ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ မြင့်တက်လာနိုင်သော်လည်း စိုးရိမ်ရေမှတ်သို့ မရောက်နိုင်သေး

ဧရာဝတီမြစ်တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ − စိုင်းဇော်)

 ဒေသအချို့တွင် နေ ရာကွက်မိုးကောင်းနေချိန် ဧရာ ၀တီနှင့် ချင်းတွင်းမြစ်သည် မေ လ တတိယပတ်အတွင်း လက်ရှိ ရေမှတ်ထက် မြင့်တက်လာနိုင် သော်လည်း စိုးရိမ်ရေမှတ်သို့ မ ရောက်နိုင်သေးကြောင်း မိုးဇလ ဌာန ညွှန်ကြားရေးမှူးချုပ်က ခန့် မှန်းပြောကြားသည်။

၂၀၁၈ မေလ ၂၀ မှ ၂၉ ရက်အတွင်း မြစ်ရေခန့်မှန်းချက် ကို မိုးလေ၀သနှင့် ဇလဗေဒညွှန်  ကြားမှုဦးစီးဌာနက မေလ ၁၈ ရက်တွင်ထုတ်ပြန်သည်။


မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ကျော်မိုး ဦးက ‘‘မုတ်သုံကြောင့်မိုးက နေ ရာကွက်ရွာနေပြီး မြစ်ရေတွေ လည်းတက်လာတယ်။ ဧရာဝတီ မြစ်ရေရော၊ ချင်းတွင်းမြစ်ရေရော အနည်းငယ်စီတက်လာတယ်။ စိုး ရိမ်ရေမှတ်ကိုတော့ ဇူလိုင်၊ သြ ဂုတ်လောက်မှ ရောက်နိုင်မှာပါ’’ ဟု ပြောသည်။

ဧရာဝတီမြစ်ရေသည် မြစ် ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ နှင့် သပိတ်ကျင်းမြို့တွင် ၄ ပေ မှ၆ ပေခန့်၊ မန္တလေး၊ စစ်ကိုင်း မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူးနှင့် မကွေးမြို့တွင်၂ပေမှ ၄ပေခန့်နှင့်အောင် လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တွင် ပေ၀က်မှ ၁ပေခန့် မြင့်တက်လာနိုင်ကြောင်း သတိ ပေးထားသည်။ ချင်းတွင်းမြစ်ရေ သည် ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်း ပြင်မြို့တွင် ၃ ပေမှ ၅ ပေခန့်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တွင်  ၁ပေ မှ ၃ပေခန့် မြင့်တက်လာနိုင်ကြောင်း  သတိပေးထားသည်။

  ယခုကာလတွင် နေရာ ကွက်မိုးကောင်းနေ၍ မြစ်ကြောင်းသွားရေယာဉ်များအနေဖြင့် မြစ်ရေမြင့်တက်လာမည့် အခြေအနေကို သတိပြုမောင်းနှင်ရန် ဒေါက်တာကျော်မိုးဦးက ပြောသည်။