သူဌေးဝါဒကို သံပြိုင်ဆိုကြ

ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံတွေ (LDC) ထဲက လွတ်မြောက်ဖို့ သတ်မှတ်စံနှုန်းတွေနဲ့ မြန်မာနိုင်ငံ ပြည့်မီလာပြီဖြစ်ကြောင်း ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီ (UNECOSOC) က ဧပြီလထဲမှာ သတင်းထုတ်ပြန်ပါတယ်။ ဒီထုတ်ပြန်ချက်ကို ကိုးကားပြီး ပုဂ္ဂလိကသတင်းစာ တချို့က သတင်းရေးသားကြတယ်။ ၁၉၈၇ ခုနှစ်ကစပြီး ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး နိုင်ငံတွေထဲ မြန်မာနိုင်ငံ ရောက်ရှိခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ် LDC ထဲက ရုန်းထွက်နိုင်တော့မယ်ဆိုတဲ့ သတင်းက မြန်မာနိုင်ငံအ တွက် မင်္ဂလာရှိတဲ့ သတင်းဖြစ်ပါ တယ်။

အစစအရာရာ ချွတ်ခြုံကျ နေတဲ့ နိုင်ငံမှာ နေရတဲ့ ပြည်သူတွေအဖို့ ဒီသတင်းက ဂုဏ်ယူစရာ ကောင်းတယ်။ တိုင်းပြည်ဆင်းရဲ တွင်းနက်ခဲ့ရတဲ့ အကြောင်းပေါင်း များစွာရှိပါလိမ့်မယ်။ ပညာရှင် တွေရဲ့ အလိုအရ သယံဇာတပေါ ကြွယ်ဝခြင်း၊ လွဲမှားတဲ့ စီမံခန့်ခွဲမှု တွေရှိခြင်း၊ ပြည်တွင်းစစ်ရှည် ကြာခြင်းစတဲ့ အချက်တွေနဲ့ ကိုက်ညီရင် နိုင်ငံဆင်းရဲပါသတဲ့။ ကံ အားလျော်စွာပဲ မြန်မာနိုင်ငံက အဲဒီအချက် သုံးချက်စလုံးနဲ့ ကိုက် ညီတယ်။

ဆင်းရဲခြင်းက ရုန်းထွက်နိုင် ဖို့ လူတစ်ဦးချင်းဝင်ငွေမြင့်မားရ ပါမယ်။ လက်ရှိမှာ မြန်မာနိုင်ငံက လူတစ်ယောက်ရဲ့ တစ်နေ့စာ အနိမ့်ဆုံးလုပ်အားခက ကျပ် ၄,၈၀၀ ဖြစ်ပါတယ်။ အခုလို လုပ် အားခနှုန်းထား တိုးမြှင့်သတ်မှတ် လိုက်တာ ရက်ပိုင်းသာရှိပါသေး တယ်။ အစိုးရအနေနဲ့ အလုပ်အ ကိုင်အသစ်တွေ ဖန်တီးပေးဖို့လို သလို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ကြီးတွေကိုလည်း ကော်ပိုရေးရှင်း ကြီးတွေအဖြစ် ပြောင်းလဲပေးရပါ မယ်။ စီးပွားရေးလုပ်ငန်းတွေလုပ် သာကိုင်သာရှိအောင် ဗဟိုချုပ် ကိုင်မှုတွေ အတတ်နိုင်ဆုံးဖြေ လျှော့ပေးဖို့လည်း လိုအပ်ပါတယ်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေများပြားလာစေဖို့ ပြည်ပလုပ်ငန်းရှင်တွေကို မက်လုံးပေးရပါလိမ့်မယ်။

ဆင်းရဲတာက ရှက်စရာမ ဟုတ်ပေမယ့် ဆင်းရဲတာက မ ကောင်းပါဘူး။ မျက်နှာငယ်စရာ ကောင်းတယ်။ ဆင်းရဲတော့ အ ဆင့်မြင့်နည်းပညာသင်ယူနိုင်ဖို့ အခွင့်အလမ်းနည်းပါး၊ ပညာသင် ကြားခွင့်နည်းတဲ့အခါ ၀င်ငွေ ကောင်းတဲ့ အလုပ်အကိုင်တွေ မရ၊ အလုပ်အကိုင်မရတော့ ဆင်းရဲတွင်းက ရုန်းမထွက်နိုင်ဘဲ အဆိုး ကျော့သံသရာထဲမှာ ၀ဲလည်နေတော့တယ်။ အလုပ်အကိုင် အခွင့်အလမ်းနည်းခြင်းက လူတွေကို ထွေပြားစေတယ်။ အထူးသ  ဖြင့် ငယ်ရွယ်သူတွေကို အလုပ် အကိုင်ဖန်တီးမပေးနိုင်တဲ့အခါ အရက်နဲ့ မူးယစ်ဆေးနွံထဲ ဆွဲနှစ် လိုက်သလို ဖြစ်သွားစေတယ်။

ခရိုင်မြို့ကြီးတစ်မြို့ရဲ့ ဆေး ရုံက ခုတင် ၂၀၀ ဆံ့ ဆေးရုံဖြစ်ပြီးအဲဒီခရိုင်မှာ တရားဝင်ဖွင့်လှစ် ရောင်းချတဲ့ အရက်ဆိုင်က ၂၀၀ ကျော်ပါသတဲ့။ အရက်၊ ဘီယာရောင်းတဲ့ စတိုးဆိုင်နဲ့ ကုန်စုံဆိုင် တွေက အဲဒီစာရင်းမှာ မပါဝင်ဘူး။ အအေးဆိုင်အမည်ခံ အရက်ပုန်း ဆိုင်တွေလည်း မပါဝင်ဘူး။ အ ရက်ဆိုင်တစ်ဆိုင်က အရက် သမားတစ်ယောက်ပဲ အရက် ကြောင့် ဆေးရုံတက်ရောက်ကုသ စေဦး။ ဆေးရုံကြီးမှာ ခုတင်မ လောက်ဘူးလို့ မိတ်ဆွေတစ် ယောက်က တွက်ချက်ပြဖူးတယ်။ သူတွက်ပြတာမလွန်ဘူး။ မနက် ရောင်နီမလာခင် ၅ နာရီလောက်ကတည်းက အရက်သောက်သုံး သူတွေ ဆင်ခြေဖုံးက အရက်ဆိုင်တွေရှေ့မှာ တန်းစီနေပြီ။ အရက် နဲ့ မူးယစ်ဆေးဝါးသုံးစွဲခြင်းက ကာယကံရှင်ရဲ့ ကျန်းမာရေးကိုသာမ က သူနဲ့ပတ်သက်ဆက်နွှယ်နေတဲ့ မိသားစုကိုပါ လူမှုပြဿနာတွေ ဖြစ်စေပါတယ်။ နိုင်ငံအတွက် လည်း ကျန်းမာရေးစရိတ်တွေ ကုန်ကျစေတယ်။ အရက်၊ ဘီယာ ဆိုင်တွေ ဖွင့်လှစ်ရောင်းချခွင့်ပြု တာတွေ (အခွန်ငွေတွေရတယ်ဆို သည့်တိုင်) ပြန်လည်ဆန်းစစ်ရ မယ့် အချိန်လည်း ဖြစ်ပါတယ်။ တိုင်းပြည်တည်ဆောက်နေရချိန် မှာ အရက်၊ ဘီယာသောက်သုံးသူ တွေရဲ့ ကျန်းမာရေးပြဿနာတွေ ကို ကျန်းမာရေးဘတ်ဂျက်ထဲက ခွဲဝေသုံးစွဲနေရရင် မလွယ်ဘူး။

ကျွန်တော်ကတော့ ကိုယ့် နိုင်ငံကို ကမ္ဘာ့အလယ်မှာ ထည် ထည်ဝါ၀ါဂုဏ်သိက္ခာရှိရှိ ရပ် တည်စေချင်တယ်။ မျက်နှာညှိုး နွမ်းပြီး လူတကာက သနားကြည့် နဲ့ကြည့်နေတဲ့ ဒဏ်မခံနိုင်ဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ တန်ခိုးကြီးဘုရား စေတီတွေရဲ့ ဘဏ်အပ်ငွေအတိုး နှုန်းက တစ်နှစ်ကျပ်သိန်း ထောင် ချီရနေတယ်။ အလှူအတန်းရက် ရောတဲ့ နိုင်ငံမှာနေရတဲ့ နိုင်ငံသား တစ်ယောက်အနေနဲ့ ဆင်းရဲတွင်း မှာ ဆယ်စုနှစ် သုံးခုလောက်ကြာ တဲ့အထိ ကျောက်ချထိုင်နေခဲ့တဲ့ နိုင်ငံအကြောင်းတွေးမိတိုင်း ရင် နာရတယ်။ လွတ်လပ်ရေးရပြီး ကတည်းက နိုင်ငံတည်ဆောက် ရေး စွမ်းစွမ်းတမံလုပ်ကြရမှာ ရန် ဖြစ်နေတာနဲ့ပဲ အဖိုးတန်အချိန် တွေ ကုန်ဆုံးခဲ့ရတယ်။ ကိုယ့် နောက်မှ လွတ်လပ်ရေးရတဲ့ နိုင်ငံ တွေက ကိုယ့်ရှေ့ရောက်ကုန် ပြီ။ ကျွန်တော်တို့က ရန်ဖြစ်လို့ ကောင်းတုန်း။ နိုင်ငံတည်ဆောက် ကြရမယ့်အစား အာဏာတည် ဆောက်ခဲ့တာကြောင့် တိုင်းပြည် လည်း သူတကာထက် နောက်ကျ ခဲ့ရတယ်။

အခုအချိန်မှာ မြန်မာနိုင်ငံက အစစအရာရာ ပြန်လည်တည် ဆောက်နေရတဲ့ ကာလဖြစ်ပါ တယ်။ အရေးတကြီးဖြေရှင်းရ မယ့် ပြဿနာကြီးငယ်တွေလည်း ရှိနေဆဲ ဖြစ်တယ်။ နိုင်ငံဆင်းရဲ တွင်းက ရုန်းထွက်ပြီး ဂုဏ်သိက္ခာ ရှိရှိ ရပ်တည်နိုင်ဖို့ ၀ိုင်းဝန်းလုပ် ဆောင်ကြရပါမယ်။ လက်ညှိုးထိုး အပြစ်ဖို့နေရုံနဲ့ တိုင်းပြည်က ရှေ့ ရောက်လာမှာ မဟုတ်ဘူး။ သူများခြေတစ်လှမ်းလှမ်းရင် လေးငါး ဆယ်လှမ်းလှမ်းရမယ်လို့ ဗိုလ်ချုပ် အောင်ဆန်းပြောခဲ့တယ်။ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၇၀ ကျော်က ပြောခဲ့တာဖြစ်ပေမယ့် ဒီနေ့အထိ ကိုး ကားနေရဆဲ မိန့်ခွန်းကောင်းတစ် ခု ဖြစ်တယ်။

နှစ်ပေါင်း ၅၀ အတွင်း အရပ် သားအစိုးရအဖြစ် ဖွဲ့နိုင်ချိန်မှာ တိုင်းပြည်အတွက် အားသွန်ခွန် စိုက်လုပ်ကြစေလိုပါတယ်။ ရှေ့ က အမှားတွေကို သင်ခန်းစာယူ ပြီး သမိုင်းကောင်းရေးထိုးကြစေ ချင်တယ်။ နန်းတော်ရှေ့ ဆရာ တင်က ‘သူဌေးဝါဒ’ဆိုတဲ့ သီချင်းတစ်ပုဒ် သီကုံးရေးဖွဲ့ခဲ့ဖူးတယ်။

ပိုက်ဆံရှားတာ×××နားမ လည်×××ပိုက်ဆံပေါတာ××× ပြောတတ်တယ်×××ဇမ္ဗူဒီပ နိမိတ္တတဲ့×××ကျန်းမာရေးနဲ့×× သူဌေးဝါဒကိုမပယ်×××ရတနာ ခုနစ်ပါးရယ်နဲ့×××မော်တော် ကားလည်းစီးမယ်×××ဆင်းရဲ တာ နားမလည်×××မင်းပွဲမှာ သွားမယ်ကွယ်×××အပေါင်းသ ဟာများရယ်နဲ့×××ကောင်းတာ ကိုမှ×××စားမယ်×××နန်းတော် ရှေ့ကိုမေးလာကြရင်××သူဌေးဝါဒကို×××ကျွန်တော်ပြောပြ လိုက်ပါ့မယ်။

(စိန်လိုချင်ရင်×××စိန်ဖြစ် ရမယ်။ ×××အိမ်လိုချင်ရင်××× အိမ်ဖြစ်ရမယ်။ ×××လူစိတ် ဓာတ်ဟာ×××လောကအမြတ် ဆုံးကွယ်။ ×××တကယ်ချစ်တဲ့ ရည်းစား×××စွဲလမ်းတော့××× မကြာဧကန်×××ရတတ်တယ် ×××ဤပမာလို မှတ်ကြကွယ် ×××မောင်လိုချင်တာ×××ရစေ့ မယ်×××ခင်လိုချင်တာ××× ပို့ လိုက်မယ်×××နန်းတော်ရှေ့ကို ×××မေးလာကြရင်×××သူဌေး ၀ါဒကို×××ကျွန်တော်ပြောပြ လိုက်ပါ့မယ်...)

(ဆောင်းပါးရှင် သန်းနိုင်ဦးသည် လူမှုရေး၊ စီးပွားရေးနှင့် မျက် မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်)

Top News