တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို စသုံးလုံးက ခေါ်ယူစစ်ဆေးနေကြောင်း ပျံ့နှံ့နေသည့်သတင်းများမဟုတ်မှန်ဟု တိုင်းအစိုးရနှင့် ရဲတပ်ဖွဲ့ကြေညာချက်ထုတ်

တနင်္သာရီတိုင်းဒေသ ကြီး ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့ မော်ကို အထူးစုံစမ်းစစ်ဆေးရေး (စစစ)က နေပြည်တော်သို့ ခေါ် ယူစစ်ဆေးနေကြောင်း လူမှုကွန် ရက်တွင် ပျံ့နှံ့နေသည့် သတင်းများမှာ မှန်ကန်မှုမရှိကြောင်း တိုင်းအစိုးရအဖွဲ့နှင့် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။


တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်သည် နေပြည်တော်သို့ အစည်းအဝေးတက်ရောက်ရန် သွားရောက်ခြင်းဖြစ်ပြီး မေလ ၁၈ ရက်တွင် တိုင်းအစိုးရအဖွဲ့ရုံးစိုက်ရာ ထားဝယ်မြို့သို့ ပြန်လည်ရောက်ရှိလာမည်ဟု သိရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က မေလ ၁၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ထိုသို့တည်ဆဲအစိုးရအဖွဲ့ ၀န်ကြီးချုပ်တစ်ဦးအပေါ် အခြေ အမြစ်မရှိဘဲ ဂုဏ်သိက္ခာကျဆင်း စေရန် ရည်ရွယ်၍ လူမှုကွန်ရက် စာမျက်နှာတွင် မဟုတ်မမှန် သတင်းများ ဖြန့်ချိရေးသားဖော် ပြမှုသည် လူကျင့်ဝတ်သိက္ခာနှင့် မညီညွတ်သည့်အပြင် ရိုင်းပျ သော၊ ယဉ်ကျေးမှုမရှိသော အပြု အမူမျိုးသာဖြစ်၍ ထားဝယ်သူ၊ ထားဝယ်သားများ လိမ်ညာမခံရ စေရန် သတင်းအမှန်ကို ဖော်ထုတ် တင်ပြအပ်ပါသည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ၀န်ကြီးချုပ်သည် နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော် မတီ (၁/၂၀၁၈)အစည်းအဝေး နှင့် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုး တန်းသယံဇာတစီမံအုပ်ချုပ်လုပ် ကိုင်မှု ဗဟိုကော်မတီ စတုတ္ထအ ကြိမ် ညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်လျက်ရှိကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့က မေလ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

လူမှုကွန်ရက် စာမျက်နှာ တွင် ပြီးခဲ့သည့် မေလ ၁၄ ရက် ညကစ၍ တနင်္သာရီတိုင်းဝန်ကြီး ချုပ် ဒေါက်တာ လဲ့လဲ့မော်နှင့် တိုင်း အတွင်းရှိ ကုမ္ပဏီအချို့နှင့် လုပ် ငန်းရှင်အချို့ကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး)က နေပြည်တော်သို့ ခေါ်ဆောင် စစ်ဆေးနေကြောင်း သတင်းများ ပျံ့နှံ့ခဲ့သည်။

အဆိုပါသတင်းများမှာ မှန် ကန်မှုမရှိဘဲ ၀န်ကြီးချုပ်အပါအ၀င် တိုင်းအတွင်းရှိ ကုမ္ပဏီအချို့နှင့် လုပ်ငန်းရှင်အ ချို့ကို စသုံးလုံးက လုံးဝခေါ်ယူစစ်ဆေးခြင်းမရှိကြောင်း တနင်္သာရီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကောင်းစံဦးက မေလ ၁၆ ရက်တွင် အတည်ပြုပြောကြားသည်။

‘‘လက်ရှိ NLD အစိုးရကို ပြည်သူလူထုထင်ယောင်ထင်မှား ဖြစ်အောင်၊ အထင်သေး၊ အမြင် သေးဖြစ်အောင် တမင်သက်သက် စီမံချက်ရှိရှိလုပ်တဲ့အဖွဲ့က လုပ် တာလည်း ဖြစ်နိုင်သလို ၀န်ကြီး ချုပ်ကို ပုဂ္ဂိုလ်ရေးအရ မုန်းတီးတဲ့ သူတွေက သက်သက်ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်တာလည်း ဖြစ်နိုင်တယ်။ ဒီဟာတွေ အရေးယူမှု၊ မယူမှုကတော့ ၀န်ကြီးချုပ်ရဲ့ သဘောထားအပေါ်မှာပဲ မူတည် တယ်’’ဟု ဦးကောင်းစံဦးက မှတ် ချက်ပြုပြောကြားသည်။

လက်ရှိတွင် ၀န်ကြီးချုပ် သည် နေပြည်တော်ရှိ အစည်းအ ဝေးများပြီးဆုံးပြီဖြစ်၍ ပြန်လာနေ ပြီး ရန်ကုန်၌ နေမကောင်းဖြစ် နေသည့် မိခင်ကို ၀င်ရောက်ကြည့်ရှုမည်ဖြစ်ရာ လာမည့်သောကြာနေ့ မေလ ၁၈ ရက်၌ တိုင်းအစိုးရအဖွဲ့ရုံးစိုက်ရာ ထားဝယ်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။