မူဆယ်သို့ ပို့မည့် မြွေအကောင်ရေ ၇၀၀ ကျော်ကို ရေပူဂိတ်အနီးတွင် ဖမ်းမိ

ဖမ်းဆီးရမိသော မြွေများကို တာဝန်ရှိသူများက ဒေသခံအချို့နှင့်အတူ စစ်ဆေးနေစဉ် (ဓာတ်ပုံ −လားရှိုးသစ်တောဦးစီးဌာန)

မူဆယ်မြို့သို့ ပို့ဆောင် မည့် လင်းမြွေနှင့် မြွေပွေး ကောင်ရေ ၇၀၀ ကျော်သယ်ဆောင်လာသည့် ယာဉ်တစ်စီးကို ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအနီးတွင် ဖမ်းဆီးမိကြောင်း လားရှိုးသစ်တောဦးစီးဌာန  တောအုပ်ကြီးဦးစိုးတင့်က ပြောသည်။

မေလ ၁၇ ရက်က ရှမ်းပြည် နယ်မြောက်ပိုင်း သိန္နီမြို့နယ် မန္တ လေး-မူဆယ်ကားလမ်း ရေပူအ မြဲတမ်းစစ်ဆေးရေးစခန်းအနီး တွင် မူဆယ်သို့သွားရောက်မည့် ယာဉ်တစ်စီးကို စစ်ဆေးရှာဖွေ ရာမှ တရားမ၀င်သယ်ဆောင်လာသည့် မြွေများပါရှိသည့် ခြင်း ၄၀ နှင့် အ၀တ်အိတ် သုံးလုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

မြွေများသယ်ဆောင်လာ သည့် ယာဉ်မောင်းကို တောရိုင်း တိရစ္ဆာန်၊ သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေ များ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၅(က)ဖြင့် အရေးယူမည်ဖြစ်ပြီး ရေပူစစ်ဆေးရေးဂိတ် တာဝန်ရှိ သူများနှင့် သစ်တောဦးစီးဌာန တာဝန်ရှိသူများ ပူးပေါင်းစစ်ဆေး ရာမှ ဖမ်းဆီးရမိကြောင်း ဦးစိုး တင့်ကဆိုသည်။

‘‘ဖမ်းမိပြီး နောက်တစ်ရက် မှာ မန္တလေးရတနာပုံ တိရစ္ဆာန် ဥယျာဉ်က မြွေအမျိုးအစားခွဲခြား ကျွမ်းကျင်သူတွေနဲ့ အမျိုးအစား ခွဲခြားခဲ့တယ်’’ဟု ဦးစိုးတင့်က ပြောသည်။

သိမ်းဆည်းရမိသည့် မြွေများသည် မြွေပွေးအရှင် ၂၉၆ ကောင်၊ အသေ ၂၃ ကောင်၊ လင်းမြွေအ ရှင် ၂၁၆ ကောင်၊ အသေ ၁၆၉ ကောင်ဖြစ်ကြောင်း သစ်တောဦး စီးဌာနစာရင်းများတွင် ဖော်ပြ ထားသည်။

တရားမ၀င် သယ်ဆောင် လာသော မြွေများကို ကျောက် ဆည်မြို့အနီးရှိ သရက်ခြံတစ်ခုမှ သယ်ဆောင်လာပြီး မူဆယ်မြို့ ဆယ်လန့်ကျေးရွာသို့  ပို့ဆောင် မည်ဖြစ်ကြောင်း ယာဉ်မောင်းက ထွက်ဆိုထားသည်။

သိမ်းဆည်းရမိသည့် မြွေ များအနက် မြွေပွေးအရှင်များကို ရန်ကုန်မြို့ BPI ဌာနသို့ လွှဲပြောင်းပေးခြင်း၊ လင်းမြွေအရှင်များကို လားရှိုးမြို့နယ် ဟူးမွန်ကြိုးပြင်ကာ ကွယ်တောအတွင်း ဘေးမဲ့လွှတ် ပြီး မြွေအသေများကို ရေပူအမြဲ တမ်း  စစ်ဆေးရေးစခန်းအနီးတွင် မြေမြှုပ်ခဲ့ကြောင်း ဦးစိုးတင့်က ဆိုသည်။ 

Top News