ရေစုကန်များကို ချမ်းသာပေးကြပါ

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်းမှာ မရမ်းကုန်းဗီလာစီးပွားရေးနဲ့ ဘက်စုံစီမံကိန်းဆိုတဲ့ ခေါင်းစီးနဲ့အိမ်ရာဆောက်လုပ်ဖို့ စီစဉ်လာတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ အစီအမံတစ်ခုကို မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်က ကန့်ကွက်ခဲ့ပါတယ်။ ကန့်ကွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မရမ်းကုန်းဗီလာစီမံကိန်းအတွက် အဆိုပြုထားတဲ့ ဧရိယာ ရှစ်ဧကဆိုတဲ့ မြေပုံပြအကျယ်အ၀န်းမှာ တကယ့် မျက်မြင်မှာတော့ မြေသားမြေပြင်က တစ်ဧကခွဲလောက်သာရှိပြီး ကျန်တဲ့ ခြောက်ဧကခွဲလောက်က ရေစုကန်တွေဖြစ်နေတာကြောင့် ဒီစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ရင် ရေစုကန်တွေ ပျောက်ဆုံးသွားပြီး ရပ်ကွက်နေပြည်သူတွေ ရေကြီး ရေလျှံမှုဘေးဒုက္ခနဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် ကြောင့်ပါပဲ။

ရေစုကန်ဆိုတာ ဘာလဲ။ မြို့ကြီးပြကြီးတွေ တည်ဆောက် တဲ့အခါ ရေမြောင်းစနစ်ဟာ အ လွန် အရေးကြီးပါတယ်။ ရေ မြောင်းစနစ်ဟာ အိမ်တွေမှာ သုံး စွဲပြီးတဲ့ ရေဆိုးတွေကို စွန့်ပစ်ဖို့ အတွက်သာမကပါဘူး။ မိုးရွာတဲ့ အခါ မြေပြင်ပေါ်တင်ကျန်ပြီး စီး ဆင်းမယ့် မိုးရေတွေကိုလည်း မြစ်ချောင်းတွေထဲကို အမြန်ဆုံးစီး ဆင်းသွားစေနိုင်မှသာ မြို့မှာ ရေ ကြီး ရေလျှံခြင်းတွေမဖြစ်မှာပါ။ ဒါ တောင်မှ မိုးကြီး၊ မိုးများတဲ့အခါ ရေမြောင်းတွေဟာ ရွာချလိုက်တဲ့ မိုးရေကို နိုင်နင်းအောင် မနုတ်မ သိမ်းနိုင်တော့ပါဘူး။ အဲဒီအပြင် မိုးရွာချိန်နဲ့ မြစ်ရေ၊ ချောင်းရေပြည့် ချိန်တိုက်ဆိုင်ပြီဆိုရင် (တိုက်ဆိုင် တာကလည်း များပါတယ်) ရေ မြောင်းတွေဟာ မိုးရေကို မနုတ် သိမ်းနိုင်တော့ပါဘူး။ အဲဒီအတွက်လူနေရပ်ကွက်တွေထဲမှာ ရေစု ကန်တွေကို တူးဖော်ထားခဲ့ကြရ ပါတယ်။ စာရေးသူ ရန်ကုန်ကို ပြောင်းလာခါစက မြောက်ဥက္က လာပမှာနေတော့ ရပ်ကွက်အ တော်များများမှာ နှစ်လမ်းကျော် လောက်၊ သုံးလမ်းကျော်လောက် မှာ ရေစုကန်တွေ အတော်များ များရှိနေသေးတာကို မြင်ခဲ့ရပါ တယ်။ အခုတော့ အဲဒီရေစုကန် တွေထဲက အတော်များများဟာ အိမ်တွေ၊ အဆောက်အအုံတွေ ဖြစ်ကုန်ကြပါပြီ။

အခုဆိုရင် ရန်ကုန်မြို့ကြီး ဟာ နှစ်စဉ်နှစ်ဆက် မိုးရာသီ ရောက်တိုင်း ရေကြီး ရေလျှံမှုဒဏ် ကို မရှုမလှခံစားနေရပါပြီ။ ရေ မြောင်းတွေပိတ်ဆို့လာ၊ အနယ် အနှစ်တွေနဲ့ အနက်တိမ်လာလို့ ရေထုတ်အား မကောင်းတော့တဲ့ အပြင် မြောင်းမကြီးတွေကိုပါ တစ်ခြမ်း၊ တစ်စိတ်ပိတ်ပြီး အဆောက်အအုံတွေ ဆောက်ကြလေတော့ ဒီရေမြောင်းတွေက ရေစီးအား၊ ရေနုတ်အားက လျော့ကျသွားရ ပါတော့တယ်။ အဲဒီလိုအခြေအ နေမှာ မိုးရွာရင် ရေကိုစုအောင်း သိမ်းဆည်းထားပေးမယ့် ရေစုကန်တွေကိုပါ မြေဖို့ပြီး အဆောက်အ အုံတွေ ဆောက်ပစ်လိုက်ကြတဲ့ အခါ ရန်ကုန်မြို့ရဲ့ မိုးရာသီဟာ ‘လှော်...လှော်...လှေကိုလှော်၊ မြို့လယ်ကောင်ကြီးမနော်’လို့ သီချင်းကြော်ရမလိုပါပဲ။

အခုလည်း လုပ်လာကြပြန်ပါပြီ။ မရမ်းကုန်း ဗီလာစီမံကိန်းတဲ့။ ရေစုကန်သုံးခုပါဝင်နေတဲ့ နေရာကို အိမ်ရာစီမံကိန်းလုပ်ဖို့ ကြံစည်ကြပြန်ပါပြီ။

ဒီစီမံကိန်းဧရိယာအတွင်း မှာရှိနေတဲ့ ရေစုကန်တွေနဲ့ ပတ် သက်လို့ မရမ်းကုန်းမြို့ခံတစ်ဦး ဖြစ်တဲ့ ဦးဝင်းနိုင် (ရွှေလင်းယုန် ဗီဒီယို)က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ အများသူငါသိကြစေဖို့ ရေးတင် ထားတာလေးကို ဖတ်ရပါတယ်။ ‘ဒီရေကန်တွေရဲ့ သမိုင်းကြောင်း ကို ပြောရရင် တစ်ချိန်က အရူး ထောင်ကန်လို့ ခေါ်တယ်။ အရင် က တံတားလေး စိတ်ရောဂါကု ဆေးရုံရဲ့ အများခေါ်တဲ့အမည်က အရူးထောင်တဲ့။ တကယ့်ထောင် ကြီးလိုပဲ အုတ်နံရံအမြင့်ကြီးတွေ နဲ့။ အဲဒီဆေးရုံဘေးမှာရှိလို့ ဒေသ ခံတွေက မူလကန်ကြီးကို အရူး ထောင်ကန်လို့ခေါ်တာ။ အခုမြိုင် ဟေ၀န်ပန်းခြံထဲက ကန်ကနေ စွယ်တော်ဘုရားခြေရင်းက ကန် အထိရောက်တယ်၊ အရှည်ကြီး။ ဒါပေမဲ့ ၈၈ နောက်ပိုင်းမှာ သိတဲ့ အတိုင်း ကန်ကြီးက အစိတ်အ ပိုင်းတွေ ကွဲထွက်ကုန်တယ်။ ကြီး ကြီးမားမားကျန်တာ အခုစွယ် တော်ကန်ပဲရှိတော့တယ်။ ကမ္ဘာ အေးဗီလာက အစိတ်အပိုင်းတ ချို့ဖဲ့ယူသွားသလို လမ်းတွေ ဖြတ်ဖောက်လိုက်လို့ ကန်ကြီးက နေ ကန်အစိတ်အပိုင်း ခြောက်ခု လောက်ဖြစ်သွားတယ်။ အစိတ် အပိုင်းတွေ ကွဲထွက်သွားပေမယ့် မိုးတွင်းအခါ ပြည်လမ်းနဲ့ ကမ္ဘာ အေးစေတီလမ်းပေါ်က ဆင်းလာ တဲ့ရေတွေကို ရပ်ကွက်တွေဆီမ ရောက်အောင် စုထားပေးတဲ့ တာ ၀န်ကျေနေတုန်းပဲ’’လို့ ရေးပြထားပါတယ်။ ဒီပို့စ်ကို ဖတ်ရတော့မှ ဒီရေစုကန်တွေရဲ့ သမိုင်းကြောင်း နဲ့ ကမ္ဘာအေးဗီလာဆိုတာကြီး ဘယ်လိုဖြစ်လာတယ်ဆိုတာကို သိခွင့်ရခဲ့ပါတယ်။

အခုအဆိုပြုတဲ့ မရမ်းကုန်း ဗီလာစီမံကိန်းက အထက်မှာ ပြောခဲ့သလိုပဲ မြေပြင်မြေသားတစ် ဧကခွဲလောက်ကို အဲဒီကန်အစိတ်အပိုင်း သုံးခုပါထည့်သွင်းပြီး အ ကျယ်အ၀န်း မြေ ရှစ်ဧကလို့ ပြ ထားတာဖြစ်ပါတယ်။ ဒီစီမံကိန်း ကို အကောင်အထည်ဖော်ပြီဆို တာနဲ့ ရေစုကန် သုံးခုစလုံးကို မြေဖို့ပစ်မယ်ဆိုတဲ့ သဘောပါပဲ။ ဒေါ်မိုးမိုးစုကြည်ရဲ့ ကန့်ကွက် ချက်နဲ့ ဆက်စပ်ပြီး ရန်ကုန်တိုင်း ဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ် စန္ဒာမင်းက ‘‘အစိုးရက တင်ပြလာတဲ့ ဒီစီမံကိန်းကို လွှတ်တော်မှာ ကန့်ကွက်ထားပါလျက်နဲ့ ဆက် လုပ်မယ်ဆိုရင်တော့ လွှတ်တော် အမတ်တွေက လက်မှတ်ရေးထိုး ကန့်ကွက်သွားမယ်’’လို့ ထုတ် ဖော်ပြောကြားခဲ့ပါတယ်။ အရင် အစိုးရလက်ထက်မှာ အဲဒီလို ရေစုကန်တွေကို မြေဖို့ပြီး အဆောက် အအုံတွေဆောက်တာကို ခွင့်ပြုခဲ့ လို့ မိုးရာသီရောက်ရင် ရေကြီး ရေလျှံမှုတွေဖြစ်နေတယ်။ ပြီးခဲ့ တဲ့ နှစ်လ၊ သုံးလလောက်တုန်းက ကမ္ဘာ့ဘဏ်ချေးငွေ ၁၂၄ သန်း၊ ထောက်ပံ့ငွေ တစ်သန်းထဲက အချို့ကို သုံးစွဲပြီး မြို့နယ်တွေထဲ မှာ ရှိတဲ့ ရေစုကန်၊ရေစစ်ကန်တွေ ကို ပြန်လည်ဖော်ထုတ်မယ်လို့ မြို့တော်ဝန်က လွှတ်တော်မှာ ပြောခဲ့တဲ့ကြားက ခုလိုရေစုကန် တွေကို ဖို့ပစ်ပြီး အဆင့်မြင့်အိမ် ရာစီမံကိန်းလုပ်မယ်ဆိုတာ အ တော်ကို ဆိုးတာပဲလို့လည်း သူမ က ထုတ်ဖော်ပြောကြားခဲ့သေး တယ်။

အထက်မှာတင်ပြခဲ့သလိုပါ ပဲ၊ ယခင်က စာရေးသူနေခဲ့ဖူးတဲ့ (ယခုလည်း ဆွေမျိုးတွေ နေထိုင် နေကြတဲ့) မြောက်ဥက္ကလာ (ည) ရပ်ကွက်ဟာ အဲဒီလိုရေစုကန် တွေကို အိမ်တွေ၊ အဆောက်အ အုံတွေဆောက်ပစ်လိုက်တဲ့အ တွက် ရေစုကန်တွေ ကွယ်ပျောက်သွားအပြီးမှာတော့ မိုးတွင်း ရောက်မှာ၊ မိုးကြီးမှာကို တွေးတွေးပြီး ကြောက်နေရတဲ့အခြေအနေ ကို ရောက်သွားခဲ့ပါတယ်။ အခု အခါမှာ အဲဒီဘုမ္မာလမ်း တစ် လျှောက်ကို သွားကြည့်မယ်ဆိုရင် လမ်းမကြီးဟာ လမ်းမကြီးတစ်ခု နဲ့ မတူတော့တာကို တွေ့ရပါလိမ့် မယ်။ လမ်းအောက်က ဖြတ်သွား တဲ့ ရေမြောင်းတွေ ရေဆင်းအား ကောင်းစေဖို့အတွက် ရေမြောင်း တွေရဲ့အပေါ်မှာ လမ်းကိုမြှင့်ပြီး ကွန်ကရစ်ခုံးကြီးတွေ လုပ်ထား ရတာကြောင့် လမ်းဟာ လမ်းနဲ့ မတူ ပြေပြေပြစ်ပြစ်၊ ဖြူးဖြူး ဖြောင့်ဖြောင့် မရှိတော့ဘဲ ECG ရိုက်ထားတဲ့ စာရွက်ကို ထောင် ထားသလိုဖြစ်နေပါပြီ။

အခုလည်း ဒီမရမ်းကုန်းဗီလာ စီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း ဆိုတာကြီးကတော့ ‘စောစောစီးစီး သိလိုက်ရတာ ကံ ကောင်းလို့’ပဲ ဆိုရပါတော့မယ်။ တကယ်ပဲ ဒီရေကန်ကြီးတွေ မြေ မျိုခံရတော့မယ့်ဘေးကို အချိန်မီ လေး သိခွင့်ရလိုက်တာပါ။ ‘အဲဒီ့ ရေကန်ကြီးတွေကို မြေဖို့ပစ်ဖို့ ရည်ရွယ်ချက် YCDC က လုပ်ခဲ့တာ ကိုး။ ရေစီးချောင်းရိုးတွေထဲကို အမှိုက်တွေပစ်ချ၊ အပင်တွေထူ ထပ်စွာပေါက်အောင်လုပ်ထား ပြီး ရေမစီးနိုင်အောင်နဲ့ ရိုးချောင်း တွေ တဖြည်းဖြည်းကောသွား အောင် လုပ်ထားတယ်။ ရေကန်သုံးကန်မှာ တစ်ကန်ကိုတော့ ဒိုက်တွေထူထပ်စွာ ပေါက်အောင် လုပ်ထားတယ်။ ဒုတိယရေကန် ကိုတော့ YCDC မိလ္လာကားက မစင်တွေစုပ်လာပြီး ကန်ထဲအမြဲလာသွန်တယ်။ တတိယရေကန်ကြီးကိုတော့ ရပ်ကွက်လူထုက ၀ိုင်းဝန်းထိန်းသိမ်း ကန်ဆယ်ပြီးကြာတွေ စိုက်ထားတာတွေ့ရတယ်။   ဒီကန်ကြီးတွေကို မြေဖို့ပစ်ပြီး ပြည်သူလူထုနေရေး အဆင့် မြှင့်တင်ပေးမည်ဆိုကာ ပြည်သူ့ အရောင်းအိမ်ရာစီမံကိန်းတွေ လုပ်မယ်ဆိုပြီး ကိုယ်ကျိုးရှာသူ တွေလက်ထဲထည့်ပစ်ဖို့ ရည်ရွယ် ချက်ကိုတော့ ဘဏ္ဍာရေး၊စီမံကိန်းနှင့် စီးပွားရေးကော်မတီအနေဖြင့် လုံးဝသဘောမတူပါကြောင်း’လို့ ဒေါ်စန္ဒာမင်းရဲ့ ဖေ့စ်ဘွတ်ခ်အ ကောင့်မှာ ရေးတင်ထားတာကို တွေ့မြင်ရပါတယ်။ ဒီယုန်မြင်လို့ ဒီချုံထွင်တာမှ မဟုတ်ဘဲ ဒီယုန် ၀င်အောင်လို့ ဒီချုံကို တမင်စိုက် ထားတာပါလားလို့ တွေးမိပြီး ကြက်သီးတွေ တဖြန်းဖြန်းထမိရ ပါတယ်။

မြို့ပြဆိုတာ အိမ်ရာတွေ၊ အဆောက်အအုံတွေချည်း ဆောက်ပစ်လို့ မရပါဘူး။ ကား ရပ်နားကွင်းတွေ၊ အများပြည်သူ စိတ်အပန်းဖြေအနားယူနိုင်မယ့် ပန်းဥယျာဉ်နဲ့ ရပ်ကွက်ပန်းခြံ တွေ၊ အားကစားကွင်းတွေ၊ မီး သတ်ကန်တွေ၊ ရေစု၊ ရေထိန်းကန် တွေအတွက်လည်း နေရာတွေ ပေးရပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့ အဲဒီလောက်ကိုတော့ နားလည်ကြစေချင်ပါတယ်။ ကားရပ်စရာနေရာတောင်မချန်၊ ကားပါ ကင်အတွက် ထည့်မစဉ်းစားဘဲ အထပ်မြင့်တိုက်တွေ ဆောက်ခဲ့ ကြလို့ အခု ရန်ကုန်မြို့ကြီး ဘယ် အခြေအနေရောက်နေသလဲဆို တာ စဉ်းစားကြည့်ကြစေချင်ပါ တယ်။ ကလေးကစားကွင်းမချန် အပိုင်သိမ်းပြီး အဆောက်အအုံ တွေဆောက်ပစ်ကြလို့ ‘မြန်မာ့ အားကစားကမ္ဘာကို လွှမ်းရမည်’ အစား ‘မြန်မာ့အားကစားကမ္ဘာ ကို လွမ်းရပြီ’ဆိုတာကိုလည်း သတိချပ်ကြစေချင်ပါတယ်။

မြို့ပြကို စီမံခန့်ခွဲနေရတဲ့ အစိုးရပိုင်းက လူကြီးမင်းများအ နေနဲ့ ရပ်ကွက်ထဲက ရေစုကန်တွေကို မြေဖို့ပစ်ပြီး အိမ်ရာတွေ ဆောက်ပစ်မယ်ဆိုရင် ဘယ်လို ကောင်းကျိုးဖြစ်နိုင်တယ်ဆိုတာ ချည်းမတွေးဘဲ အများပြည်သူအ တွက် ဘယ်လိုဆိုးကျိုးတွေဖြစ် လာနိုင်တယ်ဆိုတာလောက်ကို ဖြင့် ထည့်တွေးကြသင့်ပါတယ်။ အကျိုးစီးပွားဆိုရာမှာ အစိုးရတစ်ရပ်အနေနဲ့ အများပြည်သူတို့ရဲ့ အကျိုးကို ထည့်မတွက်ဘဲ လုပ် ငန်းရှင်တို့အတွက် စီးပွားရေးကို ချည်းပဲ တွက်နေရင်တော့ သိပ် တော့မဟုတ်လှတော့ပါဘူး။ ဒါ ဟာ ဦးနှောက်ကို ပိုးဝင်တဲ့ လက္ခ ဏာ ပါပဲ။

အခု ရန်ကုန်တိုင်းဒေသကြီး အစိုးရက တင်ပြလာတဲ့ မရမ်း ကုန်းဗီလာစီးပွားရေးနဲ့ ဘက်စုံစီမံကိန်းဆိုတာဟာ ဆောက်လုပ် မယ့် ကုမ္ပဏီနဲ့ စီးပွားရေးလုပ် ငန်းကြီးတွေအတွက်တော့ အ ကျိုးရှိမှာ အမှန်ပါပဲ။ ဒါပေမဲ့ ရပ် ကွက်ရေစုကန်တွေကို မြေဖို့ပစ် လိုက်လို့ ဒီရေစုကန်တွေပျောက် သွားတာနဲ့ အနီးမှာကပ်လျက်ရှိ နေတဲ့ မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်နေပြည်သူလူထုဟာ ရေကြီး၊ ရေလျှံမှု ဘေးဒုက္ခနဲ့ လှလှ ကြီးတွေ့ရ၊ ကြုံရ၊ ခံစားရတော့မှာ ဖြစ်ပါတယ်။ အပေါ်ဘက် အမြင့် ပိုင်းကျတဲ့ ရန်ကုန်ပြည်လမ်းပိုင်း ဘက်က စီးကျလာမယ့် မိုးရေတွေဟာ ရပ်ကွက်ထဲကို အဆီးအတားမရှိ၊ အသိုအသိမ်းမရှိ ဒလဟော စီးဆင်းလာတော့မှာပါ။ တစ်ဦး တစ်ယောက်၊ တစ်စုတစ်ဖွဲ့ရဲ့ အကျိုးစီးပွားအတွက် အများပြည် သူက ဒုက္ခခံစားရမယ်ဆိုတာက တော့ အတော်ကြီးကို စိတ်ပျက် ဖွယ်ဖြစ်ပါလိမ့်မယ်။ ဆောင်ရွက် ဖို့ ကြိုးပမ်းကြမယ့် လူပုဂ္ဂိုလ်များ နဲ့ အဖွဲ့အစည်းများအပေါ်လည်း အများသူငါတို့ အတော်ငြိုငြင် စရာ၊ အမျက်ဒေါသသင့်စရာဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ဒီမရမ်းကုန်းဗီ လာစီမံကိန်းကိုတင်လာတဲ့ ပုဂ္ဂိုလ်အပေါင်းတို့ကို လေးလေးစားစား မေတ္တာရပ်ခံပါရစေ။ ရပ်ကွက်နေ ပြည်သူတွေ မိုးအခါ ရေကြီးရေ လျှံဖြစ်ပြီး အိမ်တွေ ရေမနစ်ရစေ ရေး၊ ၀သန်ခါရေဖွေးဖွေးမှာ ကတ္တရာလမ်းမပေါ် လှေမလှော် ရစေရေးအတွက် ရေစုကန်များ ကို ချမ်းသာပေးကြပါလို့ဗျာ။     ။   

(ဆောင်းပါးရှင် ထင်လင်းဦးသည်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာနှင့် နိုင်ငံရေး ဝေဖန်သုံးသပ်ချက်များ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်းပါးများ၊ စာတမ်းများ၊ ၀တ္တုများရေးသားနေသူဖြစ်သည်။)

Top News