေးမှူး ဦးစိုးနိုင်  ကပြောသည်။

‘‘အရင်တုန်းက နေ့ခင်း ဘက်ထွက်ခွင့်မရှိပါဘူး။ အခုက  အဆင်ပြေတယ်လို့ပြောရမယ်။ ကုန်ဈေးနှုန်းကျဖို့ စရိတ်တွေဘာ တွေသက်သာသွားတာပေါ့’’ ဟု ဦးစိုးနိုင်ကပြောသည်။


ယာဉ်လမ်းကြောင်း တစ် ကြောင်း သတ်မှတ်သွားလာစေ ခြင်းဖြစ်ပြီး ဘုရင့်နောင်လမ်း ကြောင်းပေါ်တွင် စတင်ဆောင် ရွက်မည်ဖြစ်သည်။ ပြည်ပပို့  ကုန်စည်များကို အင်းစိန်သံမဏိ စက်ရုံရှေ့၌ စုရပ်ထားရှိပြီး နံနက် ၁၁နာရီတွင် စတင်ထွက် ခွာမည်ဖြစ်သည်။ သွင်းကုန် ကုန် စည်များကို ရန်ကုန်ဆိပ်ကမ်း  (Asia World) ထိပ်တွင်စုရပ် ထားရှိပြီး နေ့လယ် ၁နာရီတွင်  စတင်ထွက်ခွာမည်ဟု အဆိုပါအသင်းကဆိုထားသည်။

လက်ရှိ ရန်ကုန်မြို့တွင်း ဆိပ်ကမ်းများသည် နေ့ခင်းဘက် တွင်ကုန်တင်၊ ကုန်ချပြုလုပ်နိုင်ပြီး ကုန်စည်သယ်ဆောင်မှုကို  ညဘက်မှသာ လုပ်ကိုင်ရသည်။ ကုန်တင်ယာဉ်များကြောင့်  ယာဉ် ကြောပိတ်ဆို့ စေသည်ဆိုကာ တိုင်းအစိုးရက ကုန်တင်ကားများ မြို့ထဲသို့ နေခင်းဘက်ဝင်ရောက် ခွင့်ကို ကန့်သတ်ခဲ့သည်။

အရေးပေါ်ကုန်စည်များကို အရေးပေါ်ယာဉ်တန်းဖြင့် သယ် ဆောင်ပေးမည်ဟု ၀န်ကြီးချုပ်က မေလ ၉ရက်တွင်ပြောကြားပြီး နောက် မေလ ၁၅ရက်တွင် အဆို ပါအစီအစဉ် စတင်ဆောင်ရွက် ခဲ့သည်။

‘‘အရေးပေါ်ကိစ္စရပ်တွေကို သာ ယာဉ်တန်းနဲ့ထွက်ပေးတဲ့ အ ခြေအနေရှိပါတယ်။ အရေးပေါ် အခြေအနေဆိုတာ မဖြစ်မနေ စက်မှုဇုန်ထဲက ဒီအ၀တ်အထည် တွေဒီညနေအမီ သင်္ဘောနဲ့ တင်ရ မယ်ဆိုရင် နေ့ခင်းဘက်မှာလမ်း ကြောင်းနဲ့ ထုတ်ပေးနိုင်ပါတယ်။  ဒီပစ္စည်းကို ဒီညနေ သင်္ဘောပေါ် မတင်လို့မဖြစ်ဘူးဆိုတဲ့ရေထွက် ပစ္စည်းကိစ္စတွေချက်ချင်းဆောင် ရွက်နေပါတယ်’’ ဟု ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြော သည်။

ယခုယာဉ်တန်းဖြင့်ထွက်ခွာ ပေးမည့် အစီအစဉ်သည် ယာဉ် ကြောကျပ်တည်းမှု  နည်းပါးချိန်ဖြစ်ပြီး အခြားလုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင်နိုင်ရန် အဆိုပါအသင်းက တိုက်တွန်းထားသည်။

More in News Section