အောင်လံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်းမြင့်မားနေ၍ ကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်မည်

သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးလှုပ်ရှားမှုအဖြစ် အောင်လံမြို့မဈေးကြီးတွင် လက်ကမ်းစာစောင်များဖြန့်ဝေနေစဉ် (ဓာတ်ပုံ- လင်းသက်နိုင်)

မကွေးတိုင်းအောင် လံမြို့နယ်၌ သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်း မြင့်တက်နေ၍ မိုးရာသီတွင် အသိပညာပေးနှင့် ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်း အောင်လံမြို့နယ်ကျန်းမာရေး ဌာန ဦးစီးမှူး ဒေါက်တာ မျိုးလွင် က ပြောသည်။

အောင်လံမြို့နယ်၌ ၂၀၁၇ တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်သူ ၁၀၆ ဦးရှိပြီး လေးဦးသေ ဆုံးခဲ့သည်။ ၂၀၁၁ မှ ခုနစ်နှစ်အတွင်း အများဆုံးဖြစ်ပွားခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။ အောင် လံမြို့နယ်၌ ၂၀၁၁ တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်သူ ၃၈ ဦးရှိခဲ့သော်လည်း သေဆုံးသူမရှိကြောင်း၊ ၂၀၁၂ တွင် တစ်ဦးဖြစ်ပွားကြောင်း၊ ၂၀၁၃ တွင် ကိုးဦးဖြစ်ခဲ့ကာ တစ်ဦး သေဆုံးကြောင်း၊ ၂၀၁၄ တွင် ရှစ်ဦး၊ ၂၀၁၅ တွင် ၁၅ ဦးနှင့် ၂၀၁၆ တွင် ကိုးဦး ဖြစ်ပွားခဲ့သည်။

အဆိုပါစာရင်းသည် အောင်လံ ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသသည့် လူနာစာရင်းနှင့် နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာများမှ ရရှိသောစာရင်းကို ပြုစု ထားပြီး အခြားနေရာများသို့ သွား ရောက်ကုသသူများရှိနိုင်ကြောင်း အောင်လံဆေးရုံအုပ်ကြီး ဒေါက်တာမျိုးလွင်က ပြောသည်။

‘‘ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အောင်လံမှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်သူများခဲ့တယ်။ ဒီနှစ် မှာတော့ မများရအောင် ပြည်သူ့ အသိပညာပေး လုပ်ငန်းတွေနဲ့ အိမ်တွေက ရေကန်တွေဆေးခတ် ခြင်း၊ ခြင်ဆေးဖျန်းခြင်းစတဲ့ ကာ ကွယ်ရေးလုပ်ငန်းတွေကို တိုးမြှင့် ပြီး လုပ်သွားမယ်။ ဒေသအာဏာ ပိုင်တွေ၊ ပရဟိတအသင်းတွေကို လည်း ပူးပေါင်းဆောင်ရွက်ဖို့ အ စည်းအဝေးတွေလုပ်ပြီးပါပြီ’’ဟု ၎င်းက ပြောသည်။

အောင်လံမြို့နယ်တွင် ကျန်း မာရေးဌာန၊ ပရဟိတအသင်းအ ဖွဲ့များပိုင် ခြင်ဆေးဖျန်းစက် ရှစ် လုံးရှိပြီး ယင်းစက်များဖြင့် ရပ် ကွက်အတွင်းရှိ နေအိမ်နှင့် စာသင်ကျောင်းများ၌ ခြင်ဆေးဖျန်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 ထို့ပြင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုမရှိရေးလိုက်နာရ မည့် အချက်မျာကို လက်ကမ်းစာ စောင်များ၊ စတစ်ကာများဖြင့် ဈေး၊ လမ်းမများတွင် ဖြန့်ဝေနေပြီး စာသင်ကျောင်းများ၌ အသိပညာပေးဟောပြောပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း ဒေါက်တာ မျိုးလွင်က ဆိုသည်။