ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ပေးရန် မုံရွာနှင့် ယင်းမာပင်တွင် ဆန္ဒထုတ်ဖော်

တာဝကျေးရွှာအုပ်စု ဒေသခံများ ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ − ကျော်မိုးလှိုင်)

ယင်းမာပင်မြို့နယ် တာဝ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ဥပ ဒေနှင့်အညီ ပြန်လည်ရွေးချယ် ပေးရန် ဒေသခံ ၁၀၀ ခန့်က မေ လ ၁၆ ရက်တွင် မုံရွာနှင့် ယင်းမာ ပင်မြို့၌ ဆန္ဒထုတ်ဖော်ခဲ့သည်။

မတ်လဆန်းပိုင်းတွင် ကျေး ရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ကျင်းပရာ၌ မဲလိမ်မှုများရှိသဖြင့် ဒေသခံများက မြို့နယ်အုပ်ချုပ် ရေးမှူးထံ ကန့်ကွက်စာ ပေးပို့ ကြောင်း၊ ဧပြီတွင် မြို့နယ်တာဝန် ရှိသူများက ကျေးရွာသို့ လာရောက်စစ်ဆေးကြောင်း၊ ဒေသခံ များကန့်ကွက်သည့်ကြားမှ မြို့နယ် အုပ်ချုပ်ရေးမှူးအပြောင်းအလဲနှင့်အတူ မေလ ၄ ရက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ခန့်အပ် သဖြင့် ဆန္ဒဖော်ထုတ်ခြင်းဖြစ် ကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ဦးခင်မောင်ထွန်းက ပြောသည်။

ဆန္ဒထုတ်ဖော်သူများသည် ယင်းမာပင်မြို့နယ် တာဝကျေးရွာ ထိပ်မှ ကပိုင်တရော်ကျင်းလမ်း ထိပ်၊ မုံရွာ-ပုသိမ်လမ်းဆုံမှ ချင်းတွင်းတံတားထိပ် မုံရွာမြို့တွင် အားကစားကွင်းရှေ့မှ မြို့လယ်နာရီစင်အထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။

စီတန်းလှည့်လည်ရာ လမ်း တစ်လျှောက်တွင် ဥပဒေနှင့်အညီ အုပ်ချုပ်ရေးမှူးအသစ်ပြန်လည် ရွေးချယ်ပေးရေး၊ အဂတိလိုက် စားသော မြို့နယ်အုပ်ချုပ်ရေးမှူး ကို အရေးယူပေးရေး စသည့် တောင်းဆိုချက်များတောင်းဆိုခဲ့ ကြောင်း ဦးခင်မောင်ထွန်းက ပြောသည်။

‘‘အခု ဆန္ဒပြလို့ ထူးခြားမှု မရှိဘူးဆိုရင် တိုင်းဒေသကြီး အစိုးရရုံးရှေ့အထိ သွားရောက် တောင်းဆိုသွားမယ်’’ ဟု ဆန္ဒ ထုတ်ဖော်ပွဲတွင် ပါဝင်သော တာဝကျေးရွာဒေသခံတစ်ဦးက ပြော ကြားသည်။

ယင်းမာပင်မြို့နယ် တာဝ ကျေးရွာအုပ်စုတွင် တာဝ၊ သပြေအေး၊ ချောင်းကောက်ကွက်သစ်၊ ချောင်းကောက်ရွာမ၊ ပန်းမထုံး၊ အင်းသာကျေးရွာတို့ရှိပြီး ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို နှစ်ကြိမ်တိုင် ရွေးချယ် သော်လည်း ပွင့်လင်းမြင်သာမှု မရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သော တာဝကျေးရွာဒေသခံ များက ပြောသည်။

More in Regional Section