ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးမန်နေဂျာဆု ဂွာဒီယိုလာရရှိ

 မန်စီးတီးအသင်း မန်နေဂျာ ဂွာဒီယိုလာသည် ၎င်း ၏အသင်းကို ပရီးမီးယားလိဂ် ဖလားနှင့် စံချိန်အများအပြားဆီ သို့ ဦးဆောင်ခဲ့ပြီးနောက် မေလ ၁၅ ရက်က ကျင်းပသော လိဂ်မန် နေဂျာများ အစည်းအရုံး အခမ်း အနားတွင် တစ်နှစ်တာအကောင်း ဆုံးမန်နေဂျာအဖြစ် ရွေးချယ်ခံ ရသည်။

စပိန်နိုင်ငံသား ဂွာဒီယိုလာ (၄၇) နှစ်သည် ဒုတိယနေရာရှိ မန်ယူကို ၁၉ မှတ်ဖြတ်၍ ပရီး မီးယားလိဂ် ချန်ပီယံဖြစ်ကာ ဖေဖော်ဝါရီက အာဆင်နယ်ကို သုံးဂိုးပြတ်နိုင်စဉ် လိဂ်ဖလားရရှိခဲ့ သည်။

မန်စီးတီးသည် အမှတ် ၁၀၀ ရရှိသော ပထမဆုံး ပရီးမီးယား လိဂ်အသင်းဖြစ်လာကာ တစ် ရာသီအတွင်း သွင်းဂိုးအများဆုံး ၁၀၆ ဂိုး၊ ဆက်တိုက်နိုင်ပွဲနှင့် နိုင်ပွဲအများဆုံး ၃၂ ပွဲနှင့် ဂိုးကွာ ခြားချက်အများဆုံး ၇၉ ဂိုးစသော စံချိန်များကို ချိုးဖျက်ခဲ့သည်။

ဂွာဒီယိုလာသည် လီဗာပူးမှ ဂျာဂန်ကလော့ပ်၊    ဘန်လေမှ ရှောင်ဒိုင်ချီ၊    ၀ူဗာဟမ်တန်မှ နူနာအက်စရစ်တို၊ ကာဒစ်စီးတီး မှ နေးလ်ဝါးနော့နှင့် အက်ကိုင် တန် စကန်လီအသင်းမှ ဂျွန်ကိုးလ် မန်းတို့ကို ကျော်ဖြတ်ကာ အ ကောင်းဆုံး မန်နေဂျာဆု ရရှိခြင်း ဖြစ်သည်။

ထိုအတောအတွင်း ဂွာဒီယို လာက လာမည့်ရာသီအတွက် ကစားသမားတစ်ဦး၊ နှစ်ဦးသာ ခေါ်ယူမည်ဟု ပြောသည်။

     ဘီလျံနာသူဌေးရှိတ်မန်ဆော ပိုင်ဆိုင်သော မန်စီးတီးသည် ပြီးခဲ့ သည့်နှစ်က ကစားသမားများခေါ် ယူရန် ပေါင်သန်း ၃၀၀ အသုံးပြု ခဲ့သည်။

ယခုရာသီတွင်မိမိတို့အောင် မြင်ခြင်း ၏အခြေခံအကြောင်းတ ရားသည် ကစားသမားများ၏ အ ရည်အသွေးဖြစ်ကြောင်းနှင့် ရင်း နှီးမြှုပ်နှံမှုများပြား၍ အောင်မြင် သည်ဆိုခြင်းမှာ မှန်ကန်ကြောင်း ဂွာဒီယိုလာက ပြောသည်။

သို့သော် ရာသီတိုင်းပေါင် သန်း ၃၀၀ မြှုပ်နှံရန် ငွေမရှိဟု ၎င်းကဆက်လက်ပြောသည်။

—Ref:Reuters