ပြည်တွင်း စက်သုံးဆီဈေးနှင့် ဒေါ်လာဈေးတက်

(ဓာတ်ပုံ − အေအက်ဖ်ပီ)

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းနှင့် ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်း မေလအ တွင်း ၃ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်။

ဒီဇယ်တစ်လီတာလျှင် မေလ ၁ ရက် က ပျမ်းမျှဈေးနှုန်း ကျပ် ၈၆၀ မှ မေလ ၁၆ ရက်တွင် ၈၈၅ ကျပ်သို့ မြင့်တက်လာသည်။ အောက်တိန်း ၉၂ တစ်လီတာဈေးနှုန်း ပျမ်းမျှ ကျပ် ၈၁၀ မှ ကျပ် ၈၃၀ သို့ မြင့် တက်လာသည်။ စက်သုံးဆီဆိုင်များက ရောင်းချသည့် လက်လီဈေးနှုန်းများသာ မက လက်ကားဈေးကွက်တွင်လည်း ဈေး မြင့်တက်နေကြောင်း မြန်မာနိုင်ငံ စက်သုံး ဆီတင်သွင်းရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောသည်။

‘‘ကမ္ဘာ့ရေနံဈေးရော ဒေါ် လာဈေးကပါ တက်လို့ ပြည်တွင်း ဆီဈေးတက်တာပါ’’ဟု ဒေါက် တာဝင်းမြင့်က ပြောသည်။

ထို့အပြင်ငွေကြေးဈေးကွက် တွင် မေလအတွင်း တစ်ဒေါ်လာ ၁၄ ကျပ် မြင့်တက်လာသည်။ မေလ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၃၃၁ ကျပ်ရှိသော ဒေါ်လာတန်ဖိုးသည် မေလ ၁၆ ရက်၌  တစ်ဒေါ်လာလျှင် ၁,၃၄၅ ကျပ်သို့ မြင့်တက်လာသည်။

ပြည်တွင်း စက်သုံးဆီဈေး ကွက်သည် နိုင်ငံတကာဈေးနှုန်း နှင့် ချိတ်ဆက်နေခြင်းကြောင့် နေ့စဉ်ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း အ ပြောင်းအလဲအပေါ် မူတည်ပြီး ဈေး နှုန်းအတက်၊အကျရှိကြောင်း ၎င်းက ပြောသည်။

မေလ ၁၆ ရက်တွင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း တစ်စည်လျှင် ၄ ရာခိုင်နှုန်းအထိ မြင့်တက်ကြောင်း ဒေါက်တာ ဝင်းမြင့်က ပြောသည်။

နိုင်ငံတကာဈေးကွက်တွင် မေလ ၂ ရက် ရေနံစိမ်းတစ်စည် ၏ပျမ်းမျှဈေးနှုန်း ဒေါ်လာ ၇၄ ဒသမ ၄၇ ဈေးဖွင့်သော်လည်း မေလ ဒုတိယပတ်၌ ရေနံစိမ်းတစ်စည်လျှင် ၇၇ ဒသမ ၄၃ ဒေါ်လာသို့ မြင့်တက်လာသည်။

တစ်လလျှင် ဒီဇယ်၊ ဓာတ် ဆီတန်ချိန် ခြောက်သိန်းခန့် ပြည်ပမှ တင်သွင်းနေရသော မြန်မာနိုင် ငံအတွက် တန်ချိန်သန်းချီစက်သုံး ဆီသိုလှောင်နိုင်သော သိုလှောင် ကန်များတည်ဆောက်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်က စတင်၍ စက်သုံး ဆီကဏ္ဍတွင် ပြုပြင်ပြောင်းလဲ၍ ဈေးကျရေး ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက် ကြောင်းနှင့် အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည် ဆောင်ရွက်မည်ဟု ထုတ်ပြန်ကြေ ညာပြီးနောက် ရက်ပိုင်းအတွင်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း ၀ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ကြောင်း နိုင်ငံတကာ မီဒီယာအချို့က ဖော်ပြ သည်။

နိုင်ငံတကာဈေးကွက်တွင် ဒေါ်လာတန်ဖိုးမြင့်တက်သကဲ့သို့ ပြည်တွင်း သွင်းကုန်လုပ်ငန်းရှင် များ ကုန်ပစ္စည်းတင်သွင်းရန် ပြည်ပငွေ အလွှဲများခြင်းကြောင့် ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းဖြစ် ကြောင်း ငွေလွှဲလုပ်ငန်းလုပ်ကိုင် သူတစ်ဦးက ပြောသည်။