အတူနေသည့် နောက်ဆက်တွဲစာမျက်နှာ

မကြာသေးခင် နှစ်များအတွင်းက စာရေးသူတို့ပတ်ဝန်းကျင်တွင် Living Together ဆိုသည့် အလေ့အထ ခေတ်စားလာကြသည်။  Living Together ဆိုတာက တော့ မြန်မာပြည်မှာ လက်မထပ် ခင် အတူနေထိုင်ကြခြင်းဟု နား လည်ကြသည်။ တရားဝင်အကြင် လင်မယား မဟုတ်ကြသော်လည်း လိင်ပိုင်းဆိုင်ရာအရသော်လည်း ကောင်း၊ လူမှုရေးအရသော်လည်း ကောင်း ပတ်သက်ဆက်နွှယ်နေ ထိုင်လာသည့် ဓလေ့ဖြစ်ပါသည်။ နိုင်ငံခြား တိုင်းပြည်များမှာက တော့ အိမ်ထောင်တစ်ခု မပြုခင် အတူနေထိုင်ကြပြီး တစ်ဦး၏ သဘောကို တစ်ဦးက ဆန်းစစ် ကြည့်ကြသည်။ အဆင်မပြေ တော့သောအခါတွင် နှစ်ဦးသဘောတူ နားလည်မှုယူကာ သီးခြားစီနေ ကြသည်။ ထိုသို့နေရင်းနှင့် အ ဆင်ပြေသည့်အခါ လက်ထပ်ကြ သည်။ မြန်မာပြည်မှာကတော့ ထို ဓလေ့သည် မြန်မာ့ယဉ်ကျေးမှု ဓလေ့နှင့် မကိုက်ညီ။ သို့သော် ခေတ်ရေစီးကြောင်းအရတော့ ရှိ နေပါသည်။


ဒါ့အပြင် တရားဝင်လက် ထပ်ထိမ်းမြားခြင်း မတိုင်ခင် ချစ် သူရည်းစားဘ၀မှာကတည်းက လွန်လွန်ကျူးကျူး နေထိုင်ကြသည်ကလည်း မြန်မာ့လူ့အဖွဲ့အစည်းတွင် လူငယ်များအကြား၌ ပျံ့နှံ့ခေတ်စားလာသော အလေ့အထတစ်ခု ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ တစ်အိမ်တည်းအတူ နေနေ အချိန်ပိုင်းခဏတာလေးပဲ ပြင်ပတွင် ခဏပဲကြည်နူးပျော်ပါး ဆက်ဆံကြပါစေ သတိထားရ မည့် ပြဿနာများ ရှိနေပါသည်။

ဖြစ်စဉ်(၁)

တစ်ရက်စာရေးသူရဲ့ ဆေး ခန်းသို့ အမျိုးသမီးနှစ်ဦးရောက် လာသည်။ တစ်ဦးမှာသက်ကြီး ပိုင်းမှဖြစ်ပြီး တစ်ဦးကတော့ ခပ် ငယ်ငယ် အသက်(၂၀)နှစ်အ ရွယ် အမျိုးသမီးငယ်လေး။ နှစ်ဦး စလုံးကတော့ သားအမိတွေဖြစ် ကြသည်။ ဆေးခန်းပိတ်ချိန်နား နီးမှ ရောက်လာသည်။ နောက် တော့ အမေဖြစ်သူက သူမ၏သမီးရာသီသွေးမပေါ်၍ သွေးပေါ်ဆေး ထိုးပေးဖို့ဆိုလာသည်။ မိန်းက လေးကတော့ ကြောက်ရွံ့ ရှက်ရွံ့ နေပုံရသည်။ မတတ်နိုင်။ မေးစ ရာရှိတာမေးကာ ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ်ဖို့ပြောကာမှ ဇာတ်လမ်း အပြည့်အစုံကြားရတော့သည်။ အ တူနေချစ်သူက မဖုံးနိုင်၊ မဖိနိုင် အခြေအနေမျိုးရောက်သောအ ခါ ထားခဲ့လေခြင်း။ စာရေးသူ လည်း မည်သို့မျှမတတ်နိုင်။ ဘာ သာရေးအရကော ကျင့်ဝတ်စည်း မျဉ်းအရပါ ဖျက်ချပေးလို့ရသည့် ကိစ္စမျိုးမဟုတ်ပါ။ စိတ်မကောင်း ခြင်းကြီးစွာဖြင့် ရှင်းပြဖျောင်းဖျပေးကာ ပြန်လွှတ်လိုက်ရတော့သည်။

ဖြစ်စဉ်(၂)

တစ်ခါက မိန်းမငယ်လေး တစ်ဦး ဆေးခန်းသို့လာသည်။ ပညာတတ်ဘွဲ့ရအသိုင်းအ၀ိုင်း ကပဲ ဖြစ်သည်။ ခဏခဏဖျား ကာ လူကပိန်လာသည်။ တစ်ချိန် က ချောခဲ့၊ လှခဲ့မယ့်ပုံပေါ်သော် လည်း ရက်ရှည်ကျန်းမာရေးမ ကောင်းသည့်အတွက် လူကဖြူဖျော့နေသည်။ လည်ပင်းမှာလည်း အကျိတ်တွေစမ်းမိနေသည်။ မ သင်္ကာတော့ သွေးစစ်ခိုင်းကြည့် တော့ သူမအတွက် စိတ်မကောင်း။ သွေးအဖြေက HIV ပိုးရှိနေသည်။ မိဘများလည်း ယူကျုံးမရ ဖြစ်ရသည်။ နောင်တော့ ချစ်သူဖြစ် သူကလည်း HIV ပိုးရှိနေ မှန်းသိရ သည်။ ချစ်သူကောင်လေးရဲ့ လူမှုရေးအကျင့်စာရိတ္တကို မကြိုက်၍ မိဘများက သဘောမတူသောကြောင့် လမ်းခွဲခဲ့ကြသည်။ သို့ သော် လမ်းမခွဲခင်က ကျူးကျူးလွန်လွန် နေမိခဲ့သည်။ ထို့ကြောင့် ယခုအချိန်မှာတော့ ထိုဖြစ်ရပ်မျိုး ကြုံလာခဲ့ခြင်းပေတည်း။

အထက်ပါဖြစ်ရပ်များကို ထောက်ရှုကြည့်သော် အတူနေခြင်းမှ ဖြစ်လာသည့် လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ပြဿနာများသည် စာရေးသူတို့နိုင်ငံတွင် ကျယ် ကျယ်ပြန့်ပြန့် ဖြစ်လာသည်ကို တွေ့ရသည်။ ပထမဖြစ်ရပ်သည် လိင်ဆက်ဆံရာမှတစ်ဆင့် ကိုယ် ၀န်ရသွားခဲ့ခြင်း ဖြစ်သည်။ အ များအားဖြင့် သားဆက်ခြားခြင်း သန္ဓေတားခြင်းကို စနစ်တကျ တိ တိကျကျ လိုက်နာဆောင်ရွက်မှု မရှိခြင်းနှင့် လိုက်နာမှုအားနည်း ခြင်းကြောင့် ဖြစ်သည်။ ဒုတိယ တစ်ခုမှာတော့ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ဖြစ် ပွားရခြင်း ဖြစ်ပါသည်။

စာရေးသူတို့နိုင်ငံတွင် အ ရွယ်ရောက်လာသည့်အခါ သား ဆက်ခြားခြင်းနှင့် မလိုလားအပ် ဘဲ ကိုယ်ဝန်မရအောင်တားခြင်း တို့တွင် အားနည်းနေပါသေး သည်။ ကိုယ်ဝန်တားရာတွင်လည်း အရေးပေါ်တားဆေး၊ လနှင့်ချီ တားသည့် သောက်ဆေးနှင့် ထိုးဆေးများဟူ၍ ရှိပါသေးသည်။ မည်သို့သော ဆေးဝါးမျိုးဖြစ်ပါစေ သက်ဆိုင်ရာ ဆေးအသီးသီး၌ ကောင်းခြင်း၊ ဆိုးခြင်းများလည်း ရှိပါသေးသည်။ ထို့ကြောင့်လည်း ဖြစ်နိုင်လျှင် နီးစပ်ရာကျန်းမာရေး ၀န်ထမ်းများနှင့် ဆွေးနွေးတိုင်ပင် ကာ ရွေးချယ်သင့်သည်။

သို့ရာတွင် ထိုသန္ဓေတား ဆေးဝါးများသည် အခြားသော ကူးစက်ရောဂါများကိုတော့ မကာကွယ်နိုင်ပါ။ HIV အပါအ၀င် ကာလသားရောဂါများဖြစ်သည့် ဆစ်ဖလစ်ရောဂါ(Syphilis)နှင့် ဆီးပူညောင်းကျရောဂါ (Gonorrh-oea) များကိုတော့ လုံးဝ မကာကွယ်ပါ။ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများသည် အများအားဖြင့် အကာအကွယ် ကွန်ဒုံး (Condom)သုံးမှသာ ကာကွယ်ပါသည်။

မြန်မာနိုင်ငံတွင် ယနေ့အခါ ၌ စစ်တမ်းများအရ HIV ပိုးကူး စက်ခံရသူဦးရေ ၂၄၀,၀၀၀ ကျော်ရှိပါသည်။ ထိုလူဦးရေမှာလည်း သိသမျှအပေါ်ယံ လူဦးရေမျှသာ ဖြစ်ပါသည်။ Ice-berg Pheno- menon (ရေခဲတုံးသီအိုရီ) ဆို သည်မှာ ရှိပါသည်။ ပင်လယ်ထဲ မျောနေသော အာတိတ်စက် ၀ိုင်းက ရေခဲတုံးများကိုကြည့်ကြ ပါစို့။ အပေါ်ယံအရ ရေခဲတုံး သည် သေးငယ်သည်ဟု ထင်ရသည်။သို့သော် ရေပြင်၏ အောက်တွင် မြုပ်နေသော ရေခဲအပိုင်းအစထု ထည်မှာ ကြီးမားလှသည်။ ထိုဥပ မာကဲ့သို့ပင် စာရေးသူတို့ ရှာဖွေ မတွေ့နိုင်သေးသော လူထုကြား တွင် မြုပ်နေသည့် ရောဂါပိုးကူး စက်ခံထားရသည့် လူပုဂ္ဂိုလ်များ လည်း ရှိနေနိုင်ပါသေးသည်။

HIV ပိုးသည် အထူးသဖြင့် လိင်တူ၊ လိင်ကွဲဆက်ဆံခြင်း၊ ရောဂါပိုးရှိသူ သွေးကူးစက်ခံရ ခြင်း၊ မသန့်ရှင်းသော ဆေးထိုး အပ်၊ ဆေးထိုးပြွန်မှတစ်ဆင့် ကူးခြင်း၊ မသန့်ရှင်းသော ပစ္စည်း ကိရိယာများသုံး၍ တက်တူးထိုး ခြင်း၊ ဆေးပေါက်ခြင်းနှင့် မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်းတို့ ဖြင့် ကူးနိုင်ပါသည်။ ပုံမှန်အေ အာရ်တီ(ART) ဆေးသောက်ကာ ကလေးကိုပါ မွေးပြီးပြီးချင်း ဆေးတိုက်နိုင်ပါက မိခင်မှ ကလေးသို့ ကူးစက်နှုန်း လျှော့ကျစေပါသည်။

‘အတူနေစဉ် အလွှာခြားရင် ကမ္ဘာခြားတယ်၊ ကာမသုခပြည့်ဝ မှု မရှိ၊ စိတ်ကျေနပ်မှု မရ’ဆိုကာ ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်း သည် အခန့်မသင့်လျှင် လိင်နှင့် ဆက်စပ်သည့် ရောဂါများဖြစ်ပွား  နိုင်သည်သာမက ကိုယ်ဝန်ပါရ သွားနိုင်ပါသည်။ ဖြစ်ရပ်တစ်ခု ချင်းစီတိုင်း၏ နောက်ကွယ်တွင် လူမှုပြဿနာများ အသီးသီးရှိပါ သည်။ ထို့ကြောင့်လည်း အတူနေ စဉ်မှာ ကွန်ဒုံးကိုတော့ အသုံးပြု စေချင်ပါသည်။ ကွန်ဒုံးမှာလည်း နှစ်မျိုး၊ နှစ်စား ရှိပါသည်။ အမျိုး သားသုံးကွန်ဒုံးနှင့် အမျိုးသမီးသုံး ကွန်ဒုံးဟူ၍ ရှိပါသည်။ ကွန်ဒုံးအ သုံးပြုခြင်းသည် ကိုယ်ဝန်မရှိ အောင် ကာကွယ်နိုင်သည်သာမ က လိင်မှတစ်ဆင့် ကူးစက်ရောဂါ များ မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်စွမ်းရှိပါသည်။ ကွန်ဒုံးမပါ ဘဲ လိင်ဆက်ဆံဖို့ တောင်းဆိုလာ ပါကလည်း ငြင်းပယ်ကြဖို့ တိုက် တွန်းလိုပါသည်။

ချစ်သူနှစ်ဦးတစ်ဦးကို တစ် ဦးမည်မျှပင်ချစ်၍ မည်မျှပင်ပုံ အပ်ကာ ယုံကြည်ကြပါစေ၊ အ ချစ်၏နောက်ဆက်တွဲပြဿနာ များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ ထိုပြဿနာများ တွင်(Single Mother) မိခင်တစ် ယောက်တည်းက သားသမီးကို မွေးမြူပြီး အုပ်ထိန်းရသည့်ကိစ္စ များလည်း ရှိနေသေးသည်။ ဒါ့အ ပြင် အထက်တွင် ပြခဲ့သော နမူ နာကဲ့သို့ လိင်ကိစ္စရပ်များကြောင့် ကူးစက်တတ်သည့် ရောဂါများ လည်း ထည့်သွင်းစဉ်းစားရပေဦး မည်။

ထို့ကြောင့်လည်း အဖို၊ အမ အတူနေကြသည့် အချစ်၏ နောက်ဆက်တွဲစာမျက်နှာများတွင် ပြဿနာအရပ်ရပ်ကို ရှောင် ကြဉ်နိုင်ကြအောင်၊ ဆင်ခြင်နိုင် ကြအောင်ဤဆောင်းပါးဖြင့် အသိပေးလိုက်ရပါသည်။  ။

(ဆောင်းပါးရှင် မောင်ရင်ကောင်း (ဆေး-၂)သည် ကျန်းမာရေးဆိုင် ရာပညာပေးဆောင်းပါးများ ရေး သားနေသူဖြစ်သည်။)

Top News