ဘာစီလိုနာကို ထာဝရလွမ်းဆွတ်နေမည်ဟု အင်နီယေစတာ ပြောကြား

အင်နီယေစတာ၏ နောက်ဆုံးနှုတ်ဆက်ပွဲစဉ်တွင် ဘာစီလိုနာက ကော်တင်ဟို၏ တစ်လုံးတည်းသော ဂိုးဖြင့် ရီးရဲလ်ဆိုစီဒက်ကို အနိုင်ရခဲ့သည်။

ကွင်းလယ်လူ အင်နီယေစတာ (၃၄) နှစ်သည် ဘာစီလိုနာအသင်းတွင် ကစားသမားဘဝ (၁၆) နှစ်အတွင်း အဓိကဆုဖလား၂၂ ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ယခုနှစ်ဘောလုံးရာသီကုန်တွင် ဘာစီလိုနာမှထွက်ခွာမည် ဖြစ်သည်။

ယင်းပွဲစဉ်၌ အင်နီယေစတာသည် အသင်းခေါင်းဆောင် အဖြစ် ပွဲထွက်ကစားခဲ့ပြီး ၈၂ မိနစ်တွင် လူစားလဲချိန်၌ မျက် ရည်များသွင်သွင်စီးကျခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် နူးကမ့်ကွင်းကို မီးအမှောင်ချခဲ့ပြီး ပရိသတ်များက ဖုန်းမီးများ ဖွင့်ခဲ့သည်။ ထို့နောက် အင်နီယေစတာ၏ အမည်ကို မီးအလင်းရောင်ဖြင့် ပုံဖော်ခဲ့ပြီး ဘာစီလိုနာ ကစားသမားများက အင်နီယေစတာအင်္ကျီများ ဝတ် ဆင်ကာ ၎င်း၏နံဘေးမှ စီတန်း မတ်တတ်ရပ်၍ လက်ခုပ်တီး ဂုဏ်ပြုခဲ့သည်။ ယင်းနောက် အင် နီယစတာက လာလီဂါဖလားနှင့် ကိုပါဒယ်ရေးဖလားကိုင်မြှောက် ကာ အောင်ပွဲခံခဲ့သည်။

‘‘ခက်ခဲတဲ့ နေ့တစ်နေ့ပါ။ ဒါပေမဲ့ ဒီနေရာမှာ ဂုဏ်ယူစရာ ကောင်းတဲ့ ၂၂ နှစ်တာကာလ ကို ဖြတ်သန်းခဲ့ပါတယ်။ ဒီဘာစီ လိုနာ အမှတ်တံဆိပ်ကို ကိုယ်စား ပြုခွင့်ရတာ ဂုဏ်ယူစရာကောင်း ပြီး ကျေနပ်ပျော်ရွှင်ဖို့ကောင်းပါ တယ်။ ဒီအမှတ်တံဆိပ်က ကျွန် တော့်အတွက် ကမ္ဘာပေါ်မှာ အ ကောင်းဆုံးပါ။ အသင်းဖော်အား လုံးနဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ အားလုံးကို ကျွန်တော်တအားလွမ်းနေမှာပါ။ ဒီနေရာကို ကလေးဘဝအဖြစ်နဲ့ ရောက်ကတည်းက ကျွန်တော့်အ တွက် လုပ်ပေးခဲ့တဲ့ အရာရာတိုင်း နဲ့ ချစ်ခြင်းတွေအတွက် ပရိသတ် တွေကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ အားလုံးကို ကျွန်တော့် နှလုံးသားထဲမှာ ထာဝရသိမ်း ဆည်းသွားပါ့မယ်’’ ဟု အင်နီယေ စတာာက ပြောကြားသည်။

ထိုအတောအတွင်း ဘာစီ လိုနာတိုက်စစ်မှူး မက်ဆီသည် ဥရောပရွှေဖိနပ်ဆုကို ငါးကြိမ် မြောက်စံချိန်တင်ရရှိပြီး အဓိက ပြိုင်ဘက်စီရော်နယ်ဒိုထက် တစ် ကြိမ်အသာရခဲ့သည်။

ဥရောပ ရွှေဖိနပ်ဆုကို ၂၀၀၉-၁၀၊ ၂၀၁၀-၁၁၊ ၂၀၁၂-၁၃ နှင့် ၂၀၁၆-၁၇ က ရရှိခဲ့သူ မက်ဆီသည် သွင်းဂိုး ၃၄ ဂိုးဖြင့် လီဗာပူးမှ ဆာလက်ထက် နှစ်ဂိုးအသာရပြီး ယင်းဖိနပ်ကို ငါးကြိမ်ဆွတ်ခူးသော ပထမဆုံးကစား သမားဖြစ်လာသည်။

မက်ဆီသည် စပိန်လာလီဂါ ဂိုးသွင်းဘုရင်ဆု (ပီချီချီ)ကိုလည်း ငါးကြိမ်မြောက်ရရှိသဖြင့် ဘီလ်ဘာအို တိုက်စစ်မှူးဟောင်း တယ်လ်မိုဇာရာ၏ စံချိန်ကိုလိုက် မီရန်တစ်ကြိမ်သာ လိုအပ်တော့ သည်။ထို့အပြင် မက်ဆီသည် ဧပြီ အတွက် စပိန်လာလီဂါအကောင်း ဆုံး ဘောလုံးသမားဆုကိုလည်း ရရှိခဲ့သည်။

—Ref:BBC/Marca

Top News