ဆင်းရဲခြင်းက ပန်းဖူးလေးများကို ကျိုးပဲ့စေသလား

ဓာတ်ပုံ−ကျော်ဇင်သန်း

သက်ငယ်မုဒိမ်းမှုခင်းတွေကို ဖတ် တိုင်းဆင်းရဲခြင်းက ကလေးငယ် တွေရဲ့ ဘ၀တွေကို အကာအရံ မဲ့ ကျိုးပဲ့စေသလားဆိုသည့် အတွေး မျိုးဒေါ်နွယ်နွယ် တစ်ယောက် တွေးမိနေသည်။

ယခုရက်ပိုင်းမှာပဲ သာကေ တမြို့နယ်နှင့် ရွှေပြည်သာမြို့နယ် တို့တွင် ဖြစ်ပွားခဲ့သည့် သက်ငယ် မုဒိမ်းမှုခင်းများကို ကြည့်ပါက မိဘမရှိ၊ ဆင်းရဲနွမ်းပါးသည့် အ သက်(၁၀)နှစ်အောက် ကလေး ငယ်များ ဖြစ်နေသည်။

ကျူးလွန်သူတွေက ကလေး ငယ်တွေကို မုန့်ကျွေးမည်ဆိုသည့် အကြောင်းပြချက်ဖြင့် ခေါ်သွား ပြီး လူမဆန်စွာ ရိုက်နှက်၍ ရက် စက်စွာမတရားပြုကျင့်ခဲ့သည်။ အသက်ငယ်လွန်းပြီး ခန္ဓာကိုယ် ကောင်းစွာ မဖွံ့ဖြိုးသေးချိန်တွင် ယခုဖြစ်ရပ်ကြောင့် ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ အကြီးစားခွဲစိတ်မှုတွေ ပြုလုပ်ပြီး ကလေးငယ်များ၏ အသက်ကို ကယ်တင်ခဲ့ရသည်။

‘‘ဖတ်ရင်းနဲ့ ရင်နာရတယ်။ ဘာမှနားမလည်သေးတဲ့အရွယ် တွေ၊ ဆင်းရဲတဲ့ကလေးတွေမှာ များ ဒီဖြစ်ရပ်တွေ ပိုကြုံတွေ့နေ ရလားလို့ တွေးမိတယ်။ ဘာပဲ ဖြစ်ဖြစ် ကျူးလွန်တဲ့သူတွေကို ထိ ရောက်တဲ့ ပြစ်ဒဏ်တွေပေးသင့် နေပြီ’’ဟု အသက်(၃၅)နှစ်အရွယ် ကလေးမိခင်ဒေါ်နွယ်နွယ်က ပြောသည်။

သည်လိုဖြစ်ရပ်တွေက ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများ၌ သာ ဖြစ်ပျက်နေခြင်း မဟုတ်၊ နယ်မြို့လေးတွေ တောရွာများအထိ ဖြစ်နေခြင်းဖြစ်သည်။ မိဘများက ဆင်းရဲလွန်းသဖြင့် မိမိရင်သွေး လူတန်းစေ့နေနိုင်ရေး မွေးစားရန် ပေးလိုက်ရာမှ    မွေးစားမိဘက  ကျူးလွန်သဖြင့်    အသက်(၁၀) နှစ်အရွယ်  ကလေးငယ်တစ်ဦး ကိုယ်ဝန်ရခဲ့သည်။

စားဖို့တောင် အနိုင်နိုင်ဖြစ် နေသည့် အခြေခံလူတန်းစားမှ အရွယ်မရောက်သေးသည့် ကလေးငယ်က နောက်ထပ်က လေတစ်ဦး ပြန်မွေးသည့်ဖြစ်ရပ် များက အင်မတန်စိတ်မကောင်း စရာ ဖြစ်သည်။

ထိုသို့ ထိတ်လန့်ချောက်ချား ဖွယ်ရာ ဖြစ်ရပ်များကို အသက်အ ရွယ်နှင့်မမျှ ကြုံတွေ့ခဲ့ရသည့် ကလေးငယ်များအတွက် ဘေး ကင်းလုံခြုံပြီး စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ ပြန်လည်ကောင်းမွန်နိုင် မည့် ဘ၀တစ်ခုထူထောင်ရေး လွန်စွာအရေးကြီးသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခံရသည့် ကလေးများတွင် စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့် လူမှုရေးပိုင်း ဆိုင်ရာများ၌ ပြဿနာများရှိပြီး ၎င်းတို့ကို ပြန်လည်ကုစားရန် အရေးကြီးသည်ဟု အထွေထွေ ရောဂါကုဆရာဝန်ဒေါက်တာ ကျော်စွာဦးက ပြောသည်။

‘‘သာကေတမှာ ဖြစ်တဲ့ဖြစ် ရပ်မှာ ကလေးက အကြီးစားခွဲ စိတ်မှု လုပ်ရတယ်။  မစင်လမ်းကြောင်းလွဲတာ၊ ဆီးလမ်းကြောင်း ကို ပိုက်နဲ့သွားတာတို့ လုပ်ရတယ်။နောက်ပိုင်း ၀မ်းသွားတာ၊ ဆီးသွားတာ ခက်တာတွေ ဖြစ်နိုင်တဲ့အ နေအထားရှိတယ်။ နောက်ထပ် အချိန်ယူပြီး ဂရုတစိုက် ကုသရမယ့် အပိုင်းတွေ ရှိတယ်’’ဟု ၎င်းကရှင်းပြသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခံရသည့် ကလေးငယ်များ တွင် မိမိကိုယ်ကိုယ် သိမ်ငယ်ခြင်း၊ လူကြားထဲသို့ သွားလာရန် ကြောက်ရွံ့ခြင်း၊ အကောင်းမြင် စိတ်နည်းပါးခြင်းနှင့် တစ်ဖက် သားအပေါ် ယုံကြည်မှုနည်းခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ များလည်း ရှိနိုင်သည်ဟု ဆိုသည်။

‘‘ဒီဖြစ်ရပ်က အိပ်မက်ဆိုး တစ်ခုပဲ။ သူ့မျက်လုံးထဲမှာ အမြဲ မြင်ပြီး ကြောက်ရွံ့နေမယ်။ ကိုယ့် ကိုယ်ကိုယ် အားငယ်နေမယ်။ အပြစ်တင်မယ်။   အပြုသဘော ဆောင်တဲ့ အတွေးတွေ မတွေး နိုင်တော့ဘူး။ စိတ်ဓာတ်တွေကျ ပြီး တစ်ခါတလေ သတ်သေမှု တွေ ပါဖြစ်နိုင်တယ်ဆိုတာ တွေ့ ရတယ်’’ ဟု ဒေါက်တာကျော်စွာ ဦးက ပြောသည်။

သက်ငယ်မုဒိမ်းဖြစ်ပွားမှု သည် မြန်မာနိုင်ငံတွင် ပြဿနာ တစ်ရပ်အဖြစ် ရှိလာနေပြီး ကျူး လွန်မှုများ၌ ဆွေးမျိုးသားချင်း များကြောင့် ဖြစ်သည့် ရာခိုင်နှုန်း  ပိုများသည်ဟု ဆိုသည်။

နွမ်းပါးသူ အများစုနေထိုင် ရာ နေရာများတွင် အဖြစ်များပြီး ဆွေမျိုးသားချင်းများကြောင့်ဖြစ် ရသည့် ရာခိုင်နှုန်း ပိုများကြောင်း အနီးအနားဝန်းကျင်က လူများ ၌လည်း   ဖြစ်နိုင်ပြီး  အသိပညာပေးလုပ်ငန်းများ အရှိန်မြှင့်လုပ် ဆောင်ရန် လိုအပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

‘‘နိုင်ငံတကာ သုတေသန စာတမ်းတွေမှာလည်း ဆွေမျိုး သားချင်း၊ အဖေ၊ ဦးလေး၊ အစ် ကိုပြုကျင့်တာက ၃၀ ရာခိုင်နှုန်း၊ ရင်းနှီးတဲ့ မိတ်ဆွေတွေ၊ အိမ်နီး ချင်းတွေ ပြုကျင့်တာက ၆၀ ရာ ခိုင်နှုန်း၊ သူစိမ်းက ပြုကျင့်တာ က ၁၀ ရာခိုင်နှုန်းပဲ ရှိတယ်’’ ဟု ဒေါက်တာကျော်စွာဦးက ပြော သည်။

သက်ငယ်မုဒိမ်းကျူးလွန်သူ ကို လူ့အသိုင်းအ၀ိုင်း က ရှုတ်ချ ပြီး ဖယ်ကြဉ်ထားခြင်း၊ တရားဥ ပဒေအရ ထိရောက်သည့် ပြစ် ဒဏ်ပေးခြင်း၊ ကျူးလွန်ခံရသူ ဘက်မှ ရပ်တည်ပြီး လူ့အသိုင်း အ၀ိုင်းထဲသို့ ပြန်ဝင်ဆံ့အောင် ဆွဲ ခေါ်သွင်းပေးခြင်းများ ပြုလုပ်ပေး ရန် လိုသည်ဟု ဆရာဝန်စာရေး ဆရာ ဒေါက်တာဖြိုးသီဟက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပညာပေးဆောင်းပါးတွင် ထည့် သွင်းရေးသားထားသည်။

လက်ရှိတွင် ထိရောက်သည့် ပြစ်ဒဏ်ပေးရေးအပြင် လိင်ပညာ ပေးလုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများ စုပေါင်း၍အရှိန် မြှင့်လုပ်ဆောင်ရန် လိုအပ်နေ သည်။ မိဘများကလည်း မိမိရင် သွေးကို လက်လွတ်စပယ်ထား ခြင်းများ မပြုလုပ်ရန် အရေးကြီး သည်။ လိင်မှုဆိုင်ရာနှင့်ပတ်သက် သည့် ပညာပေးများကို အသက် အရွယ်အလိုက် ပြောပြပေးထား ရန် လိုအပ်သည်။

‘‘ကလေးကိုထိန်းပေးမယ် ဆိုရင် အရမ်းယုံကြည်ပြီး မထည့် ဖို့ လိုတယ်။ လိင်အင်္ဂါကိုသူများ ကို မပြဖို့၊ မကိုင်ခိုင်းဖို့၊ အသက်အရွယ်အလိုက် ငယ်ငယ်ကတည်း က သင်ပေးထားရမယ်။ တကယ်လို့ကျူးလွန်ခံရဖို့ ဖြစ်လာပြီဆိုရင် ငြင်းတတ်ဖို့၊ အော်ပြီးအကူအညီ တောင်းတတ်ဖို့၊ ထွက်ပြေးတတ် ဖို့ အရင်းအနှီးဆုံးလူတွေကို ရင် ဖွင့်တတ်ဖို့လိုတယ်။ တစ်ခုခုဆို ရင် ရေငုံနှုတ်ပိတ်မနေဘဲ ဖွင့် ပြောရဲအောင်၊ သတ္တိရှိအောင် သင်ပေးထားရမယ်’’ဟု ဒေါက် တာကျော်စွာဦးက ပြောသည်။

ကျူးလွန်ခံရသည့် ကလေး များတွင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပျိုးထောင်ပေးရေး မိဘဆွေမျိုး ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၏ အားပေးနှစ်သိမ့်မှု၊ နွေးထွေးကြင် နာမှုများကလည်း အရေးကြီးလှ သည်။ ကျောင်နေအရွယ်ဖြစ်ပါ က ဆရာ၊ ဆရာမများက ကလေးငယ်အပေါ် ပြောဆိုသည့် စကားအသုံးအနှုန်းကအစ သတိပြုရန် လိုအပ်သည်။

လက်ရှိတွင် ကျူးလွန်သူ ကို သေဒဏ်ပေးရေးနှင့် ပတ် သက်၍တောင်းဆိုမှုများလည်း ရှိ နေသည်။ ‘‘ကျူးလွန်သူကို သေ ဒဏ်ပေးရေးကတော့ တရားစီရင် ရေးပညာရှင်တွေက စဉ်းစားပါ လိမ့်မယ်။  တခြားထည့်စဉ်းစား ရမယ့် အချက်တွေရှိသေးတယ်။ သေဒဏ်ပေးလိုက်ရင် ကလေး ကို မတရားလည်းပြုကျင့်သေး တယ်။ တစ်ခါတည်းသတ်လိုက်တာတို့ စတဲ့အနေအထားတွေ ရှိနိုင်တယ်။ ကျွန်တော်တစ်ယောက်တည်း ယူဆချက်အရ ပြစ်ဒဏ်ကြီးကြီး မားမား ပေးရမယ်။ ဥပမာ နှစ် (၂၀)နဲ့ အထက်ပေးပြီး ကျူးလွန် တဲ့ တရာခံကို လုံးဝလွတ်ငြိမ်း ချမ်းသာခွင့် မရှိဘူးဆိုတဲ့ အချက်ပါ ထည့်ဖြည့်မှရမယ်’’ဟု ဒေါက်တာကျော်စွာဦးက အကြံပြုသည်။

မည်သို့ပင် ဆိုစေကာမူ အ ချိန်မတိုင်မီ ကြွေလွင့်ခဲ့ရသည့် ပန်းဖူးကလေးများ၏ အနာဂတ် လှပရေး လူမှုအသိုက်အ၀န်း အားလုံးတွင် တာဝန်ရှိပြီး ဆင်းရဲနွမ်း ပါးသည့် ကလေးငယ်များ နောက်ထပ်သားကောင်   မဖြစ်စေရေး ၀ိုင်းဝန်းစောင့်ရှောက်ပညာပေးမှု များ   မဖြစ်မနေ    လုပ်ရပေဦး မည်။     ။