အဲဗာတန်မန်နေဂျာ ဆမ်အလာဒိုက်စ် ထုတ်ပယ်ခံရ

 အသင်းကိုခြောက်လ ကြာ ကိုင်တွယ်ပြီးနောက် အဲဗာ တန် မန်နေဂျာ ဆမ်အလာဒိုက်စ် ထုတ်ပယ်ခံရသည်။ နည်းပြ ဟောင်း ရော်နယ်ကိုးမန်း ထုတ် ပယ်ခံရပြီးနောက် ၂၀၁၈ နိုဝင် ဘာတွင် ဆမ်အလာဒိုက်စ်ရောက် လာပြီး ၁၈ လ စာချုပ်ချုပ်ဆိုခဲ့ သည်။


၎င်းရောက်လာချိန်က နံပါတ် (၁၃) နေရာ တွင် ရှိသော အဲဗာတန်သည် ရာ သီကုန်ချိန်၌ နံပါတ် (၈) နေရာသို့ ရောက်ခဲ့ သည်။

သို့သော်အသင်းကို ၎င်း လွှဲပြောင်းရယူချိန်ကစ၍ အဲဗာ တန်၏ ကစားပုံ၊ ဆမ်အလာဒိုက်စ် ၏ ကိုင်တွယ်ပုံနှင့် ပတ်သက်၍ ပရိသတ်များက ဝေဖန်ခဲ့ကြ သည်။ ဆမ်အလာဒိုက်စ်ကို ထုတ် ပယ်ရန် ဆုံးဖြတ်ချက်သည် အ သင်း၏ရေရှည်စီမံကိန်းတစ်စိတ် တစ်ပိုင်းဖြစ်သည်ဟု အဲဗာတန် က ပြောကြားသည်။

ယခင်က ဟူးလ်စီးတီးမန်နေ ဂျာနှင့် ဝက်ဖို့ဒ်နည်းပြ မာကို ဆေးလ်ဗားသည် ဆမ်အလာ ဒိုက်စ်နရာ ဆက်ခံရန် လျာထား ခံရသူဟု ဘီဘီစီသတင်းက ဖော် ပြသည်။

ကိုးမန်းကို ထုတ်ပယ်ခဲ့ချိန် က အသင်းပိုင်ရှင် ဖာဟက်မိုရှီရီ ၏ ပထမဦးစားပေးသည်ပေါ်တူဂီနိုင်ငံသား မာကိုဆေးလ်ဗားဖြစ် သည်ဟု ဆိုသည်။

အဲဗာတန်သည် ရှက်တာဒိုး နက်စ်အသင်းနည်းပြ ပေါ်လိုဖွန် ဆီကာကို စိတ်ဝင်စားနေသည်ဟု သတင်းက ဖော်ပြသည်။

ဆမ်အလာဒိုက်စ် (၆၃) နှစ် ကို ကျေးဇူးတင်ကြောင်း အဲဗာ တန်က ပြောကြားသည်။

စိန်ခေါ်မှုများရှိချိန်တွင် အ သင်းတည်ငြိမ်မှုရရှိရန် ဆမ်ကို ခေါ်ယူခဲ့ပြီး ထိုသို့လုပ်ဆောင်ပေး ခဲ့၍ ကျေး ဇူးတင်ရှိကြောင်း၊ သို့ သော်ရေရှည် စီမံကိန်း တစ်စိတ် တစ်ပိုင်းအဖြစ် ယခုကဲ့သို့ဆုံးဖြတ် ခဲ့ပြီး မန်နေဂျာသစ်ခေါ်ယူမည် ဖြစ်ကာ ယင်းလုပ်ငန်းစဉ်ကို ချက် ချင်းစတင် မည်ဖြစ်ကြောင်းအဲဗာ တန် စီအီးအိုဒန်းနစ် ဘာရက်ဘာ ဆန်ဒေးလ်က ပြောသည်။

—Ref:AP