တာမွေအ၀ိုင်းထိပ်က တရားဥပဒေ စိုးမိုးရေး

စွမ်းအားရှင်ခေတ်၊လက် ပတ်နီခေတ်တွေကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီတုန်းက ထိုသူတွေဟာ သူတို့ကိုယ်သူတို့ ဘယ်လိုပုံဖော်ခဲ့ကြပါသလဲ။ပြည်သူလူထုကြားမှာ ဘယ်လိုပုံစံနဲ့ ရပ်တည်ခဲ့ကြပါသလဲ။ ကြုံဆုံဖူးခဲ့သူတွေအနေနဲ့ ပြန်မြင်ယောင် ကြည့်စေချင်ပါတယ်။

ဖြစ်စဉ်တစ်ခု၊ ကိစ္စရပ်တစ်ခု အပေါ်အခြေတည် စုဝေးအရေး ဆိုသူ၊ ဆန္ဒထုတ်ဖော်သူတွေကို အတင်းအကြမ်း ၀င်ရောက်ဖမ်း ဆီးပါတယ်။ ထိုးကြိတ်၊ရိုက်နှက် ပါတယ်။ ဆန္ဒထုတ်ဖော်သူတွေ ကို အကြမ်းဖက်ရာမှာ ရဲတပ်ဖွဲ့ ၀င်တွေထက်ပင် ပိုမိုတက်ကြွပြီး ရှေ့တန်းကနေပါဝင်ခဲ့သူများဖြစ် ပါတယ်။ ထိုသူတွေဟာ စစ်အစိုး ရလက်ထက်မှာ ပေါ်ထွက်ခဲ့သူ များဖြစ်ပါတယ်။

ဒီလိုစစ်အစိုးရလက်ထက် မှာ ဆန္ဒထုတ်ဖော်သူတွေကို ၀င် ရောက်ရိုက်နှက်၊ ထိုးကြိတ်တာ တွေနဲ့အကြမ်းဖက်လုပ်ရပ်တွေ ကို တွင်တွင်ကျယ်ကျယ်လုပ်ခဲ့တဲ့  စွမ်းအားရှင်တွေဟာ ပြီးခဲ့တဲ့အစိုး ရလက်ထက်ဖြစ်တဲ့ ဦးသိန်းစိန်အ စိုးရလက်ထက် ၂၀၁၅ မတ်လ ၄ ရက်မှာလည်း ထွက်ပေါ်ခဲ့ပါသေး တယ်။ ရန်ကုန်မြို့လယ်မြို့တော် ခန်းမအရှေ့မှာ ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်နေသူတွေကို လက် မောင်းမှာ လက်ပတ်နီပတ်ထား တဲ့ အရပ်ဝတ်တွေကအကြမ်းဖက် ခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုစစ်အစိုးရလက်ထက်နဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပေါ်ထွက်ခဲ့တဲ့ စွမ်းအားရှင်၊လက် ပတ်နီတွေပုံစံမျိုးကျင့်သုံးကြတဲ့ အရပ်ဝတ်တစ်စုကို အခုဒီမိုကရေ စီအပေါ်အလေးထားတဲ့အစိုးရ လက်ထက်မှာလည်း ပြန်လည် မြင်တွေ့လာရပါတယ်။

ပြီးခဲ့တဲ့ မေလ၁၂ရက်ကဖြစ် ပါတယ်။ ရန်ကုန်မြို့ တာမွေ မြို့နယ်တာမွေအ၀ိုင်းထိပ်မှာရှိ တဲ့ Ocean  စင်တာရှေ့စစ်ပွဲတွေ ရပ်တန့်ဖို့၊ စစ်ဘေးရှောင်တွေကို ကူညီဖို့တောင်းဆိုဆန္ဒထုတ်ဖော် နေသူတွေကို ဖြိုခွဲရာမှာအရပ် ၀တ်တွေပါဝင်လာခဲ့တာဖြစ်ပါ တယ်။ ၀င်ရောက်ထိုးနှက်တာ တွေ၊ ဖမ်းဆီးတာတွေကို အဲဒီနေ ရာမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေထက်  ဦးစွာပြုကြတာတွေ၊ ရဲတပ်ဖွဲ့ဝင် တွေနဲ့ ပူးတွဲဖမ်းဆီးနေတာတွေ ကို ဓာတ်ပုံမှတ်တမ်းတွေ၊ ဗီဒီယို မှတ်တမ်းတွေကနေ တစ်ဆင့် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

ဦးသိန်းစိန် အစိုးရလက် ထက်မြို့တော်ခန်းမရှေ့က အ ကြမ်းဖက်မှုနဲ့ပတ်သက်ပြီးအဲဒီ အချိန်တုန်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ် အောင်ဆန်းစုကြည်က ပြစ်တင် ဝေဖန်ခဲ့ပါတယ်။ ဒီဖြစ်စဉ်အပေါ် မီဒီယာတွေကနေတစ်ဆင့် ဖော် ထုတ်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါ တယ်။  ဒီလိုအကြမ်းဖက်လုပ်ရပ် ကိုပြစ်တင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်တဲ့ လက်ရှိအစိုးရ လက်ထက်မှာစွမ်းအားရှင်၊ လက် ပတ်နီတို့ရဲ့ လုပ်ရပ်မျိုးထပ်မံပေါ် ထွက်လာခဲ့တာဖြစ်ပါတယ်။

နေပြည်တော်မှာ မေလ ၁၅ ရက်က ကျင်းပတဲ့ အစိုးရသက် တမ်း၂နှစ်တာအတွင်း ပြည်ထဲ ရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက် ချက်များအကြောင်းသတင်းစာ ရှင်းလင်းပွဲမှာ ဒီဖြစ်စဉ်နဲ့ပတ် သက်ပြီး အရပ်သားတွေကိုအသုံး  ပြုခဲ့ခြင်းမရှိကြောင်း၊ အရပ်ဝတ်နဲ့ ၀င်ရောက်ဖမ်းဆီးသူတွေ၊ တန် ပြန်ဆန္ဒပြသူတွေကိုလည်း အ ရေးယူသွားမှာဖြစ်ကြောင်းမြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦး က ထည့်သွင်းရှင်းလင်းသွားပါ တယ်။

ဒီရှင်းလင်းချက်နဲ့ပတ်သက် ပြီးပြောရရင်တော့ အရပ်ဝတ်တွေ ကို ရဲတပ်ဖွဲ့က ခိုင်းစေသလားဆို  တဲ့ သံသယကတော့ရှင်းသွားစေ နိုင်ပါတယ်။ သို့ပေမဲ့ ဒီရှင်းလင်း ချက်ထွက်ပေါ်လာပြီးနောက်မှာ မေးစရာ မေးခွန်းတွေဆက်လက် ကျန်ရှိနေပါသေးတယ်။ ပြည်ထဲ ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဘက်က တာဝန်ယူ၊ တာ ၀န်ခံပြီးရှင်းလင်းပေးရမယ့်ကိစ္စ ရပ်များ ထပ်မံပေါ်ထွက်လာပါ တယ်။

တာမွေအ၀ိုင်းထိပ်ဖြစ်စဉ် ကို ရိုက်ကူးထားတဲ့ဗီဒီယိုမှတ် တမ်းတွေကိုကြည့်တဲ့အခါမှာ အင်အားသုံးဖြိုခွင်းခြင်းမပြုမီ အချိန် မှာကတည်းက အဲဒီအရပ်ဝတ် တွေဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ရော နှောပြီး ဆန္ဒပြရာမှာ ပါဝင်သက် ဆိုင်ခြင်းမရှိတဲ့အရပ်သားတွေနဲ့  မီဒီယာတွေကို ဖယ်ခွာပေးဖို့ပြော ဆိုညွှန်ကြားမှုတွေရှိတာကို တွေ့ ရပါတယ်။ အဲဒီအချိန်မှာလည်း ရဲတပ်ဖွဲ့ဝင်တွေက ဆိုခဲ့ပါအရပ် ၀တ်တွေကို တစ်စုံတစ်ရာတား မြစ်ခြင်းမရှိတာကို တွေ့ရပါ တယ်။ မေးခွန်းထုတ်စရာဖြစ်ပါ တယ်။

ထို့အတူပဲ အင်အားသုံးဖြို ခွဲရာမှာလည်း တချို့အရပ်ဝတ် တွေက ရှေ့ကနေဦးဆောင်ထိုး နှက်၊ ဖမ်းဆီးတာတွေပြုနေတဲ့ ဓာတ်ပုံမှတ်တမ်း၊ ဗီဒီယိုမှတ် တမ်းတွေရှိသလို ရဲတပ်ဖွဲ့ဝင် တွေနဲ့အတူ ပူးတွဲဖမ်းဆီးတာ တွေလည်းရှိပါတယ်။ ဒါဟာ လည်း မေးခွန်းထုတ်စရာတစ်ခု ဖြစ်လာပါတယ်။

နောက်တစ်ခုကတော့ရဲတပ် ဖွဲ့လုံခြုံရေးယူ၊ တာဝန်ယူထား တဲ့စည်းထဲမှာ မိမိတို့ခိုင်းစေထား တာမဟုတ်တဲ့ အရပ်ဝတ်တွေက ၀င်ရောက်ထိုးကြိတ်ဖမ်းဆီးတာ မျိုးဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်ပါ တယ်။ ဒါကိုရဲတပ်ဖွဲ့ကဘာ ကြောင့် အချိန်မီတားဆီးခြင်းမ ပြုခဲ့တာပါလဲ။ မြန်မာနိုင်ငံရဲတပ် ဖွဲ့ဖြေဆိုရမယ့် မေးခွန်းတစ်ခုပါ။

ဒီအရပ်ဝတ်တွေနဲ့ တန်ပြန် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကစိစစ် အရေးယူမယ်လို့ ရဲချုပ်ကဆို ထားပါတယ်။ ဖြစ်စဉ်ဖြစ်ပွားပြီး သုံးရက်ကြာတဲ့နေ့အထိ စိစစ်အ ရေးယူမယ်ဆိုတဲ့ အဆင့်ပဲရှိပါ သေးတယ်။ စစ်ပွဲတွေရပ်ဖို့၊ စစ် ဘေးရှောင်တွေကို ကူညီဖို့ဆန္ဒပြ ခဲ့သူတွေကို ချက်ချင်းအရေးယူခဲ့ ပြီး အဲဒီနေ့၊ အဲဒီအချိန်မှာပဲ ခွင့် ပြုချက်မယူဘဲ တန်ပြန်ဆန္ဒပြခဲ့ သူတွေနဲ့ ဥပဒေမဲ့ဝင်ရောက်ထိုး ကြိတ်ဖမ်းဆီးခဲ့သူတွေကို ဘာ ကြောင့်ချက်ချင်းအရေးမယူနိုင်ခဲ့ တာလဲ။ အရေးယူဖို့ဘယ်လောက် အချိန်ယူဦးမလဲဆိုတဲ့မေးခွန်းဖြစ် စေပါတယ်။

တာမွေအ၀ိုင်းထိပ်ဖြစ်စဉ်နဲ့ ပတ်သက်ပြီးအရပ်ဘက်အဖွဲ့အ စည်း ၃၉၁ ဖွဲ့ကလည်းသဘော ထားထုတ်ပြန်ချက်တစ်စောင်ကို မေလ ၁၅ရက်က ထုတ်ပြန်ကြေ ညာခဲ့ပါတယ်။ အဲဒီထုတ်ပြန် ချက်ထဲမှာ ငြိမ်းချမ်းစွာစုဝေး၍ ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော် ထုတ်ရန် တောင်းဆိုမည့်သူများ အား အမျိုးသားရေးအမည်ခံအင် အားစုများက အရင်ဦးစွာတန်ပြန် ဆန္ဒပြခဲ့ကြသည်ကို တွေ့ရ ကြောင်း၊ ၎င်းတို့ကတန်ပြန်ဆန္ဒ ပြရာတွင် ခွင့်ပြုချက်ရယူထား ခြင်းမရှိသလို ရဲတပ်ဖွဲ့မှလည်း တစ်စုံတစ်ရာဟန့်တားခြင်း၊ အ ရေးယူခြင်းများ မပြုလုပ်ကြောင်း ထည့်သွင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး တောင်းဆိုသူများအား ရန်စခြင်း၊ ဆဲဆိုခြင်း၊ အနှောင့်အယှက်ပြု  ခြင်း၊ အရာဝတ္ထုများဖြင့် ပစ်  ပေါက်ခဲ့သည်များကိုလည်း ရဲ တပ်ဖွဲ့က တစ်စုံတစ်ရာဟန့်တား ခြင်းမရှိခဲ့သည်ကို တွေ့ရ ကြောင်း၊ ငြိမ်းချမ်းစွာလူစုခွဲနေ စဉ်မှာပင် အမျိုးသားရေးအင် အားစုများနဲ့ ရဲတပ်ဖွဲ့ဝင်များက အတင်းအဓမ္မ ၀င်ရောက်ရိုက် နှက်၍ဖမ်းဆီးခဲ့သည်ကို တွေ့ ရကြောင်း၊ဤကဲ့သို့ အရပ်သား အချင်းချင်း အတင်းအဓမ္မရိုက် နှက်ဖမ်းဆီးခြင်းကို ဥပဒေမဲ့ပြု လုပ်ခွင့်ပေးထားခဲ့သော ရဲတပ် ဖွဲ့ဝင်များ၊ပြည်ထဲရေးနှင့် တာဝန် ရှိသူများအားလုံးကို ကျွန်ုပ်တို့မှ ပြင်းထန်စွာ ရှုတ်ချလိုက်ပြီးမြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် စိုးရိမ်မိကြောင်းကိုလည်း ထုတ်ဖော်အပ်ပါသည် ဆိုပြီးလည်းထည့်သွင်းဖော်ပြထားပါတယ်။

တာမွေအ၀ိုင်းထိပ်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ် စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်ဖြူဖြူ  သင်းကလည်းလွှတ်တော်တွင်းက နေမေးခွန်းမေးမြန်းသွားမယ်လို့ ဆိုထားသလို မြန်မာနိုင်ငံလူ့အ ခွင့်အရေးကော်မရှင်က လည်းစုံ စမ်းမှုတွေပြုလုပ်ပြီး တိုင်းဒေသ  ကြီးအစိုးရနဲ့ ရဲတပ်ဖွဲထံအ ကြောင်းကြားစာ ပေးပို့သွားမယ် လို့ဆိုထားပါတယ်။

ငြိမ်းချမ်းရေးအတွက် ဆန္ဒ ထုတ်ဖော်ခဲ့သူတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ချက်ချင်းဖမ်းဆီးအ ရေးယူခဲ့သော်လည်း အဲဒီမှာ ဥပဒေမဲ့ဝင်ရောက်ထိုးကြိတ်၊ရိုက် နှက်၊ ဖမ်းဆီး၊ တန်ပြန်ဆန္ဒပြခဲ့ သူတွေကိုတော့ အရေးယူတဲ့သ တင်းမျိုး ဒီကနေ့အထိ မကြားမိ သေးပါဘူး။

ပြည်တွင်းငြိမ်းချမ်းရေး၊ တ ရားဥပဒေစိုးမိုးရေးကို အလေး ထားဖော်ဆောင်သွားမယ်ဆိုတဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ  အများပြည်သူတို့လိုချင်တာဟာ လည်း စစ်မှန်တဲ့ငြိမ်းချမ်းရေး၊စစ် မှန်တဲ့တရားဥပဒေစိုးမိုးရေးတို့ပဲ ဖြစ်ပါတယ်။

ဒီလိုကြွေးကြော်ထားချက် တွေရှိတဲ့ အစိုးရလက်ထက်မှာ တာမွေအ၀ိုင်းထိပ်ဖြစ်စဉ်ဟာအ ရုပ်ဆိုး၊ အကျည်းတန်လှပါတယ်။  တရားဥပဒေစိုးမိုးရေးအပေါ် မေး ခွန်းများစွာထုတ်စေခဲ့ပါတယ်။အ စိုးရအဖွဲ့အနေနဲ့ မှန်ကန်တဲ့အ ဖြေကို ထုတ်ပေးဖို့လိုမှာဖြစ်ပါ တယ်။ ။

(ဆောင်းပါးရှင် ဂျေငြိမ်းသည် နိုင်ငံရေးနှင့် မျက်မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်)